Saturday, February 27, 2016

အိမ်အကူကို နှိပ်စက်ခဲ့သည့် အိမ်ရှင်အမျိုးသားကို အလုပ်နှင့်ထောင်ဒဏ် သုံးနှစ်ချမှတ် ---------------------------------------------

အိမ်အကူကို နှိပ်စက်ခဲ့သည့် အိမ်ရှင်အမျိုးသားကို အလုပ်နှင့်ထောင်ဒဏ် သုံးနှစ်ချမှတ် --------------------------------------------- ရန်ကုန်၊ ဖေဖော်ဝါရီ၂၆ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ နေအိမ်တစ်လုံးတွင် အသက် ၁၄နှစ်အရွယ် အိမ်အကူကို ရိုက်နှက်နှိပ်စက်ခဲ့မှုဖြင့် တရားစွဲဆိုခံထားရ သည့် အိမ်ရှင်အမျိုးသားကို အလုပ်နှင့်ထောင်ဒဏ်သုံးနှစ်ကျခံစေရန် ဗဟန်းမြို့နယ်တရားရုံးက ဖေဖော်ဝါရီလ၂၆ရက်နေ့က အမိန့်ချမှတ် လိုက်ကြောင်း အဆိုပါတရားရုံးထံမှ သိရသည်။ အသက် ၃၀ အရွယ် ဦးကြည်လှမြင့်ကို အိမ်အကူကို ရိုက်နှက်နှိပ်စက် သည်ဟုဆိုကာ အပြင်းအထန်နာကျင်စေမှုတွင် ပူးပေါင်းပါဝင်မှု ပြစ်မှုပုဒ်မ ၃၂၆/၁၁၄အရ အလုပ်နှင့်ထောင်ဒဏ်သုံးနှစ်ကို ချုပ်ရက်နှုတ်ကျခံစေရန် ဗဟန်းမြို့နယ်တရားသူကြီးက အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။ “အခုချမှတ်ခံရမှုအပေါ်မှာ ရှေ့နေတွေနဲ့တိုင်ပင်ပြီး အမြန်ဆုံးအယူခံ တက်နိုင်ဖို့ ဆောင်ရွက်သွားပါမယ် ”ဟု ဦးကြည်လှမြင့်၏ဖခင်က ပြော ကြားသည်။ ၂၀၁၄ခုနှစ် မတ်လက အိမ်အကူမိန်းကလေးငယ်သည် ဗဟန်းမြို့နယ်ရှိ သရုပ်ဆောင်မသီရိကိုကိုနိုင်၏နေအိမ်တွင် အိမ်အကူအဖြစ်လုပ်ကိုင်စဉ် အိမ်ရှင်အမျိုးသမီးနှင့် ၎င်း၏ခင်ပွန်းဦးကြည်လှမြင့်တို့က ဟင်းအိုးတူး သည်ဟုဆိုကာ မိန်းကလေး၏လက်နှစ်ဖက်ကို ဆီပူအိုးထဲသို့နှစ်ခြင်း၊ နားရွက်ကို ကတ်ကြေးဖြင့်ထိုးခြင်း၊ မျက်နှာကိုလက်သီးဖြင့် ထိုးခြင်း များ ပြုလုပ်ခဲ့သောကြောင့် အိမ်အကူတွင်ဒဏ်ရာများရရှိပြီး ပုသိမ်ပြည် သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရကြောင်း နှိပ်စက်ခံရသူ၏ မိသားစု ဝင်များထံမှ သိရသည်။ အဆိုပါရိုက်နှက်နှိပ်စက်ခံမှုကို ဗဟန်းမြို့မရဲစခန်းက ၂၀၁၄ခုနှစ် ဧပြီလ က အမှုဖွင့်စစ်ဆေးခဲ့ပြီး ဦးကြည်လှမြင့်ကို ဖမ်းဆီးရမိခဲ့သော်လည်း အိမ်ရှင်အမျိုးသမီး မသီရိကိုကိုနိုင်ကို မဖမ်းမေိသးသောကြောင့် တရား ခံပြေးအဖြစ် ကြေညာထားကြောင်း အဆိုပါရဲစခန်းထံမှ သိရှိရသည်။ အိမ်အကူမိန်းကလေး ရိုက်နှက်နှိပ်စက်ခံရမှုနှင့်ပတ်သက်၍ ဗဟန်းမြို့ နယ်တရားရုံးမှ ပြစ်မှုကြီးအမှတ် ၄၇၇/၁၄ဖြင့် ၂၀၁၄ခုနှစ် အောက်တိုဘာ လတွင် စတင်စစ်ဆေးခဲ့ပြီး ကာယကံရှင်မိန်းကလေး၊ မှုခင်းဆရာဝန်နှင့် အမှုစစ်ရဲများအပါအဝင် တရားလိုပြသက်သေ ၁၂ဦးခန့် စစ်ဆေးခဲ့ကြောင်း တရားရုံးမှသိရှိရသည်။ ယင်းနောက် ၂၀၁၅ခုနှစ် ဩဂုတ်လက တရားစွဲခံထားရသော ဦးကြည် လှမြင့်ကို ပြစ်မှုပုဒ်မ ၃၂၆/၁၁၄/၅၀၆ ဖြင့် စွဲချက်တင်ခဲ့ကြောင်း၊ စွဲချက် တင်ခံထားရသူက ပုဒ်မကိုပယ်ဖျက်ပေးရန် အနောက်ပိုင်းခရိုင်တရားရုံး သို့ လျှောက်တင်ခဲ့ရာ ပြစ်မှုပုဒ်မ ၅၀၆ကို ပယ်ဖျက်ပေးခဲ့ကြောင်း ဗဟန်း မြို့နယ်တရားရုံးထံမှ သိရှိရသည်။

No comments: