Thursday, February 25, 2016

"ကော့ကရိတ်ကရွာတစ်ရွာမှာ တောကောင်ဝင်ကိုက်"

"ကော့ကရိတ်ကရွာတစ်ရွာမှာ တောကောင်ဝင်ကိုက်" ကော့ကရိတ်မြို့နယ် ရေလည်ကုန်းကျေးရွာတွင် ယနေ့နံနက်အစောပိုင်းက ရွာသားနှစ်ဦး တောကောင်အကိုက်ခံခဲ့ရပြီး ဒဏ်ရာရခဲ့ကာ ရဲတပ်ဖွဲ့နှင့် ကျေးရွာသားများက ယင်းတောကောင်ကို လိုက်လံဖမ်းဆီးနေကြောင်း သတင်းရှိသည်။ မျက်မြင်တွေ့သူများက ဝက်ဝံဟုယူဆထားသော တောကောင်တစ်ကောင်မှာ ရေလည်ကုန်းရွာအတွင်း နံနက် ၅ နာရီခန့်တွင် ဝင်ရောက်လာကာ ရွာသားများနှင့် ထိပ်တိုက်တွေ့မိပြီး တိုက်ခိုက်ခြင်းဖြစ်ကြောင်း ကော့ကရိတ်မြို့နယ် အရိပ်စစ်နှလုံးသားပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။ " မနက် ၅ နာရီက တစ်ခါ ၇ နာရီခွဲလောက်က တစ်ခါ ရွာသားတွေနဲ့ ထိပ်တိုက်တွေ့တာ။ ဒဏ်ရာရသွားတဲ့သူ နှစ်ယောက် အခုဆေးရုံရောက်နေပြီ။ တစ်ယောက်က ဒဏ်ရာ ပြင်းတယ်။ရဲဘော်တွေနဲ့ ရွာသားတွေ တောကောင်နောက် လိုက်နေကြပြီ။ အခုတင် သေနတ်သံကြားတယ်။ တောထဲမှာ တွေ့နေပြီထင်တယ် " ဟု ၄င်းက နံနက် ၉ နာရီခန့်က ပြောသည်။ ကော့ကရိတ်မြို့နယ် ကျေးရွာအများစုမှာ သစ်ပင်ကြီးများ ပေါများစွာ ရှိနေသေးသည့် ဒေါနတောင်တန်းကြီးနှင့် ထိစပ်နေပြီး တောကောင်အမျိုးအစားများစွာ ကျက်စားနေသေးသည့် နေရာဖြစ်ကြောင်း ဒေသခံများက ပြောသည်။

No comments: