Wednesday, December 30, 2015

ထောင်ဒဏ်(၂၁) နှစ်ကျခံနေသည့် စစ်ဘေးဒုက္ခသည် ဦးဘရန်ရုန်းယနေ့လွတ်လာ

ထောင်ဒဏ်(၂၁) နှစ်ကျခံနေသည့် စစ်ဘေးဒုက္ခသည် ဦးဘရန်ရုန်းယနေ့လွတ်လာ

ကေအိုင်အေဟုစွပ်စွဲကာ ဖမ်းဆီးခံခဲ့ရပြီး  ပေါက်ကွဲမှုများဖြင့် ပြန်လည် စွဲချက်တင် ထောင်ဒဏ် ၂၁ နှစ် ကျခံနေသည့် မြစ်ကြီးနားမြို့ ရွှေးစက် စစ်ဘေးဒုက္ခသည်စခန်းတွင်နေထိုင်သည့် ဦးဘရန်ရုန်းသည် ယနေ့ညနေပိုင်းတွင်ပြန်လည်လွတ်မြောက်ခဲ့သည်။

ဦးဘရန်ရုန်းပြန်လည်လွတ်မြောက်လာသည့်အတွက် မိသားစုဝင်များနှင့် ဆွေးမျိုးများ သူငယ်ချင်းအသိုင်းအ၀ိုင်းများ အဆိုပါစခန်းရှိ စစ်ဘေးဒုက္ခသည် ၀မ်းသာနေကြသည်။

ဦးဘရန်ရုန်းသည် မိသားစု စားဝတ်နေရေးအဆင်ပြေစေရန် စခန်းမှအခြားသူငယ်ချင်း သုံးဦးနှင့်အတူ အခကြေးငွေဖြင့် နွားသွားဖမ်းစဉ်  ၂၀၁၂ ဇွန်လတွင် ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံခဲ့ရစဉ် ဦးဘရန်ရုန်းနှင့် ယခုထောင်တွင်ရှိနေဆဲဖြစ်သည့် ဦးလဖိုင်ဂမ်တို့အား နှိပ့်စက်မှုများစွာ တပ်မတော်မှ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

သူတို့နှစ်ဦးအား လိင်တူဆက်ဆံခိုင်းခြင်း၊ ရေနှင့်ဓာတ်ဆီရောထားသည့် ရေတိုက်ခြင်း၊ မနောင်အက ကခိုင်းခြင်း၊ ရိုက်နှက်ခြင်း၊ တမန်တလင်းတွင် ပုလင်းအား ရိုက်ခွဲထားကာ ဒူထောက်ခိုင်းခြင်း စသည့် နှိပ်စက်မှုများစွာ ပြုလုပ်ကာ ကေအိုင်အေ ဗိုလ်ဟု အတင်းဝန်ခံခိုင်းကြောင်းလည်းသိရသည်။

ယနေ့တွင် ဦးဘရန်ရုန်းလွတ်မြောက်လာပြီဖြစ်သော်လည်း အသက်ကြီးပြီဖြစ်သည့် စစ်ဘေးဒုက္ခသည် ဦးလဖိုင်ဂမ် မလွတ်သေးသည့်အတွက် ၎င်း၏ မိသားစုဝင်များ စိတ်မကောင်းဖြစ်နေကြကြောင်းလည်းသိရသည်။

ပုံ။။။ဦးဘရုန်ရုန်းနှင့် ၎င်း၏ အမျိုးသမီးနှင့် သမီးအငယ်

No comments: