Thursday, June 30, 2016

ဦးခေါင်းမှာ ပေါက်တူးနဲ့ ထုတဲ့ ဒါဏ်ရာအပြင် ဓားဒါဏ်ရာများ ပါတွေ့ရှိရတဲ့ လူသတ်မှု


ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ် မြို့လှမြို့ အရှေ့တောင် ဘက် ၃ မိုင်ခန့် အကွာ ဆည် မြောင်းဘောင်အနီးမှာ တစ်ရပ် တည်းသားချင်း ဝိုင်းဖွဲ့ အရက် သောက်စားကြရာက စကားများ ရန်ဖြစ်ကာ လူသတ်မှုတစ်ခု ဇွန်လ ၂၉ ရက်နေ့ ဖြစ်ပွားခဲ့ပါ တယ်။


သေသူက ကျွန်းပင်စု ရွာနေ ဦးထွန်းလှ ၆၈ နှစ်ဖြစ်ပြီး ဦးခေါင်းမှာ ပေါက်တူးနဲ့ ထုတဲ့ ဒါဏ်ရာအပြင် ဒါးဒါဏ်ရာများ ပါတွေ့ရှိရတဲ့အတွက် နယ်ထိန်း ခေါင်းဆောင် ရဲအုပ် သန့်ဇော် ဟိန်း နှင့်အဖွဲ့က ပြစ်မှုကျူးလွန် သူကိုစုံစမ်းခဲ့ပြီး ဒီကနေ့ မနက် ပိုင်း ၁၀ နာရီခွဲ အချိန်က စစ် တောင်းမြစ်အရှေ့ဘက်ကမ်း ဘူးအိုင်ရွာ နဲ့ သဲကောကျေးရွာ ကြားမှာ ဖမ်းမိပါတယ်။

ပြစ်မှုကျူး လွန်သူသူနှစ် ယောက်ဟာ ဒေါင်းနန်းကျ ကျေးရွာ နေသူများဖြစ်ပြီး မြို့လှနယ်မြေ ရဲစခန်းအပိုင်မှာ တစ်လအတွင်း ဒုတိယမြောက် လူသတ်မှုဖြစ် ပါတယ်။

Ko Lwin

No comments: