Showing posts with label ရေနံ. Show all posts
Showing posts with label ရေနံ. Show all posts

Saturday, October 8, 2016

လုပ်ငန်း လိုအပ်ချက်ကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံရေးဦးစီးဌာန ပြန်လည်ဖွဲ့စည်း


 လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာနအောက်တွင် ဝန်ထမ်း အင်အား ၁၈၀ ပါဝင်သော ရေနံ နှင့် သဘာဝဓာတ်ငွေ့စီမံရေးဦးစီး ဌာနကိုဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဌာနသည် လွန်ခဲ့ သည့် ၂ နှစ်ခန့်က ဖျက်သိမ်းခံရ သော ဌာနတစ်ခုဖြစ်ပြီး အစိုးရ သစ်တက်လာပြီးနောက် လုပ်ငန်း လိုအပ်ချက်ကြောင့် စက်တင်ဘာ ၌ ပြန်လည်ဖွဲ့စည်းခြင်းဖြစ်သည်။

‘‘အဲဒီဌာနက နဂိုကတည်းကရှိတာ ဆယ်စုနှစ် နှစ်ခု၊ သုံးခု တောင်ကျော်ပြီ။ အမြဲတမ်းအ တွင်းဝန်ရုံးတွေပေါ်လာတဲ့နောက် မှာ ဖျက်သိမ်းလိုက်တာပါ။ အခု တော့ လုပ်ငန်းလိုအပ်ချက်ကြောင့် ပြန်ဖွဲ့လိုက်တယ်’’ဟု ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်အောင်က ပြောသည်။

အဆိုပါဌာနသည် ဝန်ကြီး ဌာနအောက်ရှိ ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းများကို ကြီး ကြပ်စစ်ဆေးကာ မူလတာဝန် ပြန်လည် ဆောင်ရွက်ရမည် ဖြစ် သည်။

ကိုလိုနီခေတ်အတွင်းနှင့် လွတ်လပ်ရေးရပြီးကာလ ၁၉၆၂ ဒီဇင်ဘာ ၃၁ ရက်အထိ မြန်မာ နိုင်ငံအတွင်း ရေနံထုတ်လုပ်ခြင်း၊ ချက်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ် ငန်းများကို ဘီအိုစီကုမ္ပဏီက လုပ်ကိုင်ခဲ့သည်။ ၁၉၆၃ တွင် မြန်မာ အစိုးရက ပြည်သူ့ရေနံလုပ်ငန်း အမည်ဖြင့် သတ္တုတွင်းဝန်ကြီးဌာ နကြီးကြပ်မှုအောက်၌ ဖွဲ့စည်းခဲ့ သည်။

၁၉၇၀ တွင် မြန်မာ့ရေနံ ကော်ပိုရေးရှင်းအဖြစ် အမည် ပြောင်းလဲပြီး ၁၉၇၅ ၌ မြန်မာ ရေနံကော်ပိုရေးရှင်း၊ ရေနံဓာတု ဗေဒနှင့် သဘာဝဓာတ်ငွေ့လုပ် ငန်းကော်ပိုရေးရှင်း၊ ရေနံထွက် ပစ္စည်းဖြန့်ဖြူးရောင်းချရေးကော် ပိုရေးရှင်းအဖြစ် ဖွဲ့စည်းခဲ့သည်။

၁၉၈၅ တွင် ဝန်ကြီးရုံး၊ စွမ်း အင်စီမံရေးဦးစီးဌာန၊ မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မြန်မာရေနံဓာတုဗေဒလုပ်ငန်း၊ ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း၊ မြန်မာ့လျှပ်စစ်ဓာတ် အား လုပ်ငန်းအဖြစ် ဖွဲ့စည်းခဲ့ သည်။