Friday, February 26, 2016

၂၀၁၆ဖေဖော်ဝါရီ၁၅ရက်နေ့မှာကထောင်ရွာ ပျက်မှာဖွင့်ထားတဲ့ကေအိုင်အေလက်နက်ကြီး တပ်ရင်းကိုတပ်မဟာအဆင့်ကိုတိုးချဲ့ဖွင့်လှစ် လိုက်ကြောင်းသိရပါတယ်..

၂၀၁၆ဖေဖော်ဝါရီ၁၅ရက်နေ့မှာကထောင်ရွာ
ပျက်မှာဖွင့်ထားတဲ့ကေအိုင်အေလက်နက်ကြီး
တပ်ရင်းကိုတပ်မဟာအဆင့်ကိုတိုးချဲ့ဖွင့်လှစ်
လိုက်ကြောင်းသိရပါတယ်..

နောက်ထပ်လက်နက်ကြီးတပ် ၃ ရင်းကိုလည်း ထပ်မံတိုးချဲ့ ဖွဲ့စည်းလိုက်တယ်လို့ခိုင်လုံသော
သတင်းများအရသိရှိရပါတယ်..

ကေအိုင်အေ လက်နက်ကြီးတပ်ရင်း (၁) ကို ဦးဆောင်တာက ရင်းမှူးအဆင့်ရှိတဲ့ ဘရန်ဒွတ် ဦးဆောင်ပါတယ်...

ကေအိုင်အေ လက်နက်ကြီးတပ်ရင်း(၂)ကိုတော့  ဦးဆောင်တာကရင်းမှူးအဆင့်ရှိအောင်ကျော်က  ဦးဆောင်ပါတယ်..

ကေအိုင်အေ လက်နက်ကြီး တပ်ရင်း(၃) ကို ဦးဆောင်တာက ရင်းမှူးအဆင့်ရှိဆင်ဝါး  က ဦးဆောင်ပါတယ်..

ဒါဟာကေအိုင်အေအနေနဲ့တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်ထဲက အခန်း (၃)၊ အပိုဒ် (၅)(က)ဖြစ်တဲ့တပ်အင်အား မတိုးချဲ့ရေးဆိုတာကိုချိုးဖောက်နေတာဘဲဖြစ်ပါတယ်..

လတ်တလော လှုပ်ရှားမှူ့များကိုကြည်ရရင်
ကေအိုင်အေ ဟာ သူတို့ရဲ့ ပြည်သူ့စစ်ဖြစ်
တဲ့ PJS အဖွဲ့နဲ့ ဘိန်းခင်းဖျက်ဆီးရေးကိစ္စ
အာရုံလွဲပြီး တပ်များတိုးချဲ့ဖွင့်လှစ်နေတာဖြစ်
ပါတယ်..

ဒါ့ကြောင့်..

လွှတ်တော်ထဲက ၁၀သိန်းစား အမတ်များ
အနေနဲ့လည်း..ကိုယ့်ဒေသသတင်းလေးတွေ
စုံစမ်းပြီးမှန်မှန်ကန်ကန်နဲ့ နိုင်ငံတော်ရဲ့အကျိုး
ပြည်ထောင်စုကြီးအကျိုးကိုကြည့်ကြ ပါလို့ဘဲ
တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ..

No comments: