Friday, February 26, 2016

ထော်လာဂျီသစ်ပင်ဝင်တိုက်။ တစ်ဦးသေ

ထော်လာဂျီသစ်ပင်ဝင်တိုက်။ တစ်ဦးသေ
-------------------------------------
ယနေ့ ဖေဖော်ဝါရီ ၂၆ နံနက် ၇ နာရီခန့်တွင် မအူပင်မြို့ မအူပင်တံတားအဆင်း ကြိုဆိုပါ၏ အလွန်တွင် မလက်တိုဘက်မှ ဦးမြင့်လွင် မောင်းနှင်လာသော ထော်လာဂျီသည် သစ်ပင်အား ဝင်တိုက်မိရာ ထော်လာဂျီပေါ်တွင် ပါလာသော မိသားစု သုံးဦးမှ အမျိုးသမီး တစ်ဦးသည် ဘယ်ဘက်ခြေထောက်နှင့် လက်များပြတ်ပြီး နဖူးဒဏ်ရာ ရရှိကာ သေဆုံးသွားပြီး ကျန် ၂ ဦးအား မအူပင်ဆေးရုံတွင် အရေးပေါ် လူနာအဖြစ် ဆေးကုသမှု့ ခံယူနေရပါသည်။ အဆိုပါ လူနာများမှာ ထနီးကျေးရွာအုပ်စုနှင့် မလက်တိုကျေးရွာ အုပ်စုတွင် နေထိုင်သူများ ဖြစ်ကြောင်း သိရသည်။

No comments: