Tuesday, February 23, 2016

ကချင်တွေဘာကြောင့်ကိုယ်ထူကိုယ်ထကာ မိမိအသိစိတ်ဓာတ်နဲ့ ဘိန်းတိုက်ဖျက်လာကြ သလဲဆိုရင် ဒီမှာကြည့်ပ

ကချင်တွေဘာကြောင့်ကိုယ်ထူကိုယ်ထကာ
မိမိအသိစိတ်ဓာတ်နဲ့ ဘိန်းတိုက်ဖျက်လာကြ
သလဲဆိုရင် ဒီမှာကြည့်ပါ။ဖားကန့်က ကြေကွဲ
ဖွယ်ရာအဖြစ်အပျက်တွေပါ။အဲဒီဘိန်းသမားတွေဟာကချင်တွေတင်ဟုတ်ဘူး။တိုင်းရင်းသားပေါင်းစုံပါ။ဒါကြောင့် မြန်မာ့အမျိုးသားရေး တာဝန်တစ်ခုအနေနဲ့ လုပ်ဆောင်တာကိုတွေ့ရမှာပါ။
ဤဘိန်းတိုက်ဖျက်ရေးနှင့်ပတ်သက်၍ဝါဒဖြန့် စွပ်စွဲချက်များစွာရှိနေသည်ကို တွေ့ရပါသည်။
ဘာကို ယုံသင့်သလဲ ဆိုတာ သင်ဟာ ဦးနှောက်
ရှိတဲ့သူပါ။အထူးသဖြင့်ဗမာတိုင်းရင်းသားညီအစ်ကိုမောင်နှမများအတွင်းထဲဘဲ အမှောင်ချပြီးဝေဖန်
မနေပါနဲ့။အပြင်မှာ စိမ်းလန်းစိုပြေလှပတဲ့ရှုခင်း
များစွာရှိပါတယ်။အလင်းများစွာရှိပါတယ်။အပြင်ထွက်ပြီး ကြည့်ပါ။ကျန်တဲ့
တိုင်းရင်းသားတော်တော်များများတွေကတော့ ဝါဒဖြန့်လော်ဘီတွေ
စကားမယုံကြပါဘူး။ကျွန်တော်တို့က လက်တွေ့ ခံစားမြင်တွေ့နေကြရသူတွေပါ။
ဘိန်းတိုက်ဖျက်ရေးဟာ တစ်မျိုးသားလုံး
တာဝန်ပါ။မကူညီချင်ကြရင်တောငိ နိုင်ငံကောင်း
ကျိုးအတွက် မနှောက်ယှက်ကြပါနဲ့။
ကချင်လူမျိုးများ၏ ဘိန်းစစ်ဆင်ရေးကို
ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံး
နားလည်ပေးကြရန်ရည်ရွယ်လျက်
ကမ္ဘာကြီး၏ ရန်သူဖြစ်သော ဘိန်းကို ခြေမှုန်း
ကြပါစို့

Peace On Myanmar!
God Bless Myanmar!
God Bless U All!
#Labang

No comments: