Thursday, June 30, 2016

ရတနာထွန်း ရေသန့် စက်ရုံကိုစစ်ဆေးခြင်း



ရှမ်းပြည်နယ်(မြောက်ပိုင်း)၊စားသုံးသူရေးရာဦးစီးဌာနမှဒုတိယပြည်နယ်ဦးစီးမှူးနှင့် ၀န်ထမ်းများသည် စက်မှုကြီးကြပ်မှတာဝန်ခံ၊ရပ်ကွက်(၁၂)မှတာဝန်ခံနှင့်နယ်မြေခံရဲကင်းမှ ရဲတပ်ကြပ် ကြီးတို့ နှင့်အတူ ရပ်ကွက်(၁၂)ရှိရတနာထွန်း သောက်ရေသန့် စက်ရုံသို့ သွားရောက်၍ ခွင့်ပြုလိုင်စင်/ထောက်ခံချက်များရှိ/မရှိ၊ သတ်မှတ်စံချိန်စံညွှန်းများပြည့်မီမှုရှိ/မရှိ နှင့်သန့် ရှင်းစွာထုတ်လုပ်နေမှုရှိ/မရှိတို့ ကို သွားရောက်စစ်ဆေးခဲ့ပါသည်။


ထို့ သို့ စစ်ဆေးရာတွင် အောက်ပါအတိုင်းစစ်ဆေးတွေ့ ရှိရပါသည်-
၁။ စည်ပင်လုပ်ငန်းလိုင်စင်မရှိပါ။
၂။စက်မှုကြီးကြပ်၏ ပုဂ္ဂလိက စက်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ်မရှိပါ။
၃။ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ထားမှုမရှိပါ။
၎။FDA ထောက်ခံချက်မရှိပါ။
ရေသန့် ထုတ်လုပ်ရာတွင် သန့် ရှင်းသပ်ရပ်မှုမရှိပါ။ရေသန့် စက်သည် ယခင်စတင်ထုတ်လုပ်ပြီးကတည်းက အဆင့်မြှင့်တင်ထားမှု မရှိသည်ကိုတွေ့ ရပါသည်။ ရေသန့် ကို သတ်မှတ်စံချိန်၊စံညွှန်းအတိုင်းအဆင့်မီ/မမီစမ်းသပ်စစ်ဆေးရာတွင် လည်းအဆင့် မမီကြောင်းတွေ့ ရှိရပါသည်။


သို့ ဖြစ်ပါ၍ရတနာထွန်း ရေသန့် စက်ရုံကို FDA ထောက်ခံချက်ပြုလုပ်ထားရန်၊ စည်ပင်တွင်လုပ်ငန်းလိုင်စင်ပြုလုပ်ထားရန်၊ စက်မှုကြီးကြပ်၏ ပုဂ္ဂလိက စက်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ်ပြုလုပ်ထားရန်နှင့်ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ထားရန်တို့ ကို ညွှန်ကြားခဲ့ပါသည်။ စားသုံးသူပြည်သူများ ယုံကြည်စိတ်ချစွာဖြင့် သောက်သုံးနိုင်ရန်အတွက် အထက်ဖော်ပြပါ ထောက်ခံချက်လိုင်စင်များပြုလုပ်ထားရန်၊ရေသန့် စက်ကိုပြန်လည်အဆင့်မြှင့်တင်ထားရန်နှင့် သပ်ရှင်းသပ်ရပ်စွာထုတ်လုပ်ရန်လိုအပ်ပါကြောင်းသုံးသပ်အသိပေးအပ်ပါသည်။


လားရှိုးမြို့ပေါ်ရှိရေသန့် စက်ရုံများကို လိုက်လံစစ်ဆေးပြီးပါက လိုအပ်သည့်အထောက်အထား/ထောက်ခံချက်များ ၊စံချိန်စံညွှန်းမပြည့်သည့် ရေသန့် စက်ရုံများကိုလိုအပ်သလိုအရေးယူဆောင်ရွက်နိုင်ရေး ပြည်နယ်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ သို့ တင်ပြ၍လမ်းညွှန်မှု ခံယူဆောင်ရွက်သွားပါမည်။ မိမိတို့ ဌာနမှလားရှိုးမြို့ပေါ်ရှိကျန်ရှိနေသေးသော ရေသန့် စက်ရုံများကို လိုက်လံစစ်ဆေးပြီး ဆက်လက်တင်ပြသွားပါမည်။

စားသုံးသူရေးရာ လားရှိုး
Lashio Media

No comments: