Thursday, February 25, 2016

ပတ်ဂျဆန်အပေါ်တိုက်ခိုက်သည့်အတွက်မြစ်ကြီးနား ပြည်သူ့ဆေးရုံရှေ့တွင် ပြည်သူများမှ ဆန္ဒပြ

ပတ်ဂျဆန်အပေါ်တိုက်ခိုက်သည့်အတွက်မြစ်ကြီးနား ပြည်သူ့ဆေးရုံရှေ့တွင်  ပြည်သူများမှ ဆန္ဒပြ

ဘိန်းခင်းတိုက်ဖျက်သည့် ပတ်ဂျဆန်အဖွဲ့ ဗုံးခွဲခြင်း ၊ သေနတ်ဖြင့်ပစ်ခြင်းတို့လုပ်ဆောင်သည့်အပေါ် ကန့်ကွက်သောအားဖြင့် ပြည်သူလူထု ၁၀၀ခန့်မှာာ ယနေ့ညနေ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံရှေ့တွင်ဆန္ဒပြနေကြောင်း သတင်းရရှိသည်။

“ဘိန်းခင်းတိုက်ဖျက်သည့် အဖွဲ့အပေါ် တိုက်ခိုက်သည့် စခုန်တိန်ယိန်း နှင့် စခုန်ယိန်းဆောင်အား အလိုမရှိ၊ ပြည်သူကိုအကာအကွယ်မပေးနိုင်သော အစိုးရအလိုမရှိ၊ စခုန်တိန်ယိန်းနယ်ခြားစောင့်တပ်မလိုမရှိ၊ ပြည်သူ့စစ်အား အလိုမရှိ” ဟူ၍အော်ဟစ်ကာ ဆန္ဒပြနေကြသည်။

ပတ်ဂျဆန်အဖွဲ့တွင်း ဒဏ်ရာရရှိသူ စုစုပေါင်း ၂၉ဦးထိရှိပြီး မြစ်ကြီးနားဆေးရုံးကြီးတွင် ဆေးကုသမှုခံယူပြီး  နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းသိရသည်။

ပတ်ဂျဆန်အဖွဲ့မှ ဒဏ်ရာရရှိသည့် လူဦးရေထပ်မံရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။

www.facebook.com/kachinwavesnews

No comments: