ကာကွယ်ရေးအ မြင်၊ စစ်ရေးအမြင်တစ်ခုတည်း ဖြင့် နိုင်ငံတော်ကို ကာကွယ်၍မရ
နိုင်ကြောင်း ပြည်ထောင်စုလွှတ် တော် ဥပဒေရေးရာနှင့် အထူးကိစ္စ
ရပ်များလေ့လာဆန်းစစ် သုံးသပ် ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေ မန်းက
ပြောကြားသည်။
‘‘ဒီကနေ့ နိုင်ငံတော်ကို ကာ ကွယ်ကြဟေ့’’လိုပြောရင် လက် နက်ကိုင်တပ်ဖွဲ့ တစ်ခုတည်းနဲ့ နိုင်ငံတော်ကို မကာကွယ်နိုင်ပါ ဘူး။ နိုင်ငံတော်ကို ကာကွယ်ဖို့ဆို ရင် တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံသားအားလုံးပါဝင်ဖို့ လိုပါတယ်။ တာ ဝန်လည်းရှိပါတယ်။ နိုင်ငံတော် ကာကွယ်တယ်ဆိုတာ ကာကွယ် ရေးအမြင်၊ စစ်ရေးအမြင်တစ်ခု တည်းနဲ့ မရပါဘူး။ ဒီနေ့လို ဘက် စုံဖွံ့ဖြိုးတိုးတက်တဲ့ အနေအထား မှာ ပညာရေးဟာလည်း နိုင်ငံ တော်ကို ကာကွယ်ဖို့ရော၊ တည် ဆောက်ဖို့ရောအတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှာပါပါတယ်’’ဟု သူရဦးရွှေမန်းက ပြောကြားသည်။
နေပြည်တော်ကောင်စီနယ် မြေ၊ ဇေယျာသီရိမြို့နယ် စိမ်းစားပင်ကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းတွင် ဇွန်လ ၂၅ ရက်က ပြုလုပ်သည့် အခြေခံပညာ အထက်တန်း ကျောင်းများမှ ၂၀၁၅-၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင် မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်အ ကောင်းဆုံးကျောင်းများအား ဂုဏ်ပြု ချီးမြှင့်ခြင်း အခမ်းအနား၌ သူရဦးရွှေမန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထူးချွန်ကျောင်းသား ကျောင်းသူများ ဂုဏ်ပြုသော အခမ်းအနားသို့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုး အောင်လည်း တက်ရောက်ခဲ့ သည်။
ထို့အတူ ယနေ့မြန်မာနိုင်ငံ အနေဖြင့် အခြားနိုင်ငံများနည်းတူ ဖွံ့ဖြိုးတိုးတက်မှု မရှိသေးသည့် ဖြစ်ရပ်များနှင့် နိုင်ငံတွင်း အမျိုး သားရင်ကြားစေ့ရေး(သို့မဟုတ်)အမျိုးသားသင့်မြတ်ရေးကိစ္စ မ လုပ်နိုင်ခြင်းမှာလည်း နိုင်ငံတွင်းရှိ နိုင်ငံသားများ၏ပညာရေးနိမ့်ကျ နေ၍ဖြစ်ကြောင်း သူရဦးရွှေမန်း က ဆိုသည်။
သူရဦးရွှေမန်းက နိုင်ငံတော် ကာကွယ်ရေးတွင် ပညာရေးသည်အရေးကြီးသည့် ထိပ်တန်းနေရာတွင် ပါဝင်နေသည်ကို သိရှိ ရန် လိုအပ်ကြောင်း၊ ထို့အတူ နိုင် ငံတော်ကို ကာကွယ်ရာတွင် နိုင်ငံ တော်၏နိုင်ငံခြားရေးမူဝါဒအရေး ကြီးသကဲ့သို့ သံတမန်ဆိုင်ရာ ဝန် ထမ်းများ၏ကဏ္ဍကို လျစ်လျူပြု ထား၍ မရကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးတွင် နိုင်ငံတော်၏စီးပွားရေးတောင့်တင်းခိုင်မာရန် လို အပ်သဖြင့် နိုင်ငံသားတစ်ဦးချင်း စီ၏စီးပွားရေးတောင့်တင်းခိုင်မာ ရေးလည်း လိုအပ်ကြောင်း၊ မည် သည့်ကိစ္စမဆို ပေးခြင်းနှင့်ယူခြင်း သည် မျှတပြီး သဟဇာတဖြစ်မှ အဆင်ပြေမည်ဖြစ်ကြောင်း စသည့် ကိစ္စရပ်များ ထည့်သွင်း ပြောကြားခဲ့သည်။
‘‘ငြိမ်းချမ်းရေးဖြစ်စေ၊ အမျိုး သားရင်ကြားစေ့ရေးဖြစ်စေ ကိုယ်ကချည်း ယူချင်နေလို့မရဘူး။ အ ပေးအယူမျှဖို့ လိုတယ်’’ဟု ဦးရွှေ မန်းက ပြောသည်။
‘‘ပြီးရင် တစ်ဦးနဲ့တစ်ဦး၊ တစ်ဖက်နဲ့တစ်ဖက် နားလည်ဖို့ လို တယ်။ နားလည်ဖို့အတွက် သူ့ ဘက်ကလည်း ကြည့်ရမယ်။ ကိုယ့်ဘက်ကလည်း ကြည့်ရမယ်။ အဲဒီ လိုဆောင်ရွက်နိုင်မယ်ဆိုရင် ငြိမ်း ချမ်းရေးရော၊ အမျိုးသားရင်ကြား စေ့ရေးရော တခြားဘယ်ကိစ္စဖြစ် ပါစေ အောင်မြင်သွားမှာ ဖြစ်ပါ တယ်။ လက်နက်ကိုင်အဖွဲ့အ စည်းတစ်ခုတည်းနဲ့ နိုင်ငံတော်ကို လုံလောက်စွာ ကာကွယ်လို့မရ ဘူး။ လက်နက်ကိုင်အဖွဲ့အစည်း လည်း ရှိရမှာပဲ။ ဒါပေမဲ့ နိုင်ငံတော်ကာကွယ်ဖို့ဆိုရင် ပညာရေးဟာ လည်း လိုတယ်’’ဟု သူရဦးရွှေမန်းက ဆက်လက်ပြောကြားသည်။
ထို့အပြင် အမျိုးသားပညာ ရေးဥပဒေကြမ်းကို ဥပဒေရေး ရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင် အနေဖြင့် နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံ တင်ပြထားပြီး ပညာရေးမူဝါဒ များ ပိုမိုကောင်းမွန်စေရန် သက် ဆိုင်သည့်ကိစ္စရပ်များ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
‘‘တိုင်းပြည်ကို ထူထောင်ဖို့ အတွက် ဥပဒေပေါင်းအသစ်များ စွာကို ကျွန်တော်တို့ရေးဆွဲခဲ့သလို အဟောင်းတွေကိုလည်း ပြုပြင်ခဲ့ ကြရပါတယ်။ ဒီအထဲမှာ ပညာ ရေးနဲ့ပတ်သက်တဲ့ ဥပဒေဟာဖြင့် တော်တော်လေးကို ခက်ခက်ခဲခဲ ပြင်ဆင်ခဲ့ကြရပါတယ်။ အဓိက အကျဆုံးဖြစ်တဲ့ အမျိုးသားပညာ ရေးဥပဒေကိုလည်း အောင် အောင်မြင်မြင်နဲ့ အခုလက်ရှိ ဥပ ဒေရေးရာနဲ့ အထူးကိစ္စရပ်ကော် မရှင်ဥက္ကဋ္ဌဖြစ်နေတဲ့ သူရဦးရွှေ မန်းနဲ့အတူ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နဲ့အတူ လက်တွဲပြီးတော့ အင်မတန်မှ အရေးကြီးတဲ့ အမျိုး သားပညာရေးဥပဒေကို ရေးဆွဲ နိုင်ခဲ့ပါတယ်’’ဟု နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုး အောင်က ပြောသည်။

No comments:
Post a Comment