Friday, February 26, 2016

တိုင်းရင်းဆေးတရားမဝင် ယူဆောင်လာသည်ဟုဆိုကာ မြန်မာနိုင်ငံသူ တစ်ဦးကို ထိုင်းရဲငွေတောင်းခံ ----------------------------

တိုင်းရင်းဆေးတရားမဝင် ယူဆောင်လာသည်ဟုဆိုကာ မြန်မာနိုင်ငံသူ တစ်ဦးကို ထိုင်းရဲငွေတောင်းခံ ------------------------------------------------- မဟာချိုင် ၊ ဖေဖော်ဝါရီ ၂၅ ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့ကားဂိတ်တွင် ဖေဖော်ဝါရီလ ၂၄ ရက် နေ့လယ် ၁၂နာရီက အသက် ၂၉နှစ်အရွယ် မသန္တာဝင်းကို မြန်မာ တိုင်းရင်းဆေးတရားမဝင် ယူဆောင်လာသည်ဟုဆိုကာ ထိုင်းရဲက မဟာချိုင် ရဲစခန်းသို့ ခေါ်ဆောင်ကာ ငွေတောင်းခံခဲ့ကြောင်း MAT အဖွဲ့ (ဘန်ကောက်)ရုံးတာဝန်ခံ ကိုစိုင်းအေးက ပြောကြားသည်။ ငွေတောင်းခံရသူ မိန်းကလေး မြန်မာနိုင်ငံသို့ ခဏပြန်လာစဉ် အဒေါ်ဖြစ် သူက လူကြုံထည့်ပေးလိုက်သော မြန်မာတိုင်းရင်းဆေးကို မဟာချိုင် တွင် ရောက်ရှိနေသော ၄င်း၏သမီးထံ သွားရောက်ပေးပို့ရာမှ ဖမ်းဆီးခံ ရခြင်းဖြစ်သည်။ မဟာချိုင်ဈေးကြီးရှိ ကားဂိတ်တွင် မသန္တာဝင်း ကားစောင့်နေစဉ် ရဲနှစ် ဦး ရောက်ရှိလာကာ နိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ခွင့်ပါမစ်တို့ကို စစ်ခဲ့ ပြီး ပိုက်ဆံအိတ်ကို မွှေနှောက်စစ်ဆေးခဲ့ကြောင်း၊ ယင်းနောက် မြန်မာတိုင်း ရင်းဆေး တစ်ဘူးကို တွေ့ရပြီး တရားမဝင် မြန်မာဆေးသယ်လာသည်ဟု ဆိုကာ ရဲစခန်းသို့ ဖမ်းခေါ်ခဲ့ကြောင်း၊ ယင်းနောက် ရဲတစ်ဦးက ထောင်ချ မည်၊ တရားရုံးတွင် အမှုရင်ဆိုင်ရမည်ဟု ပြောဆိုသဖြင့် MAT အဖွဲ့ထံ လက်ကိုင်ဖုန်းဖြင့် ဆက်သွယ်ပြီး အကူအညီတောင်းခံခဲ့ကြောင်း မသန္တာဝင်း က ပြောကြားသည်။ “ကျွန်မလည်း MAT အဖွဲ့ကို ဖုန်းဆက်တော့ ရဲက ဖုန်းကိုဆွဲလုပြီး ပိတ်လိုက် တယ်။ ဘာလို့ ဖုန်းဆက်တာလဲ ဆိုပြီး ကျွန်မကိုအော်ပြီး အခုအချုပ်ထဲထည့် ရမလား။ ပြန်ချင်ရင် ဘတ် သုံးထောင်ပေးရမယ်ပြောလို့ ကျွန်မ လည်း ကြောက်လန့်ပြီး MAT က ကိုစိုင်းအေးတို့ မလာခင် ဘတ်သုံးထောင်ပေးပြီး ထွက်လာခဲ့တယ်”ဟု ၄င်းက ရှင်းပြသည်။ မဟာချိုင်မြို့ရှိ နယ်မြေခံရဲများက တရားမဝင် မြန်မာအလုပ်သမားများကို အကြောင်းအမျိုးမျိုးပြကာ ငွေညှစ်နေမှုများမှာ နေ့စဉ်ကြုံတွေ့နေရကြောင်း၊ ယင်းကဲ့သို့ ဖြစ်ပွားနေမှုများကို မြန်မာအစိုးရဘက်က ဆေးမြီးတိုနည်းဖြင့်သာ ဖြေရှင်းနေသောကြောင့် မြန်မာအလုပ်သမားများမှာ ယနေ့အထိ ထိုင်းပုလိပ်များ၏ အနိုင်ကျင့်မှုကို ခံနေရဆဲဖြစ်ကြောင်း အလုပ်သမား အရေး ဆောင်ရွက်သူများက ထောက်ပြပြောဆိုသည်။ “မူးယစ်ဆေးဝါး ၊အများပြည်သူ ဒုက္ခပေးနိုင်မည့် အစားအသောက်နဲ့ ပစ္စည်းတွေ မဟုတ်ရင် တစ်ကိုယ်ရေ သုံးဖို့အတွက် ယူလာလို့ ရပါတယ်။ မတရား အဖမ်းခံနေရတာတွေကို မြန်မာအစိုးရက အမြန်ဆုံးလာရောက် ပြီး ပြင်းပြင်း ထန်ထန် ထိရောက်အောင် ဆောက်ရွက်ပေးမှ အဆင်ပြေ လိမ့်မယ်” ဟု MAT အဖွဲ့ (ဘန်ကောက်)ရုံးတာဝန်ခံ ကိုစိုင်းအေးက ပြော ကြားသည်။

No comments: