Wednesday, June 29, 2016

တရားမ၀င်ကျောက်စိမ်းတုံးသယ်ဆောင်လာသူများအားဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးတုံနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် တပ်မတော်စစ်ကြောင်းမှ လုံခြုံရေးလိုက်ပါလျှက် လှည့်ကင်းဆောင်ရွက်စဉ် ဇွန် ၂၈ ရက်  ၇ နာရီ ချိန်ခန့်တွင် ဖားကန့်မှ မိုးညှင်းဘက်သို့ မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ တောင်ဒွါလောင်း ရပ်ကွက်နေ ဦးချစ်သန်း(ဘ) ဦးထွန်းလတ် မောင်းနှင်လာသည့် နစ်ဆန်းအမျိုးအစား (ခဲရောင်) (လိုင်စင်မဲ့)ယာဉ်အား  ရပ်တန့်ရှာဖွေစစ်ဆေးရာ ယာဉ်နောက်ခန်း၌ ဆာလာအိတ်ဖြင့်ထုပ်လျက် တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းတုံးဆိုဒ်စုံ ၁၇၀ တုံး (၄၅ ပိဿာ)ခန့်အား ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူများ၊ ယာဉ်နှင့် တရားမ၀င်သယ်ဆောင်လာသော ကျောက်စိမ်းတုံး များအား လုံးတုံနယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

No comments: