ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအရေး ကူညီ ဆောင်ရွက်နေသော အဖွဲ့အစည်း
များသည် မိမိနိုင်ငံသားများ၏ အ ရေး ဆောင်ရွက်ပေးရာတွင် ခေါင်းပုံဖြတ်
လုပ်အားခတောင်းခံ ပါက ဥပဒေအရ အရေးယူမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က သတိ ပေးပြောကြားသည်။
ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများအရေး ဆောင်ရွက် နေသော အဖွဲ့အစည်းများကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ ဇွန်လ ၂၅ ရက်က တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားခြင်းဖြစ်သည်။
‘‘တချို့ ကျွန်မကို တိုင်ပါ တယ်။ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေ၊ အဖွဲ့အ စည်းတွေ ကိုယ်တိုင်က တစ်ခါ တလေ ခေါင်းပုံဖြတ်တာလေး တွေ။ ဟုတ်တယ်လေ ဒါအမှန်အတိုင်းပြောရမှာပဲ။ လုပ်ပေးခလေး တွေ ယူတာလေးတွေရှိပါတယ်လို့ ပြောတယ်။ ဒါတွေ မလုပ်ပါနဲ့။ ကိုယ့်လူမျိုးအချင်းချင်းကို ဒီလိုမ လုပ်ပါနဲ့။ ဒုက္ခရောက်နေသူတွေ ကို ဖိပြီးတော့ နင်းတယ်ဆိုတာ လုပ်သင့်လုပ်ထိုက်တာ မဟုတ် ဘူး။ အကယ်၍ ကျွန်မတို့ သိလို့ရှိ ရင် ကျွန်မတို့နိုင်ငံရဲ့ ဥပဒေအရ လည်း အရေးယူပါမယ်။ လုပ်တဲ့ အဖွဲ့အစည်းတွေရှိရင် သတိပေး ပါ။ သီလရယ်၊သမာဓိရယ်အရ မ လုပ်သင့်ပါဘူး။ ဥပဒေအရလည်း မလုပ်သင့်ပါဘူး။ တကယ့်ကို စေတနာသန့်သန့်နဲ့လုပ်နေတဲ့ အ ဖွဲ့အစည်းတွေကို ကျေးဇူးတင်ပါ တယ်။ ကျွန်မတို့ကို ကူညီတယ်လို့ ပဲ လက်ခံပါတယ်’’ဟု ဒေါ်အောင် ဆန်းစုကြည်က ထိုင်းရောက် မြန်မာလုပ်သားများအရေး ကူညီ ဆောင်ရွက်ပေးနေသည့် အဖွဲ့အ စည်းများအား ပြောကြားသည်။
အလုပ်သမားအရေး ဆောင် ရွက်ပေးနေသော အဖွဲ့အစည်း များအား မြန်မာလုပ်သားများ အရေး အပြည့်အ၀ကူညီပေးရန်ဒေါ်တိုက်တွန်းပြောကြားသည်။
‘‘ဟိုတစ်နေ့ကအလုပ်သမား တွေနဲ့ ကျွန်မ တွေ့တဲ့အခါကျ တော့ အလုပ်သမားအရေးကူညီ နေတဲ့ အဖွဲ့အစည်းတွေက ဘယ် လောက်အထိ ကူညီသလဲလို့မေး တော့ ၅၀ ရာခိုင်နှုန်းပဲ ကူညီတယ် လို့ ပြောတယ်။ ၅၀ ရာခိုင်နှုန်းဆို တော့ ကျွန်မတို့တစ်တွေ အလုပ်သမားတွေကို ကူညီနေတဲ့အဖွဲ့တွေက ပိုပြီးတော့လုပ်ဆောင်ပေးဖို့လိုမယ်လို့ ထင်တယ်။ ၅၀ ရာခိုင်နှုန်း နဲ့ မလုံလောက်ပါဘူး’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
‘‘ကျွန်တော့်အနေနဲ့ ကိုယ် ကိုယ်တိုင်က လုပ်မထားဘူးဆို တာ စိတ်မကောင်းဘူးပေါ့။ ကျွန် တော်တို့လည်း တတ်နိုင်သ လောက် အပြည့်အ၀ကူညီနေတာ ပဲ။ ကျွန်တော်တို့ရုံးမှာ ကျွေးမွေး စောင့်ရှောက်ပြီး ကူညီနေတာ။ ကျွန်တော်တို့ ကူညီနေတာ ၅၀ ရာခိုင်နှုန်းမကဘူး။ ၁၀၀ ရာခိုင် နှုန်းတောင် မကဘူးလို့ထင်တယ်။ ဘာလို့လဲဆိုတော့ သူများသတ် ရင် သတ်လို့ရတဲ့အနေအထား၊ ကိုယ့်အသက်ကိုယ်ရင်းပြီး ကူညီ ပေးနေတာ။ အမှုတစ်ခု၊ နှစ်ခု တည်း မဟုတ်ဘူး။ အဲဒီတစ်ခု တော့ စိတ်ထဲမှာ နည်းနည်းခံစား ရတယ်။ ပြီးတော့ အလုပ်သမား ဆီက ပိုက်ဆံပြန်တောင်းတဲ့ကိစ္စ ကတော့ တခြားအဖွဲ့တွေရှိ၊ မရှိ မသိဘူး။ ကျွန်တော်တို့အဖွဲ့က တော့ အဲဒီလိုလုပ်လို့မရဘူး။ တ ခြားအဖွဲ့တွေ လုပ်တယ်လို့လည်း မကြားမိဘူး။ တစ်ခုတော့ရှိတာ ပေါ့။ ကူညီပေးလိုက်လို့ ကျေးဇူး တုံ့ပြန်တဲ့သဘောနဲ့ ပေးတာမျိုး တော့ ရှိနိုင်ပါတယ်’’ဟု ရွှေ့ ပြောင်း မြန်မာလုပ်သားများအ ရေး ကူညီဆောင်ရွက်နေသော မဟာချိုင်မြို့ အခြေစိုက် AAC အဖွဲ့မှ ကိုရဲမင်းက ပြောသည်။
‘‘ဒါကတော့ ကိုယ်တွေ အ လုပ်သမားကူညီရေးလောကမှာ လည်း တချို့ အယောင်ဆောင် တွေ၊ ဗန်းပြလုပ်နေတဲ့လူတွေရှိနေတာပဲ။ ဒေါ်စုကလည်း ကြားပါ လိမ့်မယ်။ ဒါကြောင့် သတိထား ကြလို့ ပြောတဲ့ပုံပါ’’ဟု ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန် ရက် (MWRN)ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောကြားသည်။

No comments:
Post a Comment