အိန္ဒိယနိုင်ငံတွင်
မိုးပဲ စိုက်ပျိုးနိုင်မည့် ရာသီဥတုအခြေ အနေကို အိန္ဒိယကုန်သည်များက
စောင့်ကြည့်နေ၍ မြန်မာနိုင်ငံမှ ပဲအ၀ယ်ခေတ္တရပ်နားထားကြောင်း မြန်မာနိုင်ငံ
ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းမှ သတင်းရရှိသည်။
အိန္ဒိယမှ တင်ဒါအခေါ် ရှိ သော်လည်း အိန္ဒိယကုန်သည်များ က မုတ်သုံမိုးအခြေအနေကို စောင့် ကြည့်ပြီး ဇွန်လ တတိယပတ် တွင် ပဲအ၀ယ်ရပ်ခဲ့ခြင်းကြောင့် ပြည်တွင်းဈေးကွက်၌ မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်း တစ်တန်လျှင်ကျပ်တစ်သောင်းခွဲ ဈေးကျဆင်းလာကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ပဲကုန်သည် အချို့က ပြောကြားသည်။
‘‘ပြည်တွင်း ဈေးနှုန်းက ဒီ ရက်ပိုင်းတွေမှာ အတက်အကျ များတယ်။ အိန္ဒိယနိုင်ငံရဲ့ အ၀ယ် ပေါ် မူတည်ပြီး ဈေးက အပြောင်း အလဲဖြစ်တာပါ’’ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းအတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။ ပြည်တွင်းဈေးကွက်တွင် မတ်ပဲတစ်တန်လျှင် ကျပ်ဆယ့်ရှစ်သိန်းသုံးသောင်း၊ ပဲစင်းငုံ တစ်တန်လျှင် ကျပ်ဆယ့်ငါးသိန်းငါးထောင်ခန့်ဈေးရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ပဲကုန်သည်တစ်ဦးက ပြောသည်။ ဇွန်လဒုတိယပတ်က မတ်ပဲတစ်တန်လျှင် ကျပ် ဆယ့်ငါးသိန်းလေးသောင်းခွဲဈေးရှိပြီး ပဲစင်းငုံတစ်တန်လျှင် ကျပ် ဆယ့်ငါးသိန်းနှစ်သောင်းခွဲဈေးရှိခဲ့သည်။
ပြည်တွင်းပဲကုန်သည်အချို့ သည် ရှေ့လများတွင် အိန္ဒိယမှ ပဲ ၀ယ်လိုအားမြင့်တက်ပါက ပြည် တွင်းဈေးနှုန်း မြင့်တက်လာနိုင်မည်ဟု မျှော်လင့်နေကြသည်။မြန်မာနိုင်ငံသည် ယခုနှစ်မတ် ပဲနှင့် ပဲစင်းငုံပေါ်ချိန်တွင် အယ်လ်နီညိုရာသီဥတုဒဏ် ခံရသဖြင့် ဒေသအချို့၌ ပဲအထွက် လျော့နည်းသည်။
ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှာ လည်း ဆိပ်ကမ်းတွင် ကွန်တိန်နာ ပိတ်ဆို့မှုများ၊ ဂိုဒေါင်မှ ဆိပ်ကမ်း များထံသို့ ကုန်သေတ္တာများသယ် ရန် ကားငှားရမ်းမှု မရခဲ့ခြင်း ကြောင့် ပဲတင်ပို့မှု ယခင်နှစ်ထက် လျော့နည်းခဲ့ရသည်။

No comments:
Post a Comment