Wednesday, June 29, 2016

အစ္စတန်ဘူးလ်မြို့ Ataturk လေဆိပ်တွင် အသေခံဗုံးဖောက်ခွဲမှုနှင့် သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၃၆ ဦး သေဆုံး

Photo : AFP

တူရကီနိုင်ငံ အစ္စတန်ဘူးလ်မြို့ Ataturk လေဆိပ်တွင် ဇွန် ၂၈ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီခန့်တွင် အသေခံဗုံးဖောက်ခွဲမှုနှင့် သေနတ်ဖြင့် တိုက်ခိုက်မှု သုံးကြိမ် ဖြစ်ပွားခဲ့ပြီး နိုင်ငံခြားသားများအပါအ၀င် အနည်းဆုံး လူ ၃၆ ဦး သေဆုံးခဲ့ကာ ၁၄၇ ဦး ဒဏ်ရရခဲ့ကြောင်း သိရသည်။ 

ယခုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး တူရကီဝန်ကြီးချုပ် Binali Yildirim က IS အဖွဲ့၏ လုပ်ရပ်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

 

Writer: 

Ref: AFP

No comments: