တရားမဝင္ တင္သြင္းလာသည့္ ဆန္အိတ္မ်ားကို ေလလံ စနစ္ျဖင့္ ေရာင္းခ်မည္
ရန္ကုန္၊ ဒီဇင္ဘာ ၃ ရက္ (ဆင္ဟြာ)
ျမန္မာႏိုင္ငံ အတြင္းသို႔ တရားမဝင္ တင္သြင္းလာသည့္ ထိုင္းႏိုင္ငံမွ ဆန္အိတ္မ်ားကို ျပည္သူ႔ ဘ႑ာအျဖစ္ သိမ္းဆည္းၿပီး ေလလံ စနစ္ျဖင့္ ေရာင္းခ်မည္ ျဖစ္ေၾကာင္း တရားမဝင္ ကုန္သြယ္မႈ တားဆီး ထိန္းခ်ဳပ္ေရး ဗဟုိေကာ္မတီ (Mobile Team) ထံမွ သိရသည္။
အဆိုပါ ဖမ္းဆီး ရမိေသာ တရားမဝင္ ဆန္မ်ားကို လယ္ယာစိုက္ပ်ိဳး ေရးႏွင့္ ဆည္ေျမာင္း ဝန္ႀကီးဌာန ႏွင့္ စိုက္ပ်ိဳးေရး ဝန္ႀကီးဌာနတုိ႔ႏွင့္ ပူးေပါင္းၿပီး ဓာတ္ခြဲ စမ္းသပ္ခဲ့ၿပီး ျမန္မာႏုိင္ငံမွ ဆန္မ်ား မဟုတ္ေၾကာင္း ဓာတ္ခဲြခန္းက အတည္ျပဳလုိက္၍ ျပည္သူ႔ ဘ႑ာအျဖစ္ သိမ္းဆည္းၿပီး ေလလံတင္ စနစ္ျဖင့္ ေရာင္းခ်ရန္ စီစဥ္ေဆာင္ရြက္ ေနေၾကာင္း Mobile Team အဖဲြ႕မွ ၫႊန္ၾကားေရးမွဴး တစ္ဦးကေျပာၾကားသည္။
ျပည္တြင္းသို႔ ေအာက္တိုဘာလ အတြင္း တရားမဝင္ ဝင္ေရာက္ခဲ့သည့္ ဆန္အိတ္ေပါင္း ၈၄ဝ ေက်ာ္၊ ကာလတန္ဖိုး က်ပ္သိန္း ၁၄ဝ ေက်ာ္ကို အေကာက္ခြန္ အမႈတြဲမ်ား ဖြင့္လွစ္ကာ သိမ္းဆည္း ထားေၾကာင္း စီးပြားေရးႏွင့္ ကူးသန္း ေရာင္းဝယ္ေရး ဝန္ႀကီးဌာနမွ တာဝန္ရိွသူ တစ္ဦးက ဆိုသည္။ (Xinhua)
-----------------------------------------
(Unicode Version)
တရားမဝင် တင်သွင်းလာသည့် ဆန်အိတ်များကို လေလံ စနစ်ဖြင့် ရောင်းချမည်
ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် တင်သွင်းလာသည့် ထိုင်းနိုင်ငံမှ ဆန်အိတ်များကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး လေလံ စနစ်ဖြင့် ရောင်းချမည် ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီ (Mobile Team) ထံမှ သိရသည်။
အဆိုပါ ဖမ်းဆီး ရမိသော တရားမဝင် ဆန်များကို လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန နှင့် စိုက်ပျိုးရေး ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းပြီး ဓာတ်ခွဲ စမ်းသပ်ခဲ့ပြီး မြန်မာနိုင်ငံမှ ဆန်များ မဟုတ်ကြောင်း ဓာတ်ခွဲခန်းက အတည်ပြုလိုက်၍ ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး လေလံတင် စနစ်ဖြင့် ရောင်းချရန် စီစဉ်ဆောင်ရွက် နေကြောင်း Mobile Team အဖွဲ့မှ ညွှန်ကြားရေးမှူး တစ်ဦးကပြောကြားသည်။
ပြည်တွင်းသို့ အောက်တိုဘာလ အတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် ဆန်အိတ်ပေါင်း ၈၄ဝ ကျော်၊ ကာလတန်ဖိုး ကျပ်သိန်း ၁၄ဝ ကျော်ကို အကောက်ခွန် အမှုတွဲများ ဖွင့်လှစ်ကာ သိမ်းဆည်း ထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ (Xinhua)
ျမစ္ဆုံ media သည္ လြတ္လပ္ေသာ မီဒီယာျဖစ္ျပီး မည္သည့္အဖြဲ႔၊ ပါတီ၊ အသင္းအဖြဲ႔၏ၾသဇာခံ လက္ေအာက္ခံမဟုတ္ပါ။ စီးပြားျဖစ္ မီဒီယာ မဟုတ္ပါ။ သတင္းမ်ားကိုအျမန္ဆုံးေပးပို႔ေနေသာ မီဒီယာတခုျဖစ္ပါသည္။
Thursday, December 3, 2015
တရားမဝင္ တင္သြင္းလာသည့္ ဆန္အိတ္မ်ားကို ေလလံ စနစ္ျဖင့္
Subscribe to:
Post Comments (Atom)
No comments:
Post a Comment