Wednesday, February 24, 2016

မြစ်ကို ကြိုးနဲ့ဖြတ်ကူးပြီး ကျောင်းသွားတက်ရတဲ့ နီပေါမှ ကလေးတွေ

မြစ်ကို ကြိုးနဲ့ဖြတ်ကူးပြီး ကျောင်းသွားတက်ရတဲ့ နီပေါမှ ကလေးတွေ

နီပေါနိုင်ငံ ဒိုင်းဆိုတဲ့ ရွာမှ ကလေးများဟာ ကေဘယ်ကြိုးနဲ့ မြစ်ကို ဖြတ်ကူးပြီး ကျောင်းသွားတက် ရပါတယ်။ သူတို့မှာ အဲဒီမြစ်ကို ဖြတ်ကူးဖို့ အပြင် အခြားသော ရွေးချယ်စရာလမ်း မရှိဘူးလို့ သိရပါတယ်။
ဒါကြောင့် ကျောင်းတက်အောင် သွားဖို့ မြစ်ကို ကြိုးနဲ့ကူးရခြင်း ဖြစ်ပါတယ်။

မြစ်ကို ကြိုးနဲ့ ကူးတယ်ဆိုတာ ကလေးတွေအတွက် အလွန်မှ အန္တရာယ်ကြီးတဲ့ အလုပ်တစ်ခု ဖြစ်တဲ့အပြင် ကမ္ဘာ့ပေါ်မှာ အန္တရာယ်အများဆုံးသော ကျောင်းတက်ရတဲ့ သူတွေထဲမှာလည်း ပါဝင်ပါလိမ့်မယ်။ သူတို့အနေနဲ့ မြစ်ကိုဖြတ်ကူးဖို့ ကြောက်သော်လည်း အခြားသော လမ်းမရှိတော့ပါ။

ဒါ့အပြင် ဈေးဝယ်သွားတာ ဖြစ်ဖြစ်၊ သူငယ်ချင်းမိတ်တွေများနဲ့ တွေ့အောင် သွားတာဖြစ်ဖြစ် အဲဒီမြစ်ကို ကြိုးနဲ့ဖြတ်ကူးတာကိုပဲ အသုံးပြုရကြောင်း သိရပါတယ်။ ကျောင်းတက်တဲ့ ကလေးတွေတင် မဟုတ်ဘဲ အခြားသော သူများက
လည်း ဒီနည်းကိုပဲ အသုံးပြုရကြောင်း သိရပါတယ်။

Ref- dailymail.
Credit' pyittinehtaung.com

No comments: