Friday, February 26, 2016

ဒေါ်စုကြည် သမ္မတ ဖြစ်မှပဲတိုင်းပြည်တိုးတက်တော့မှာလား....!!!!!!

ဒေါ်စုကြည် သမ္မတ ဖြစ်မှပဲတိုင်းပြည်တိုးတက်တော့မှာလား....!!!!!! ================================== လွတ်တော်ထဲမှာ နိုင်ငံခြားသားတွေ တရုန်းရုန်းဖြစ်နေတဲ့ကိစ္စ၊ သင်တန်းပေးတဲ့ကိစ္စတွေ အပေါ်မှာ အမေက ကောင်းမယ်ထင်လို့ လုပ်တာပဲ ပြသနာမရှိပါဘူးဆိုတဲ့အမြင်တွေ၊ထောက်ခံမှု့တွေကြောင့် တိုင်းပြည်မှာ၊ဆိုးကျိုး မဖြစ်ပါစေနဲ့ လို့ပဲ မျှော်လင့်ရတော့မှာပဲ၊ လက်တွေ့ဆန်တဲ့ အမြင်တွေပျောက်နေပြီး ဒေါ်စုကြည် ဘာပဲလုပ်လုပ်၊မှန်တယ်လို့ လှေနံဓားထစ်၊မျက်စိမှိတ် ယုံကြည်နေသူတွေ အများအပြားရှိနေတဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ အခုထိမသေချာသေးဘူး၊ စိုးရိမ်ရမယ့် အနေအထားမှာရှိနေပါတယ်။ NLD ရဲ့ လုပ်ရပ်တွေဟာ မေးခွန်းထုတ်စရာတွေဖြစ်လာတာနဲ့အမျှ ၊လက်ရှိအနေအထားကို စောင့်ကြည့်နေတဲ့တပ်မတော်နဲ့ အချို့သဘောထားတင်းမာသူတွေရဲ့ မကျေလည်မှု့တွေဟာ တိုင်းပြည်ရဲ့ကံကြမ္မာကို အချိန်မရွေး ပြောင်းအလဲ ဖြစ်သွားနိုင်တယ်။ NLD ထောက်ခံသူတွေ ဝန်းရံသူတွေ တခုသတိထားသင့်တာက၊ စစ်အာဏာရှင်စနစ် မကောင်းတာ၊ ကြံခိုင်ရေး အစိုးရလက်ထက်မှာ ပြောစရာအမှားတွေ အများကြီးဖြစ်ခဲ့တာ လူတိုင်းသိတဲ့ ကိစ္စတွေပါ၊ မဆန်းတော့ပါဘူး။ သို့သော်.. အရင် နအဖ အစိုးရ အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့ဘူးတဲ့ဦးသိန်းစိန်ကို ကြားနေသာမန်အရပ်သားတွေထဲကထောက်ခံသူ အများအပြားရှိလာတာဟာ၊NLD အတွက် စိုးရိမ်စရာပဲ။ မဟုတ်ပါဘူး၊ မဖြစ်နိုင်ပါဘူးဆိုပြီးမျက်စိမှိတ် ဘူးခံငြင်းမယ်ဆိုလည်း ပြသနာမရှိပါ၊အချိန်က သက်သေပြပါလိမ့်မယ်၊လက်တလော ထင်ရှားစေခဲ့တာကတော့၊အတိုင်းအတာတခုအထိ.သန့်ရှင်းပြီး တရားမျှတပါတယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းကရော အတိုက်အခံတွေကပါ လက်ခံထားတဲ့၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီက ရခဲ့တဲ့ မဲအရေအတွက်ဟာ NLD လောက်မရပေမယ့် ပါတီမှာ ထောက်ခံသူ အများအပြားရှိတယ်ဆိုတာ အထင်အရှားပါ၊ လက်မခံရင် မဲစာရင်းတွေပြန်ကြည့်လို့ရပါတယ်။ အငြင်းပွားဖွယ်ရာ လုပ်ရပ်တွေလုပ်လာနေတဲ့ NLD ပါတီဟာ ၁၉၉၀ တုန်းကလိုမျိုးး ထောက်ခံမှု့မျိုးကို မျော်လင့်ထားရင်မှားပါလိမ့်မယ်၊ အမေစု ဘာလုပ်လုပ်မှန်တယ်လို့ ယုံကြည်ပြီး ဝေဖန်ထောက်ပြလာကြတဲ့ ကြားနေသူ သာမန်အရပ်သားတွေကို တိုက်ခိုက်နေကြရင်တော့ဖြင့် NLD ဟာ တဖြည်းဖြည်းနဲ့ လုံးပါးပါးလိမ့်မယ်။ အခုလို ထောက်ခံမှု့ ကျဆင်းနေတဲ့ရလာဒ်ဟာ၊မဝေးတော့တဲ့ ကာလမှာ ၅၉ (စ) ကို လွတ်တော်လမ်းကြောင်းအရ ဖြစ်ဘို့ဖြစ်နိုင်ခြေနည်း နေပြီဖြစ်တဲ့အတွက် ပြည်သူ့အားနဲ့ ဖိအားပေးပြင်ဘို့ကြိုးစားလာရင်တော့ ထိုင်းမှာလို ရှပ်နီ ရှပ်ဝါ ပြသနာမျိုးတွေ ဖြစ်လာနိုင်ခြေ အများအပြားရှိစေတာပါပဲ။ NLD အနေနဲ့ ဟိုတုန်းကလို အာဏာပိုင်အဖွဲ့အစည်းတခုတည်းကို ရင်ဆိုင်ရမှာ မဟုတ်တော့ပဲ၊ ပြည်သူတွေထဲကပါ ဆန့်ကျင်သူတွေနဲ့ ထိပ်တိုက်တိုးတော့မှာဖြစ်ပြီး တပ်မတော်ကတော့ အခြေအနေဆိုးလာရင် ၂၀၀၈ ဖွဲ့စည်း ပုံအတိုင်း တိုင်းပြည်အာဏာကို တရားဝင် ရယူပါလိမ့်မယ်... နိဂုံးချုပ်ရရင်တော့ လူတစ်ဦးတစ်ယောက် သမ္မတ ဖြစ်ရေးနဲ့ တိုင်းပြည်ရဲ့ရှေ့ရေးလဲမှာလားဆိုတဲ့ မေးခွန်းပါပဲ။ ဒေါ်စုကြည် သမ္မတ ဖြစ်မှပဲတိုင်းပြည်တိုးတက်တော့မှာလား....!!!!!! မင်းခန့် Photo Credit: Google.com

No comments: