Tuesday, February 23, 2016

ပန်ဝါမြို့တွင် ပြင်းထန်စွာ ပေါက်ကွဲမှုဖြစ်၊ တစ်ဦးသေဆုံး၊ နှစ်ဦး ဆေးကုသမှု ခံယူ

ပန်ဝါမြို့တွင် ပြင်းထန်စွာ ပေါက်ကွဲမှုဖြစ်၊ တစ်ဦးသေဆုံး၊ နှစ်ဦး ဆေးကုသမှု ခံယူ --------------------------------------------- ကချင်ပြည်နယ် ပန်ဝါမြို့ ရပ်ကွက် (၂)၊ ပန်ဝါ-ချီဖွေ ကားလမ်းမဘေး ဘယ်ဘက်ခြမ်းရှိ နေအိမ်တစ်လုံးမှ ပြင်းထန်စွာ ပေါက်ကွဲမှု ယနေ့ (ဖေဖော်ဝါရီ ၂၃ ရက်) နံနက် ၀၀ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားသည့် နေအိမ်တွင် အနက် (၅) ပေ၊ အကျယ် (၁၀) ပေခန့် ချိုင့်ခွက်ဖြစ်ပေါ်ပြီး နေအိမ်မှာ ပေါက်ကွဲပျက်စီးသွားပြီး ပတ်ဝန်းကျင်ရှိ နေအိမ်သုံးလုံးပေါ်သို့ အပိုင်းအစများ လွင့်စင်သွားကြောင်း၊ အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦး၊ စုစုပေါင်သုံးဦး ထိခိုက်ဒဏ်ရာရရှိကာ ပန်ဝါပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး နံနက် ၁ နာရီ ၁၅ မိနစ်တွင် အမျိုးသမီးတစ်ဦး ကွယ်လွန်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။ ယင်းပေါက်ကွဲမှု အရှိန်ကြောင့် ပန်ဝါမြို့တွင်း လေးဖာလုံ ပတ်လည်ခန့်ရှိ နေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အဦများ၏ မှန်ပြတင်းပေါက်များ၊ မှန်တံခါးများ၊ လျှပ်စစ်မီးသီးများနှင့် မီးချောင်းများ ကွဲ၍ လျှပ်စစ်မီး ပြတ်တောက်သွားခဲ့သည်။ (ဓာတ်ပုံ - MOI Webportal)

No comments: