မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, February 23, 2016
NCA စည်းကမ်းချက်အချို့ကို RCSS နှင့် KNU ချိုးဖောက်ခဲ့ဟု ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ပြော
NCA စည်းကမ်းချက်အချို့ကို RCSS နှင့် KNU ချိုးဖောက်ခဲ့ဟု ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ပြော
Tuesday, February 23, 2016
ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)တို့ သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)နှင့် ကိုက်ညီခြင်းမရှိသည့် လုပ်ရပ်အချို့ပြုလုပ်ခဲ့ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။
ပြည်ထောင်စုအဆင့် ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)အစည်းအဝေးကို ဖေ ဖော်ဝါရီ ၂၂ရက်က ပြုလုပ်ခဲ့ သည်။ ယင်းအစည်းအဝေးတွင် JMC-Uဥက္ကဋ္ဌဒုဗိုလ်ချုပ်ကြီးရာ ပြည့်က အထက်ပါအတိုင်းပြော ကြားခဲ့ခြင်းဖြစ်သည်။
ဒုဗိုလ်ချုပ်ကြီးရာပြည့်က RCSS/SSAအဖွဲ့များသည် ပြီးခဲ့ သည့်ဇန်န၀ါရီအတွင်း နယ်မြေ ကျော်လွန်မှုများ ပြုလုပ်ခဲ့သည်ဟုတွေ့ရှိရကြောင်းဆိုသည်။ ထို့အပြင် ဖေဖော်ဝါရီ ၉ရက်ကလည်း လော့နော်ကျေးရွာအတွင်း ၀င်ရောက်ခဲ့မှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ပြောသည်။
‘‘ဒါနဲ့ပတ်သက်ပြီးတော့မှ ကျောင်းသူ၊ ကျောင်းသားတွေပါ တာရှိတယ်။ အတန်းတင်စာမေးပွဲ ဖြေဆိုခါနီးမှာ သူတို့ကို မြို့နယ် ပညာရေးမှူးကနေပြီး ဖြေရှင်း ဆောင်ရွက်ပေးခဲ့ရတာရှိတယ်။ ဒါကြောင့်မို့ ဒါတွေဟာငြိမ်းချမ်း ရေးဖြစ်စဉ်ကို အဟန့်အတားဖြစ် စေနိုင်ပါတယ်’’ဟု JMC-Uဥက္ကဋ္ဌ ကဆက်လက်ပြောကြားသည်။
KNUသည်တပ်မဟာ (၂)၊ တပ်မဟာ (၃)နှင့် တပ်မဟာ (၅)နယ်မြေများတွင် ရွာသူရွာသား များအား ဖမ်းဆီးခေါ်ဆောင်ခြင်းများကို ဇန်န၀ါရီအတွင်းက ပြုလုပ်ခဲ့ကြောင်း ၎င်းကဆိုသည်။
‘‘ဒါလည်း ဒီမှာနှစ်ဖက်ညှိ နှိုင်း အဖြေရှာပြီးတော့မှ ဒီလိုတွေ၊ ဒါမျိုးကိစ္စတွေနောင်မဖြစ်အောင်ဘယ်လိုပုံစံနဲ့ ဖြေရှင်းဆောင်ရွက်သွားမလဲ။ ဒါလေးတွေကို အဖြေရှာဆောင်ရွက်သွားဖို့ဖြစ်ပါတယ်’’ဟု ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။
JMC-Uဒုဥက္ကဋ္ဌတစ်ဦးဖြစ် သည့် KNUမှ ဗိုလ်ချုပ်စောအိုင် ဇက်ဖိုးက နောက်တစ်ဆင့်တက် လှမ်းမည့် နိုင်ငံရေးဆွေးနွေးပွဲများ အတွက် အပစ်အခတ်ရပ်စဲရေး ထိန်းသိမ်းထားနိုင်သည့်အနေအ ထားသည် အဓိကကျကြောင်း ပြောသည်။
NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့အနက် KNUနှင့် RCSS/SSA သည် အင်အားအကြီးဆုံးဖြစ် သည်။
NCAစာချုပ်အခန်း(၃)တွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် လူ သစ်စုဆောင်းခြင်း၊ နယ်မြေတိုးချဲ့ ခြင်း၊ အရပ်သားများအား အကြမ်း ဖက်ခြင်းစသည်တို့ မပြုလုပ်ရ ကြောင်း ဖော်ပြထားသည်။
7Day Daily
Subscribe to:
Post Comments (Atom)
No comments:
Post a Comment