Sunday, June 26, 2016

KIA သောင်းကျန်းသူအဖွဲ့မှ အရာရှိ (၂)ဦးနှင့် အခြားအဆင့်(၉)ဦးတို့ တရုတ်ယွမ်ငွေများနှင့်အတူ အလင်းဝင်ရောက် ============================================


25, June, 2016 By Kachin Land

KIA သောင်းကျန်းသူအဖွဲ့ တပ်မဟာ(၈)မှ ဗိုလ်ကြီး အဆင့်ရှိ အားဆီ၊ ဗိုလ်အဆင့်ရှိ လဇီး၊ တပ်ကြပ်ကြီးအဆင့်ရှိ အားဖူဦးစီး (၁၁)ဦးသည် ဇွန်လ ၂၀ ရက်နေ့တွင် ရတခလရ(၃၆၈)သို့ တရုတ်ယွမ်ငွေများနှင့်အတူ လက်နက်မဲ့လာရောက် အလင်းဝင်ခဲ့ကြောင်း သတင်းရရှိပါသည်။
၎င်းတို့ (၁၁)ဦးမှာ လီဆူလူမျိုးများဖြစ်ပြီး KIA တို့၏ လူမျိုးရေးခွဲခြားဆက်ဆံခြင်း၊ အာဏာ ရှင်ဆန်စွာ အကြောက်တရားဖြင့် အုပ်ချုပ်ခြင်း၊ ဆက်ကြေးကောက်ခံရရှိငွေများနှင့် ကချင် ပြည်နယ်အတွင်း ထွက်ရှိသည့်သယံဇာတများကို ခေါင်းဆောင်များမှ ၎င်းတို့ကိုယ်ကျိုးအတွက်သာ အသုံးပြုနေပြီး ငယ်သားများကို လစာရိက္ခာလုံလောက်စွာ ထောက်ပံ့ပေးမှုမရှိခြင်းတို့ကြောင့် ထွက်ပြေးလာကြောင်းသိရှိရပါသည်။
"အခု ကျွန်တော်တို့ဆီမှာ ပါလာတဲ့ တရုတ်ပိုက်ဆံတွေက တပ်မဟာမှူး ရုံးခန်းထဲက ယူလာတာပါ။ ကုန်သည်တွေဆီက ဆက်ကြေးကောက်ခံရရှိတဲ့ ပိုက်ဆံတွေကို တပ်မဟာမှူးကနေ တဆင့် ဌာနချုပ်ကို ပြန်ပို့ပေးရတယ်။ ဌာနချုပ်က လစာရိက္ခာလည်း ပြန်မပို့ပေးဘူး။ သူတို့ ကိုယ်ကျိုးအတွက်ပဲ သုံးနေကျတာ။ မြေပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ငယ်သားတွေ မှာတော့ စားစရာတောင်မရှိဘူး။ အဲဒါကြောင့် ပိုက်ဆံတွေယူပြီး ထွက်ပြေးလာတာ"ဟု ဗိုလ်ကြီး အားဆီမှ ပြန်လည်ပြောကြားပါသည်။

No comments: