Showing posts with label လူသတ်မှု့. Show all posts
Showing posts with label လူသတ်မှု့. Show all posts

Monday, October 10, 2016

ကိုယ်ဝန်မပေါ့မပါးအား ပစ်ထားသည့်အထင်ဖြင့် အိပ်ပျော်နေသော ခင်ပွန်းအား ဇနီးသည်က ဓါးနှင့်ခုတ်


 


မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့နယ်၊ တက်ဝန်း(မြောက်)ရွာ ၌  အောက်တိုဘာ(၈)ရက်နေ့က ဓါးခုတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ဦးကျန်မြင့်၊ အသက်(၆၃)နှစ်၊ တက်ဝန်း(မြောက်)ရွာ၊ နတ်မောက်မြို့နယ် နေသည် အောက်တိုဘာ(၈)ရက်နေ့ နံနက်(၁)နာရီအချိန်က နေအိမ်တွင်အိပ်ပျော်နေစဉ် တစ်ရွာတည်းနေ ဦးနီပွန် ရောက်လာပြီး အိမ်နီးချင်းနေထိုင်သော ကျော်စိုးအောင်၊ အသက်(၃၈)နှစ်သည် ဘာဖြစ်မှန်း မသိဘူး အိမ်လာခဲ့ကြပါအုံး  ဟုပြောဆိုသဖြင့် ဦးကျန်မြင့်သည် ဦးနီပွန်နှင့်အတူ သားဖြစ်သူ ကျော်စိုးအောင် နေအိမ်သို့ လိုက်သွားရာ ကျော်စိုးအောင်အား ဓါးဒဏ်ရာများနျှင့်တွေ့ ရှိရပါသည်။

ကျော်စိုးအောင်မှာ နေအိမ်အပေါ်ထပ် အလယ်ခန်းတွင် လည်းပင်းဇလုတ်အနီး (၃)လက်မခန့်ပြတ်ရှ ဒဏ်ရာ(၁)ချက်၊ ယာလက်ခုံ/လက်ကောက်ဝတ်(၂)လက်မခန့်ပြတ်ရှဒဏ်ရာ(စိုးရိမ်ရ) ရရှိထားသည်ကို တွေ့ရှိရခြင်းဖြစ်သည်။

  ဇနီးဖြစ်သူ မနှင်း၊ အသက်(၃၅)နှစ်မှ ကျော်စိုးအောင်သည် သေဆုံးသွားသော ယခင်အိမ်ထောင်နှင့်ရသည့် သား(၃)ယောက်ကိုသာဂရုစိုက်ပြီး ၎င်းကိုယ်ဝန်မပေါ့မပါးအား ပစ်ထားသည့်အထင်ဖြင့် စိတ်ဆိုးကာ ကျော်စိုးအောင် အိပ်နေစဉ် အရိုး(၁၀)လက်မခန့်၊ အသွား(၁)ပေခွဲခန့်၊ဗျက်(၂)လက်မခန့်ရှိ ဓါးမနှင့်ခုတ်၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း တရားလို၏ တိုင်ကြားချက်အရသိရသည်။

 ဖြစ်စဉ်နှင့်ပက်သက်၍ ဓါးနှင့်ခုတ်သူ မနှင်းအား အရေးယူပေးရန် ဦးကျန်မြင့် မှ တရားလိုပြုတိုင်ကြား ခဲ့သောကြောင့် နတ်မောက်မြို့နယ်၊ မြို့မရဲစခန်းမှ (ပ)၁၃၇၈/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့်ကနဦး အမှုဖွင့် ထားကြောင်း သိရသည်။

 မြေလတ်ဘခက်
ဟင်္သာသတင်းအေဂျင်စီ

ကိုယ်ဝန်မပေါ့မပါးအား ပစ်ထားသည့်အထင်ဖြင့် အိပ်ပျော်နေသော ခင်ပွန်းအား ဇနီးသည်က ဓါးနှင့်ခုတ်


 


မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့နယ်၊ တက်ဝန်း(မြောက်)ရွာ ၌  အောက်တိုဘာ(၈)ရက်နေ့က ဓါးခုတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ဦးကျန်မြင့်၊ အသက်(၆၃)နှစ်၊ တက်ဝန်း(မြောက်)ရွာ၊ နတ်မောက်မြို့နယ် နေသည် အောက်တိုဘာ(၈)ရက်နေ့ နံနက်(၁)နာရီအချိန်က နေအိမ်တွင်အိပ်ပျော်နေစဉ် တစ်ရွာတည်းနေ ဦးနီပွန် ရောက်လာပြီး အိမ်နီးချင်းနေထိုင်သော ကျော်စိုးအောင်၊ အသက်(၃၈)နှစ်သည် ဘာဖြစ်မှန်း မသိဘူး အိမ်လာခဲ့ကြပါအုံး  ဟုပြောဆိုသဖြင့် ဦးကျန်မြင့်သည် ဦးနီပွန်နှင့်အတူ သားဖြစ်သူ ကျော်စိုးအောင် နေအိမ်သို့ လိုက်သွားရာ ကျော်စိုးအောင်အား ဓါးဒဏ်ရာများနျှင့်တွေ့ ရှိရပါသည်။

ကျော်စိုးအောင်မှာ နေအိမ်အပေါ်ထပ် အလယ်ခန်းတွင် လည်းပင်းဇလုတ်အနီး (၃)လက်မခန့်ပြတ်ရှ ဒဏ်ရာ(၁)ချက်၊ ယာလက်ခုံ/လက်ကောက်ဝတ်(၂)လက်မခန့်ပြတ်ရှဒဏ်ရာ(စိုးရိမ်ရ) ရရှိထားသည်ကို တွေ့ရှိရခြင်းဖြစ်သည်။

  ဇနီးဖြစ်သူ မနှင်း၊ အသက်(၃၅)နှစ်မှ ကျော်စိုးအောင်သည် သေဆုံးသွားသော ယခင်အိမ်ထောင်နှင့်ရသည့် သား(၃)ယောက်ကိုသာဂရုစိုက်ပြီး ၎င်းကိုယ်ဝန်မပေါ့မပါးအား ပစ်ထားသည့်အထင်ဖြင့် စိတ်ဆိုးကာ ကျော်စိုးအောင် အိပ်နေစဉ် အရိုး(၁၀)လက်မခန့်၊ အသွား(၁)ပေခွဲခန့်၊ဗျက်(၂)လက်မခန့်ရှိ ဓါးမနှင့်ခုတ်၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း တရားလို၏ တိုင်ကြားချက်အရသိရသည်။

 ဖြစ်စဉ်နှင့်ပက်သက်၍ ဓါးနှင့်ခုတ်သူ မနှင်းအား အရေးယူပေးရန် ဦးကျန်မြင့် မှ တရားလိုပြုတိုင်ကြား ခဲ့သောကြောင့် နတ်မောက်မြို့နယ်၊ မြို့မရဲစခန်းမှ (ပ)၁၃၇၈/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့်ကနဦး အမှုဖွင့် ထားကြောင်း သိရသည်။

 မြေလတ်ဘခက်
ဟင်္သာသတင်းအေဂျင်စီ

Saturday, October 8, 2016

လူသတ်မှုမှ ပျောက်ဆုံးနေသောကား ပြန်တွေ့



ဗိုလ်တထောင်မြို့နယ် ၄၅ လမ်း၊အမှတ် (၁၇၀)ရှိ ရှစ်လွှာတိုက်ခန်း တစ်ခု၌ အောက်တိုဘာ ၈ ရက် နံနက် ၁ နာရီခွဲက အမျိုးသား တစ်ဦးအသတ်ခံရမှုဖြစ်ပွားခဲ့ပြီး အဆိုပါ အသတ်ခံရသည့် အမျိုးသားမှာ အသက် ၃၂ အရွယ် ကိုအောင်သူဖြစ်၍ယင်းတိုက်ခန်းတွင် တစ်ဦးတည်နေထိုင်ကြောင်း သိရသည်။


၎င်းမသေဆုံးမီ အောက်တိုဘာ ၇ ညတွင် သာကေတရှိ ဖခင်၏ ကားအား ယူဆောင်သွားခဲ့ပြီး ယင်းနောက်ပိုင်းတွင် ၄င်း၏ဖခင်မှ ဖုန်းခေါ်ရာ ဆက်သွယ်၍ မရခြင်းကြောင့် ရဲတပ်​ဖွဲ့ ထံ အကြောင်းကြားကာ နေအိမ်သို့ ဝင်ရောက်စစ်ဆေးရာ ယင်းအမျိုးသားမှာ ထိုးသွင်းပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေပြီး ဖြစ်ကြောင်းသိရသည်။


ယင်းဖြစ်စဉ်အား ပ/၁၇၄/၁၆ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်နေပြီး ပြစ်မှုကျူးလွန်သူကို စုံစမ်းနေဆဲဖြစ်ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။


ထိုပြင် သေဆုံးသူ မောင်းနှင် သွားသော Toyoto mark II အဖြူရောင် ကား ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းထိပ် ကမ်းနားလမ်းဘက်ခြမ်း တွင် အောက်တိုဘာ ၈ ရက်နေ့ကုပြန်လည်တွေ့ရှိကြောင်း သိရသည်။
" သူ့အဖေဆီက ယူသွားတယ်ဆိုတဲ့ ကားက ဒီနေ့ ညနေမှာ ၄၅ လမ်းထိပ် ကမ်းနားလမ်းမှာ တွေ့တယ်။ ကားမှာလည်း သွေးကွက်တွေ တွေ့လို့ စီအိုင်ဒီကို ခေါ်စစ်ဆေးနေတယ်။ ဒါက လူသတ်ပြီး ကားယူသွားတယ်လို့ ယူဆပါတယ် ။ တရားခံကိုတော့ ဆက်လက်စုံစမ်းနေပါတယ် '' ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဗိုလ်တထောင်မြို့နယ်ရှိ ရှစ်လွှာတိုက်ခန်း တစ်ခု၌ အမျိုးသား တစ်ဦး အသတ်ခံရ

ရန်ကုန်၊ အောက်တိုဘာ ၈

ဗိုလ်တထောင်မြို့နယ် အမှတ် (၁၀) ရပ်ကွက် ၄၅ လမ်းရှိ ရှစ်လွှာတိုက်ခန်း တစ်ခု၌ ယနေ့ (အောက်တိုဘာ ၈ ရက်) နံနက် ၁ နာရီခွဲက အမျိုးသား တစ်ဦး ထိုးသွင်းပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

 

သေဆုံးသူ အသက် ၃၂ နှစ်အရွယ် ကိုအောင်သူမှာ ယင်းတိုက်ခန်းတွင် တစ်ဦးတည်း နေထိုင်သူဖြစ်ပြီး ဖခင်ဖြစ်သူက ၎င်း၏ လက်ကိုင်ဖုန်းထံ ဆက်သွယ်၍ မရသောကြောင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားပြီး တိုက်ခန်းအတွင်း ဝင်ရောက် စစ်ဆေးခဲ့ရာ လက်ဖျံနှစ်ဖက်တွင် ပြတ်ရှဒဏ်ရာ လည်ပင်းတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးနေသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ဗိုလ်တထောင်မြို့မ ရဲစခန်းမှ ရဲအရာရှိက ပြောကြားသည်။

 

“သေဆုံးသူက သင်္ဘောသားပါ။ အောက်တိုဘာ ၇ ရက် ညက သာကေတမှာရှိတဲ့ သူ့မိဘတွေ နေအိမ်ကနေ သူ့အဖေရဲ့ကား ယူပြီး သူနေတဲ့ တိုက်ခန်း ပြန်လာတယ်။ အဲ့ဒီနောက်ပိုင်းမှာ သူ့ဖုန်း ခေါ်မရတော့လို့ ဖအေဖြစ်သူက မသင်္ကာတာကြောင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားပြီး တိုက်ခန်းထဲ ဝင်စစ်ဆေးခဲ့ရာက ဒဏ်ရာတွေနဲ့ သူ့အလောင်းကို တွေ့ခဲ့တယ်”ဟု ၎င်းက ဆိုသည်။

 

လူသတ်မှု ဖြစ်ပွားခဲ့သည့် ယင်းတိုက်ခန်းတွင် သံပန်းတံခါးမှာ ပတ္တာပြုတ်နေပြီး သစ်သားတံခါးမှာ အပြင်မှ ဂျက်ထိုးထားသည်။

Friday, October 7, 2016

အောင်လံမြို့ မှာ ရည်စားဟောင်းက ပြန်ဆက်သွယ်တာကို လက်မခံတဲ့ ဆယ်တန်းကျောင်းသူတစ်ဦး ဓားထိုးခံရမှုဖြစ်ပွား


 


မကွေးတိုင်း ဒေသကြီး အောင်လံမြို့၊ စက်ရုံရပ်ကွက်၊ ပြည်တော်အေး ၂ လမ်းရှိ ဆရာမဒေါ်.... ၏ ကျူရှင်တွင် ပြီးခဲ့တဲ့ အောက်တိုဘာလ (၄)ရက်နေ့  နေ့လည်ပိုင်းက ဓားထိုးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ဓားဖြင့်ထိုးသူ မောင်ဇော်မိုးလွင် (၁၇) နှစ် (နှစ်ကျဆယ်တန်းကျောင်းသား) က ဓားထိုးခံရသူ မ..... ၁၈ နှစ် (နှစ်ကျဆယ်တန်းကျောင်းသူ) ကို မိမိအား အဆက်အသွယ်ဖြတ်သွားသဖြင့် အဆက်အသွယ်ပြန်လုပ်ရန် ပြောဆိုရာ ကောင်မလေးက လက်မခံသဖြင့် အသင့်ပါလာသောဓားဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။

 ဓားထိုးခံရသူ မ..... မှာ ဝဲဘက်တံတောင်၊ ဝဲဘက်နံဘေးနှင့် ဗိုက်တို့တွင် ဒဏ်ရာများ ရရှိသွားပြီး ပြည်ဆေးရုံသို့ အရေးပေါ်ပို့ခဲ့ရကြောင်း၊ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။

 ဓားဖြင့်ထိုးသူ မောင်ဇော်မိုးလွင် မှာ ထွက်ပြေးတိမ်းရှောင်လျင်ရှိပြီး အောင်လံမြို့နယ်ရဲစခန်းမှ လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(အောင်လံသတင်းထောက်)
အောင်လံနေ့စဉ်

ဇနီးဟောင်းနှင့် ပြန်ပေါင်းခွင့် မပြုဘူးလို့ ပြောဆိုတဲ့ ယောက္ခကို ဓာတ်ဆီဖျန်း မီးရှို့ မှုဖြစ်ပွား


 

မိခင်ဖြစ်သူအား ဓာတ်ဆီဖျန်းမီးရှို့ခဲ့သော ခင်ပွန်းဟောင်းအား ဇနီးဟောင်းက တိုင်ကြားအမှုဖွင့်ရေစကြို အောက်တိုဘာ ၆

ရေစကြိုမြို့နယ် လောင်းရှည် ကျေးရွာတွင် ယခုလ ၄ ရက်က မိခင်ဖြစ်သူအားဓာတ်ဆီဖျန်းမီးရှို့ခဲ့ သောခင်ပွန်းဟောင်းအားဇနီးဟောင်း က တိုင်ကြားအမှုဖွင့်ခဲ့ကြောင်း ရေ စကြိုမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာမတိုးမာဝင်း အသက် (၃၄ နှစ်)လောင်းရှည်ကျေးရွာ ရေ စကြိုမြို့နယ်နေသူသည် နေအိမ် တွင် ယခုလ ၄ရက် မွန်းလွဲ ၂နာရီ ခွဲက မိခင်ဖြစ်သူဒေါ်တင်အေး(၆၅ နှစ်) သားဖြစ်သူမောင်ကျော်သူတို့ နှင့်အတူ အမွှေးတိုင်လိပ်နေစဉ် စက်တင်ဘာ ၁၉ရက်တွင် အကြင် လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲ ထားသော ခင်ပွန်းဟောင်းဖြစ်သူ တစ်ရွာတည်းနေ ဝင်းချို(၄၇နှစ်) မှာ လက်ထဲတွင် အစိမ်းရောင် စပရိုက်ဘူးသေးအားကိုင်ဆောင်၍ ရောက်ရှိလာပြီး မတိုးမာဝင်းအား ပြန်လည်ပေါင်းသင်းလိုကြောင်း ပြောကြားရာ မတိုးမာဝင်းက ပြန် မပေါင်းနိုင်ကြောင်းပြောခဲ့ပြီး မိခင် ဖြစ်သူဒေါ်တင်အေးက ပြန်လည် ပေါင်းသင်းခွင့် မပြုနိုင်ကြောင်း ပြောကြားခဲ့သည်။

မတိုးမာဝင်းက ဆက်လက် စကားများ ရန်ဖြစ်မည်စိုးရိမ်သဖြင့် ကျေးရွာတာဝန်ခံထံသွားရောက် အကူအညီတောင်းခံရန်ထွက်သွား ရာ ဝင်းချိုမှာ နေအိမ်တွင်ကျန်ရစ် ခဲ့ပြီး မိခင်ဖြစ်သူဒေါ်တင်အေးအား လင်မယားပြန်မပေါင်းရအောင်ပြော ဆိုရမလားဟုဆိုကာ ၄င်းလက်ထဲ တွင် အသင့်ပါလာသော ဓာတ်ဆီ ဘူးဖြင့်ပက်ဖျန်း၍ မီးရှို့ကာ ထွက် ပြေးသွားသဖြင့် ဒေါ်တင်အေးတွင် ဝဲ/ယာလက်နှစ်ဖက်လုံး၊ ဝဲယာ ပေါင်၊ ရင်ဘတ်မီးလောင်ကျွမ်း (စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ခြင်းဖြစ် ကြောင်း တရားလို၏ တိုင်ကြား ချက်အရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးရှို့သူ ဝင်းချိုအားအရေးယူပေးရန် မတိုး မာဝင်းက တရားလိုပြုတိုင်ကြား ခဲ့သောကြောင့် ရေစကြိုမြို့နယ် မြို့မရဲစခန်းမှ(ပ)၉၄၁/ ၂ဝ၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှု ဖွင့်ထားကြောင်းသိရသည်။

ကျော်ဇေယျ(မကွေး)
The Union Daily

ကန်ထရိုက်လုပ်ငန်းမှ ငွေထုတ်မပေးသည့် ကိစ္စနှင့်ပတ်သက်၍ လူသတ်မှုဖြစ်ပွား


 


မကွေး အောက်တိုဘာ ၆

မကွေးမြို့နယ် ချမ်းမြေ့သာယာရွာရှိ အိုးအိမ်ဦးစီးဌာန စီမံကိန်းအိမ်ရာဝင်းအတွင်း အောက်တိုဘာ ၅ ရက် ညပိုင်းက လူသတ်မှုဖြစ်၍ တစ်ဦးသေဆုံးကာ တစ်ဦး (စိုးရိမ်ရ)ဒဏ်ရာများ ရရှိခဲ့ကြောင်း မကွေးမြို့မရဲစခန်းက သိရသည်။

ဖြစ်စဉ်မှာ မကွေးမြို့ ချမ်းမြေ့သာယာရွာရှိ အိုးအိမ်ဦးစီးဌာန စီမံကိန်းအိမ်ရာ တိုက်အမှတ်(၅)၌ အောက်တိုဘာ ၅ ရက် ည ၇ နာရီခန့်က အော်သံများကြားရ သဖြင့် တေဇအောင်နှင့် ဟန်လင်းတို့ သွားရောက်ကြည့်ရှုခဲ့ရာ ဗေကြီး(ခ)ဇော်မျိုး အောင်မှာ လမ်းပေါ်တွင် ဒဏ်ရာများဖြင့် လဲကျသေဆုံးနေပြီး ၄င်းဘေး၌ အရိုး ခြောက်လက်မ၊ အသွား ၁၂ လက်မခန့်ရှိ ထင်းခုတ်ဓားမတစ်ချောင်းကို တွေ့ရှိရ ကြောင်း သိရသည်။

ထို့နောက် မကွေးမြို့နယ် ချမ်းမြေ့သာယာရွာရှိ အိုးအိမ်ဦးစီးဌာန စီမံကိန်း အိမ်ရာဝင်းနေသူ နိုင်ဝင်းသည် သွေးများပေနေသော အရိုးလေးလက်မခွဲ၊ အသွားခုနစ် လက်မခန့်ရှိသော ဓားမြှောင်တစ်ချောင်းကို ကိုင်ဆောင်ရောက်ရှိလာပြီး တေဇ အောင်နှင့် သက်ခိုင်တို့အား ဗေကြီး(ခ)ဇော်မျိုးအောင်နှင့် သားကြီး(ခ)ဝင်းရီတို့ အား ကန်ထရိုက်လုပ်ငန်းမှ ငွေထုတ်မပေးသည့်ကိစ္စနှင့်ပတ်သက်၍ စကားများ ရန်ဖြစ်ကာ မကျေနပ်၍ သတ်ခဲ့ကြောင်း ပြောဆိုနေစဉ် ဟန်လင်းရောက်လာပြီး အတူ နေသားကြီး(ခ)ဝင်းရီ (၅၁နှစ်) ဆိုက်တာဝန်ခံမှာလည်း တိုက်နှစ်ခုကြား လမ်းပေါ် ၌ ဒဏ်ရာများဖြင့် လဲကျနေကြောင်း ပြောပြသဖြင့် သွားရောက်ကြည့်ရှုရာ သားကြီး(ခ)ဝင်းရီတွင် ဓားဒဏ်ရာများ(စိုးရိမ်ရ)ရရှိထားသည်ကို ထပ်မံတွေရှိခဲ့ ရကြောင်း သိရသည်။ ဓားခုတ်ခံရသော လူနှစ်ဦးအနက် တစ်ဦး သေဆုံးသွားပြီး တစ်ဦးမှာ တိုင်းဒေသကြီး ပြည်သူ့ဆေးရုံ၌ ဆေးကုမှုခံယူလျက်ရှိကြောင်း မကွေးမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး စိန်အောင်၏ ပြောပြချက်အရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဓားဖြင့်ထိုးသူ နိုင်ဝင်းအား မကွေးမြို့မရဲစခန်းက အမှုဖွင့် ထားကြောင်း သိရသည်။

ကျော်ဇေယျ
Myanmaalinn

Tuesday, October 4, 2016

မုံရွာမြို့မရဲစခန်းတွင် ရဲကတော်အချင်းချင်း ဓားခုတ်မှုဖြစ်




မုံရွာ၊ အောက်တိုဘာ ၄။

စစ်ကိုင်းတိုင်းအစိုးရအဖွဲရုံးစိုက်ရာ မုံရွာမြို့၊မြို့မရဲစခန်း ရဲလိုင်းခန်းတွင် ရဲအုပ်ကတော်အချင်းချင်း စကားများ၍ ဓားခုတ်မှုတစ်ခု အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းက ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။

အချင်းများသူ နှစ်ဦးသည် တိုင်းရဲတပ်ဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ရဲအုပ်နှစ်ဦး၏ ဇနီးများဖြစ်ကြပြီး မြို့မရဲစခန်းဝန်ထမ်းလိုင်းခန်းတွင် လာရောက်နေထိုင်သူများဖြစ်ကြောင်း သိရသည်။

ဓားဖြင့်ခုတ်ခံရသူမှာ ရဲအုပ်ကျော်လင်း၏ဇနီး မစန္ဒာဦး ဖြစ်ပြီး ဓားဖြင့်ခုတ်သူမှာ ရဲအုပ်သောင်းထိုက်အောင်၏ ဇနီးစုစုလှိုင်ဖြစ်ကြောင်း အခုတ်ခံရသူ မစန္ဒာဦး၏ တိုင်ကြားစာအရ သိရသည်။

ဖြစ်စဉ်မှာ တရားလိုမစန္ဒာဦးသည် သားဖြစ်သူကို အော်ဟစ်ဆုံးမနေစဉ် အခန်းချင်းကပ်လျက်ရှိသော မစုစုလှိုင်မှ ၄င်းကို စောင်းမြောင်းပြောသည်ဟူ၍ နှစ်တောင်အရှည်ရှိသော ဓားရှည် တစ်ချောင်းဖြင့် အိမ်ရှေ့ရောက်လာကာ "သတ္တိရှိရင် ထွက်ခဲ့"ဟု စိန်ခေါ်ခဲ့ကြောင်း ပြန်လည် ရှင်းပြသည်ကို လက်မခံပဲ လက်ထဲတွင် အသင့်ပါလာသော ဓားဖြင့်ခုတ်ရာ မစန္ဒာဦး၏ လက်ဝဲ လက်သန်း ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရရှိသည့်သတင်းအရ ဓားခုတ်မှုဖြစ်စဉ်ကို အောက်တိုဘာ ၄ရက်နေ့၌ မြို့မရဲစခန်းတွင် နှစ်ဖက်စလုံးအပြန်အလှန် အမှုဖွင့်ထားကြောင်း သိရသည်။

ဟိန်းလင်းသန်
Central News Myanmar

Sunday, October 2, 2016

ဓါးထိုးမှုကို ပုဏ္ဏားကျွန်းရဲက မျက်ကွယ်ပြုထားဟုဆို


 


နိရဉ္စရာ၊ အောက်တိုဘာ ၂

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင် စက်တင်ဘာလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သော ဓါးထိုးမှုကို ရဲတပ်ဖွဲ့က မျက်ကွယ်ပြုထားသည်ဟု ဓါးထိုးခံရသူက ပြောဆိုသည်။

“ ဖြစ်တာက တစ်ပတ်ခန့်ရှိနေပါပြီ။ ပြစ်မှုကျူးလွန်သူကို သက်ဆိုင်ရာရဲစခန်းက ဖမ်းဆီးအရေးယူမှု မပြုလုပ်ဘဲ အခုအချိန်ထိ မျက်ကွယ်ပြုထားပါတယ်” ဟု ဓါးထိုးခံရသူ ဦးမောင်ထွန်းချေ (၄၁) နှစ်က နိရဉ္စရာ သတင်းဌာနသို့ အောက်တိုဘာလ ၁ ရက်နေ့ ညနေပိုင်းက တယ်လီဖုန်းမှ တစ်ဆင့် ဆက်သွယ် ပြောကြားသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဦးမောင်ထွန်းချေက ပြောပြသည်မှာ စက်တင်ဘာလ ၂၇ ရက်နေ့ ညဥ့် ၇ နာရီကျော်ခန့်၌ ဓါးထိုးမှု ကျူးလွန်သူ မောင်သားကြီး (၂၃) နှစ်သည် ဦးမောင်ထွန်းချေ၏ အိမ်ရှေ့ လမ်းမကြီးတွင် အ၀တ်မပါဘဲ ကိုယ်လုံးတီးဖြင့် ဆဲဆိုဖြတ်သန်းသွားလာနေကြောင်း၊ ထပ်မံ၍ သူ့အိမ်ရှေ့ဘက်လမ်းမသို့ ပြန်လှည့်လာပြီး ဆဲဆိုကြောင်း၊ ယင်းဆဲဆိုမှုကိစ္စကို ပတ်ဝန်းကျင်ရှိ ရပ်ကွက်သားများနှင့် ပြောဆိုနေစဉ် မောင်သားကြီး ဖခင်ရောက်ရှိလာကြောင်း၊ သူ့ဖခင်နှင့် အချေအတင် စကားပြောကြစဉ် မောင်သားကြီးက ဦးမောင်ထွန်းချေအား ဓါးဖြင့်ဝင်ထိုးခဲ့သည်ဟု ဆိုသည်။

ဓါးထိုးခံရသဖြင့် ဦးမောင်ထွန်းချေ၏ ညာဘက်လက်တံတောင်ဆစ်အောက်ပိုင်းတွင် အနက် ၅ လက်မက်ခန့် ဓါးဒဏ်ရာတစ်ချက် ရရှိခဲ့ပြီး ပုဏ္ဏားကျွန်းဆေးရုံက လက်မခံသဖြင့် စစ်တွေဆေးရုံကြီး အရိုးဆောင်တွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်က ဥပဒေအတိုင်း မှန်မှန်ကန်ကန် လုပ်ပေးစေချင်တာပါ။ ဘယ်လိုပြောရမလဲ ဥပမာ လူတစ်ယောက်ကို သေစေလောက်အောင် ကြံရွယ်ပြီး ဓါးနဲ့ထိုးတာကို ရဲက တာဝန်ရှိရှိနဲ့ ဖမ်းဆီး အရေးယူဖို့တော့ လိုအပ်ပါတယ်။ အခုက ဖမ်းဆီးမှုလည်း မလုပ်သေးဘူးဆိုတော့ ဥပဒေဟာ ဘယ်လိုမျိုးလဲလို့ မေးခွန်းထုတ်လိုပါတယ်” ဟု ဦးမောင်ထွန်းချေက ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပုဏ္ဏားကျွန်းမြို့မရဲစခန်းသို့နိရဉ္စရာက ဆက်သွယ်မေးမြန်းရာ စခန်းမှူး ဒုရဲမှူးသောင်းကြွယ်က “အမှုဖြစ်တဲ့နေ့က အမှုမဖွင့်ခဲ့ရဘဲ စစ်တွေဆေးရုံကို လူနာက အပြင်း သွားခဲ့ရပါတယ်။ အဲ့ဒါကြောင့် ဖြစ်ပွားတဲ့နေ့က အမှုဖွင့်ဖို့ မရလိုက်ဘူး။ နောက် ၂ ရက်လောက် ကြာပြီးခါမှ အမှုကို လာဖွင့်တာပါ။ အခု အမှုစစ်ဖို့ အရာရှိတစ်ဦးကို တာဝန်ပေးထားပါပြီ။ မျက်ကွယ်ပြုမထားပါဘူး။ အရေးယူဆောင်ရွက်သွားမှာပါ” ဟု ပြောကြားသည်။

ပြစ်မှုကျူးလွန်သူမှာ အခင်းဖြစ်ပွားသည့်နေ့ကတည်းက ရှောင်တိမ်းနေကြောင်း၊ အမှုစစ် ရဲအရာရှိမှ တရားခံကို ဖမ်းဆီး နိုင်အောင် စုံစမ်းနေကြာင်း၊ အမှုစစ်အရာရှိက ဒဏ်ရာရရှိသူကို စစ်ဆေးရန် ယနေ့ အောက်တိုဘာလ ၂ ရက်နေ့တွင် စစ်တွေသို့ သွားနေပြီဖြစ်ကြောင်း စခန်းမှူးက ရှင်းပြ ပြောဆိုသည်။

စံမောင်သန်း၊ ရန်ကုန်
Narinjara

Saturday, October 1, 2016

မိဘနှစ်ပါးသတ်ခဲ့မှုကို ဖုံးကွယ်ရန် အိမ်နီးချင်း ၁၇ ယောက်ကိုထပ်မံ သတ်ပစ်ခဲ့


 

လူမှုရေးအရပေါင်းရသင်းရခက်လှသည့် လူ့ဂွစာတစ်ဦးက

မိဘနှစ်ပါးသတ်ခဲ့မှုကို ဖုံးကွယ်ရန် အိမ်နီးချင်း ၁၇ ယောက်ကိုထပ်မံ သတ်ပစ်ခဲ့

ကူမင်း၊ အောက်တိုဘာ-၁

တရုတ်နိုင်ငံတောင်ပိုင်း မိသားစုတွင်း ငွေကြေးပြသနာစကားများရာမှ အစပြု၍ လူ ၁၉ ဦးသေဆုံးစေခဲ့သော သွေးစွန်းသည့် လူသတ်မှုကြီးတစ်ခုပေါ်ပေါက်ခဲ့သည်။

ရဲများက အသက် ၂၇ နှစ်ရှိပြီဖြစ်သော ယန်ကျင်းပိုင် သည်မိဘများနှင့် ငွေရေးကြေးရေးကိစ္စ အကြီးအကျယ် စကားများကြသည်ဟုဆိုသည်။

ချန်ဒူးစီးပွားရေး နေ့စဉ်သတင်းစာ က ပေါင်းရသင်းရခက်လှသော ဂွကျသည့် ယန်သည် လောင်းကစားပြုလုပ်ခြင်းကြောင့် အကြွေးလည်ပင်းနစ်လျက်ရှိကြောင်း ဖော်ပြခဲ့သည်။

သူ၏မိဘများက သူ့လောင်းကစားကြွေးများဆပ်ပေးရန်ငြင်းဆိုခဲ့ပြီးသည့်နောက်ပိုင်း ယန် အနေဖြင့် လွန်စွာ ပေါက်ကွဲလျက် သူရဲသူဘက်စီးသကဲ့သို့သတ်ဖြတ်ခဲ့ကြောင်းဆင်ဟွာ သတင်းဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော်လူငယ်သည်သူ့အား လူသတ်ကောင်အဖြစ်သတ်မှတ်ခံရမည်ကို ကြောက်ရွံ့ပုံပေါ်သည်။

ရဲများကသူသည် ရီမ ဟုခေါ်သောရွာငယ်လေးတွင် မျက်မြင်သက်သေများကိုဖျောက်ဖျက်ရန် အတွက် ကလေးငယ်များ အပါအ၀င် အိမ်နီးချင်း ၁၇ ယောက်ကို သတ်ပစ်ခဲ့သည်ဟုယူဆကြောင်း ပြောကြာခဲ့သည်။
ရဲများက အဆိုပါ ပြင်းထန်ရက်စက်သော ရာဇ၀တ်မှုကို ကျူးလွန်ရန် မည်သည့်လက်နက်ကို အသုံးပြုသွားသည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။

သူ့ကို အိမ်နီးချင်းများ၏ အလောင်းများအားရှာဖွေတွေ့ရှိပြီး နာရီပိုင်းအကြာ ၂၀၀ ကီလိုမီတာ အကွာရှိ ကူမင်းတွင် ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်။

စီအာအိုင်
ATO
china.com Myanmar

Friday, September 30, 2016

ကျွန်းစုမြို့နယ် စစ်ဘုကျေးရွာ၌ အရက်သောက်ရင်း စကားများရန်ဖြစ်ရာမှ အသက်(၄၀)အရွယ် အမျိုးသားတစ်ဦးသေဆုံး

 


ကျွန်းစု စက်တင်ဘာ ၂၉ ရက်

တနင်္သာရီတိုင်း ဒေသကြီး ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်စု၊ စစ်ဘုကျေးရွာတွင် စက်တင်ဘာလ(၂၇)ရက်နေ့ ည(၉)နာရီ အချိန်ခန့်က အရက်သောက်ရင်းစကားများရန်ဖြစ်ရာမှ အသက်(၄၀)အရွယ်ရှိ အမျိုးသားတစ်ဦးသေဆုံးခဲ့ ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ စစ်ဘုကျေးရွာနှင့်(၁)မိုင်ခန့်အကွာဥယျာဉ်တဲတွင် နေထိုင်သူဒေါ်အင်ကြည်သည် နေအိမ်တဲ၌ ရှိနေစဉ် ၎င်းခင်ပွန်းဖြစ်သူ ဦးချစ်လွင်(ခ)ဦးကျီးကန်း အသက်(၄၀)နှစ်မှ ခြံချင်းကပ်လျက် ဦးစစ်အေး၏ အလုပ်သမားများဖြစ်ကြသော မြိတ်မြို့၊ခုံမော်ကျေးရွာအုပ်စု၊ ဘန်မဲကျေးရွာနေ တင်သောင်း(ခ) တင်သန်းအသက်(၄၀)နှစ်၊ သန်းထွန်းအသက်(၄၀)နှစ်နှင့် သားပုအသက်(၃၀)နှစ်ခန့်တို့၏ နေအိမ်ဥယျာဉ်တဲ သို့သွားရောက်ရာမှ ပြန်မလာနိုင်သဖြင့် ဇနီးဖြစ်သူမှ လိုက်သွားရာ ၎င်းတို့နေအိမ်တဲပေါ်တွင် ခင်ပွန်းဖြစ်သူ ဦးချစ်လွင်နှင့် ဦးတင်သောင်းပါ(၃)ဦးမှ အရက်သောက်စားပြီး စကားများရန်ဖြစ်နေသဖြင့် ကြောက်ပြီးနေအိမ်တဲ သို့ပြန်လာခဲ့ရာ နံနက်မိုးလင်းသည်အထိ ခင်ပွန်းဖြစ်သူပြန်မလာနိုင်၍ သားမက်ဖြစ်သူ မောင်သိန်းစိုးနှင့် သမီးဖြစ်သူ မရီဝင်းတို့အားပြောပြကာ စစ်ဘုကျေးရွာရာအိမ်မှူး ဦးသန်းထွန်းထံ သွားရောက်အကြောင်းကြားခဲ့ ကြောင်းသိရသည်။

၂၀၁၆ခုနှစ်၊ စက်တင်ဘာလ(၂၈)ရက်နေ့ (၁၄း၀၀)အချိန်ခန့်တွင် ရာအိမ်မှူး ဦးသန်းထွန်းနှင့်အဖွဲ့တို့မှ ဦးတင်သောင်းပါ(၃)ဦးနေထိုင်ရာ ဥယျာဉ်တဲသို့ သွားရောက်ကြည့်ရှုရာ နေအိမ်တံခါးပိတ်ထားပြီး နေအိမ် အောက်တွင် သွေးကွက်များတွေ့၇ှိရသဖြင့် တံခါးဖွင့်ကြည့်ရာ နေအိမ်တဲပေါ်တွင် ဦးချစ်လွင်မှာ ၀ဲဘက်နားရွက် နောက်နှင့် လည်ပင်ဝဲဘက်နောက်တို့တွင် ပြတ်ရှဒါဏ်ရာများဖြင့် သေဆုံးနေပြီး တင်သန်းပါ(၃)ဦးတို့အား ရှာဖွေမတွေ့ရှိသဖြင့် ဒေါ်အင်ကြည်မှ စက်တင်ဘာလ(၂၉)ရက်(၁၃း၀၀)အချိန်ခန့်တွင် ကံမော်နယ်မြေရဲစခန်း၌ အမှုဖွင့်လှစ်တိုင်တန်းသဖြင့် ကံမော်နယ်မြေရဲစခန်းမှ (ပ)၃၅/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုအားလက်ခံ ဖွင့်လှစ်ခဲ့ပြီး စခန်းမှူး ရဲအုပ်ရဲမြင့်နှင့်တပ်ဖွဲ့ဝင်များမှ အခင်းဖြစ်ရာအရပ်သို့သွားရောက်ကာ ရဲလုပ်ငန်းများ ဆောင်ရွက်၍ အခင်းဖြစ်ရာအရပ်မှ သက်သေခံပစ္စည်းဖြစ်သော အသွား(၁၆)လက်မ၊ အရိုး(၁၁)လက်မခန့်ရှိ တောခုတ်ဓါး(၁)ချောင်းအား သိမ်းဆည်းရမိပြီး ပြစ်မှုကျူးလွန်ကာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသော ဦးတင်သောင်းပါ(၃)ဦးအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ကျွန်းစုမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Iprd Kyunsu

Thursday, September 29, 2016

အရက်မူးပြီးအော်ဟစ်ဆဲဆိုသူအားတားဆီးရာ ဓါးခုတ်မှုဖြစ် ခုတ်ခံရသူ လက်တဖက်ပြတ်


မိုးကောင်း ၊ စက်တင်ဘာ - ၂၈

ကချင်ပြည်နယ်၊မိုးကောင်းမြို့နယ်၊နန့်ဟိုင်ကျေးရွာတွင်
၂၇.၈.၂၀၁၆ရက်နေ့ည(၁၀)နာရီအချိန်ခန့်က
လရှီးနော်လာ(၂၂)နှစ်(ဘ)ဦးလရှီးတူးခောင်
ရပ်ကွက်(၂)၊နန့်ဟိုင်ကျေးရွာ၊မိုးကောင်းမြို့နယ်တွင်နေထိုင်သူ
သည်အရက်သေစာသောက်စားမူးယစ်ပြီး
ကျေးရွာအတွင်းဆဲဆိုကြိမ်းမောင်းနေရာ
ဦးရှဒမ်ဇော်ဆိုင်း(ဘ)ဦးဇော်ရီမှကျေးရွာအတွင်းယခုကဲ့သို့ဆဲဆိုခြင်းမပြုရန်တားမြစ်ရာလရှီးနော်လာမှအသင့်ယူဆောင်လာသောဓားဖြင့်ခုတ်သဖြင့်
ဦးရှဒမ်ဇော်ဆိုင်းဆိုသူ၏
ဝဲဘက်လက်ကောက်ဝတ်မှာပြတ်သွားပြီး
ယာဘက်လက်ကောက်ဝတ်တွင်(၂)လက်မခန့်ပြတ်ရှဒါဏ်ရာများရရှိခဲ့ကြောင်း
လူနာအားနန့်ဟိုင်ကျေးရွာဆေးပေးခန်းတွင်လတ်တလောကုသမှုခံယူပြီး
ည(၁၂)နာရီအချိန်ခန့်တွင်လောကတ္တစရိယလူမှုကူညီရေးအသင်း(မိုးကောင်းမြို့)မှမြစ်ကြီးနားဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

အမှုဖြစ်စဉ်နှင့်ပါတ်သက်၍
၂၈.၉.၂၀၁၆ရက်နေ့နံနက်(၈.၃၀)နာရီအချိန်တွင်
တရားလိုဦး(...)နန့်ဟိုင်ကျေးရွာနေထိုင်သူမှမိုးကောင်းမြို့မရဲစခန်းတွင်ဥပဒေအရအရေးယူပေးရန်တိုင်တန်းခဲ့သဖြင့်
ပြစ်မှုအမှတ် ၇၅/၂၀၁၆
ရာဇသတ်ကြီးပုဒ်မ (၃၂၆)အရ
မိုးကောင်းမြို့မရဲစခန်းတွင်အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရန်စီစဉ်လျက်ရှိကြောင်းသိရှိရပါသည်
တရားခံမှာထွက်ပြေးတိမ်းရှောင်နေကြောင်းသိရှိရပါသည်။

မိုးကောင်းသတင်းမီဒီယာ