Thursday, February 25, 2016

အင်အား (၂၀၀၀)ကျော် ရှိသည့် လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်အဖွဲ့ Pat JaSaN (PJS) တွေဟ

အင်အား (၂၀၀၀)ကျော် ရှိသည့် လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်အဖွဲ့ Pat JaSaN (PJS) တွေဟာ အစိုးရ ရဲ့ တားဆီးပိတ်ပင် ခံထားရသည့် ဂေါ်ဆက်ယန် ကျေးရွာမှ ၂၃ .၂.၂၀၁၆ နေ့မှာ ထွက်ခွာခွင့်ရခဲ့ပါသည် ။ထိုနေ့ရာမှာ တစ်ပတ်ကြာ ပိတ်ဆို့ခံခဲ့ရတာလည်း ဖြစ်ပါသည် ။၂၃.၂.၂၀၁၆ နေ့မှာတော့ PJS တွေဟာ အဖွဲ့ (၆) ဖွဲ့ ၊အုပ်စု (၃) စု ခွဲပြီး ကန်ပိုင်မြို့နယ်ထဲမှာ ရှိသည့် ဘိန်ခင်းတွေကို ဖျက်ဆီးဘို့ ထွက်ခွာခဲ့ပါသည် ။ PJS တွေကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ဒုခရိုင် ရဲတပ်ဖွဲ့မှူး ဦးလှဝင်း ဦးဆောင်းသည့် ရဲတပ်ဖွဲ့ဝင်များ ၊လဝက  ၊အရန်မီးသတ်ဖွဲ့ဝင်များမှ လိုက်ပါ လုံခြုံရေး ယူပေးခဲ့ပါသည် ။

   အုပ်စု(၂) နှင့် (၄) တို့ဟာ ဝေမိုးနှင့် ဆဒုံး ကျေးရွာအနီးက ဘိန်းစိုက်ခင်းတွေဆီကို ထွက်ခွာခဲ့ရာမှာ အုပ်စု (၂)ကတော့ ဆဒုံျးကျးရွာအနီးက ဘိန်စိုက်ခင်း တစ်ဧက နီးပါးကို ဖျက်ဆီနိုင်ခဲ့ပြီး ၊အုပ်စု (၄) ကတော့ ဝေမိုးကျေးရွာအဝင်မှာ ၂၄.၂.၂၀၁၆နေ့ ညနေ ၄:၃၀ခန့်က ပိတ်ဆို့တားဆီးခြင်း ခံခဲ့ရပါသည် ။ ဘွမ်တောင် ကျေးရွာမှာ ကျန်ရှိသည့် အုပ်စု (၁) (၃) ၊(၅) တို့ဟာ ပိတ်ဆို့ခံထားရသည့် ဝေမိုးကျေးရွာကPJS အုပ်စု(၄) ဆီကို သွားရောက်ပူးပေါင်းဘို့၂၅.၂.၂၀၁၆့ ပြင်ဆင်နေကြပါသည် ။

ဇော်မိုးထက်

No comments: