Friday, February 26, 2016

ကချင်ပြည်နယ်ကို စစ်အုပ်ချုပ်ရေး ပေးဖို့ လိုပြီ ===============================

ကချင်ပြည်နယ်ကို စစ်အုပ်ချုပ်ရေး ပေးဖို့ လိုပြီ
===============================
လွှတ်တော်ထဲ မှာ NLD အမတ်တွေ က လူထု အခြေပြု
ဘိန်းခင်းဖျက်ဆီးမှုတွေ တိုးမြှင့် လုပ်ဆောင်ဖို့ထောက်ခံ
ဆွေးနွေးကြတာနဲ့ အတူ ပတ်ဂျဆန်အဖွဲ့ရဲ့လှုပ်ရှားမှုက
အရှိန်မြင့်တက်လာတယ်

ဒီကိစ္စက နောက်ကွယ်မှာ ဘာတွေ ရှိနေသလဲ၊ စဉ်းစားကြ
ဖို့ကောင်းတယ်

အခု ဖျက်ဆီး ခံရတဲ့နေရာ က NDAK  ဇခုန်တိန့်ယွန်း ရဲ့
နယ်မြေ

ပတ်ဂျဆန်အဖွဲ့ကို ကြည့်၊ ဗီဒီယိုတွေ တက်နေတယ်၊ ပြော
ရရင် KIA ရဲ့ ပြည်သူ့စစ်လို့ ပြောလို့ရတယ်၊

အမျိုးသမီးတွေကိုရိုက်တယ်နှက်တယ်၊ရှမ်းနီရွာတွေကိုဖျက်ဆီး
တယ် ၊ဘိန်းခင်း အကြောင်းပြပြီး ဥပဒေမဲ့ လုပ်နေတာ ဖြစ်တယ်

တဖြည်းဖြည်း ISIS တို့ရဲ့လုပ်ဆောင်ချက် နဲ့ ချွတ်စွတ်တူလာ
တာကိုပါမြင်တွေ့နေရတယ် ၊နောက်ဆို လည်လှီးတာတွေ ၊
အရှင်လတ်လတ် မီးရှို့သတ်တာတွေလာတော့မယ်

ဒီလိုလုပ်တဲ့ KIA ရဲ့ ပြည်သူ့စစ်အဖွဲ့ကို နိုင်ငံရေး ထောက်ခံမှု
ပေးသလို ဖြစ်သွားတယ်၊

ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်ကိုထောက်ခံသလိုဖြစ်သွားတယ်

အစိုးရနဲ့ တပ်မတော် ကပဲ ဘိန်းခင်းတွေ အဖျက်မခံရအောင်
ကာကွယ်တားဆီးနေသလိုမျိုး ရေးနေသားနေကြတယ်

ပြသနာရဲ့ ဇစ်မြစ်က NDAK ခြေကုတ်နယ်မြေကို လွှမ်းမိုးဖို့
ပတ်ဂျဆန် ပြည်သူ့စစ် အားကောင်းဖို့၊ နိုင်ငံရေးနဲ့ စစ်ရေး
အသာစီး ရယူဖို့ လုပ်ဆောင်လာခြင်းသာ ဖြစ်တယ်

အဆုံးမှာ ဝမ်ပေါင်နိုင်ငံတော်ထူထောင်ဖို့အထိမျှော်မှန်းထား
ကြတယ်၊ ဒါဟာ ကြောက်စရာ အန္တရာယ်ဖြစ်လာပြီ၊

ပြည်နယ် အစိုးရအနေနဲ့ နိုင်ငံရေးဖိအား၊ မီဒီယာဆန့်ကျင်မှုတွေ
ကြောင့်လုပ်ရကိုင်ရ ခက်ခဲနေပြီ

ဒီပြဿနာအတွက် အကောင်းဆုံး ဖြေရှင်းချက်က ကချင်ပြည်နယ်
တစ်ခုလုံးကို အရေးပေါ်အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေးနဲ့
အုပ်ချုပ်မှ ရတော့မယ်

နိုင်ငံတော်တာဝန်ရှိသူများအနေနဲ့ အလေးထား စဉ်းစားပေးပြီး
တပ်မတော်ကို အုပ်ချုပ်ခိုင်းဖို့ တောင်းဆို လိုက်ရပါတယ်။

No comments: