Sunday, June 26, 2016

ပုဇွန်တောင်ဈေးအတွင်း ငါးလသားအရွယ် ကလေးငယ်ကို လာရောက်စွန့်ပစ်မှုဖြစ်ပွား

ပုဇွန်တောင်မြို့နယ်(၆) ရပ်ကွက် ပုဇွန်တောင်ဈေးအတွင်းရှိ ဘဲဥဆိုင်ဘေးတွင် အသက် ငါးလအရွယ် ကလေးငယ်တစ်ဦးကို လာရောက်စွန့်ပစ်ခဲ့ကြောင်း ပုဇွန်တောင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

 လာရောက်စွန့်ပစ်ခဲ့သည့် ငါးလအရွယ် ကလေးငယ်သည် ယောက်ျားလေးဖြစ်ပြီး ဇွန်လ ၂၃ ရက် ညနေတွင် ၀မ်းစတားဘဲဥဆိုင်ဘေး၌ လာရောက် စွန့်ပစ်ခဲ့ခြင်းဖြစ်ပြီး စွန့်ပစ်ခဲ့သူ အမျိုးသမီးကို ဖမ်းဆီးရမိခြင်း မရှိကြောင်း ရဲအုပ်မျိုးသန့်ကပြောသည်။
‘‘ကလေးကို လာပစ်သွားတဲ့ သူက အမျိုးသမီးတစ်ယောက်ဆို တာပဲ သိရတယ်။ ဘာကြောင့် လာပစ်သွားလဲဆိုတာတော့ မသိ ရသေးပါဘူး။ ကလေးကို လက်ရှိမှာတော့ ဈေးက လင်မယားနှစ် ယောက်က ထိန်းသိမ်းစောင့်ရှောက်ထားတယ်။ ကလေးပိုင်ရှင်ပေါ်ရင်တော့ ပြန်ပေးမှာပါ’’ဟု အဆိုပါရဲအရာရှိက ပြောသည်။
ကလေးငယ်ကို ထိန်းသိမ်း စောင့်ရှောက်သူများသည် အဆိုပါ ဈေးအတွင်း ဈေးရောင်းချနေ သည့် အမျိုးသမီးနှင့် အမျိုးသားမှာ ဆိုက်ကားနင်းသူဖြစ်ပြီး ဒေါပုံမြို့နယ်၌ နေထိုင်သူများဖြစ်ကြောင်း ပုဇွန်တောင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
‘‘ကလေးက ငါးလအရွယ် တောင် ရောက်နေပြီ။ အခုမွေးစား ချင်တဲ့သူတွေကိုလည်း သေချာ ပြောထားပါတယ်။ ကလေးပိုင် ရှင်ပေါ်ရင်တော့ ပြန်ပေးရမယ်။ ဈေးကလူကြီးတွေနဲ့ မိခင်နဲ့ ကလေးစောင့်ရှောက်ရေးအသင်း သူတွေ လက်မှတ်ထိုးပြီး ပြော ထားတယ်။ အခုတော့ ယာယီစောင့်ရှောက်ခွင့် ပေးထားပါ တယ်’’ဟု အဆိုပါရဲအရာရှိက ပြောသည်။
ကလေးငယ်ကို လာရောက် စွန့်ပစ်ခဲ့သည့် အမျိုးသမီးကိုလိုက် လံရှာဖွေနေပြီး ပုဇွန်တောင်မြို့မ ရဲစခန်းက ပြစ်မှုပုဒ်မ ၃၁၇ ဖြင့် အ မှုဖွင့် အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။

No comments: