၅၄ နှစ်အတွင်း အဆိုးရွားဆုံးရှုံးပွဲဆက်မှုနှင့် ကြုံတွေ့နေရသော်လည်း
မန်ယူအသင်းတွင်မိမိအနာဂတ်အတွက်အာမခံရှိကြောင်းဗန်ဟားလ်ဆို
-------------------------------------------------------------
စတုတ်စီးတီးအသင်းအား ဘရစ်တနီးယားကွင်းတွင် (၂-၀)ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲစုံ (၄)ပွဲဆက်အရှုံးဖြင့်ရင်ဆိုင်ခဲ့ရပြီး (၅၄)နှစ်အတွင်းအဆိုးရွားဆုံးရှုံးပွဲဆက်မှုနှင့်ရင်ဆိုင်နေရသော်လည်း မန်ယူအသင်းတွက် မိမိ၏ အနာဂတ်အတွက်အာမခံရှိကြောင်း မန်ယူအသင်းနည်းပြ လူးဝစ်ဗန်ဟားလ်က ပြောကြားခဲ့သည်။
(၁၇)နှစ်အတွင်းအဆိုးရွားဆုံးနိုင်ပွဲပျောက်ဆုံးမှုအဖြစ်ပြိုင်ပွဲစုံနောက်ဆုံး (၇)ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုကြုံတွေ့ခဲ့ရသလို၊ ၁၉၆၁ နောက်ပိုင်းအဆိုးရွားဆုံးရှုံးပွဲဆက်မှုနှင့်ရင်ဆိုင်ရပြီးနောက် မော်ရင်ဟိုနှင့် မန်ယူအသင်းတို့သတင်းများမှာ ပိုမိုကျယ်ပြန့်လာပြီး ဗန်ဟားလ်က သူ၏အနာဂတ်နှင့်ပတ်သတ်သောမီဒီယာများ၏မေးမြန်းမှုများကို ယခုကဲ့သို့တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။
ဗန်ဟားလ်က"ကျွန်တော့်ရဲ့မန်ယူအသင်းနဲ့အနာဂတ်ဟာ အာမခံမှုရှိပါတယ်။ လူတိုင်းကကျွန်တော်ဟာလူတွေရဲ့ပြောစကားတွေ၊ ကောလဟာလ တွေကိုစိတ်ဝင်စားလေ့မရှိပါဘူး။ ကျွန်တော့်ရဲ့အနာဂတ်အတွက်ပဲစိတ်ဝင်စားပါတယ်"ဟုသတင်းထောက်များအားဖြေကြားခဲ့သည်။
မန်ယူအသင်းသည် နောက်ဆုံယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲစုံ(၄)ပွဲတွင် ၀ုလ်ဖ်ဘတ် (ချန်ပီယံလိဂ်)၊ ဘုန်းမောက်၊ နောဝစ်ခ်ျ၊ စတုတ်စီးတီး (ပရီးမီးယားလိဂ်) စသည့် အသင်းများကိုဆက်တိုက်ရှုံးနိမ့်ခဲ့ပြီး ၁၉၆၁ နိုဝင်ဘာလနောက်ပိုင်းအဆိုးရွားဆုံးသော စံချိန်ဆိုးနှင့်ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် မန်ယူပရိသတ်များအနေဖြင့် ဗန်ဟားလ်အပေါ်ဝေဖန်မှုများမြင့်တက်လာခဲ့သော်လည်း၊ မန်ယူအသင်းတာဝန်ရှိသူများအနေဖြင့် ဗန်ဟားလ်၏အနာဂတ်နဲ့ပတ်သတ်ပြီး
တစ်စုံတစ်ရာတစ်ရာထုတ်ပြန်ခြင်းမရှိသေးပေ။
လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင်မန်ယူအသင်းမှာ ပွဲစဉ်(၁၈)ပွဲကစားပြီးချိန်၌ (၈)ပွဲနိုင်၊ (၅)ပွဲသရေ၊ (၅)ပွဲရှုံး ရမှတ်(၂၉)မှတ်ဖြင့် အမှတ်ပေးဇယားအဆင့်(၆)နေရာတွင် ထိပ်ဆုံးမှ လက်စတာအသင်းနှင့် (၉)မှတ်အကွာတွင်ရပ်တည်နေသည်။
ပုံစာ-မန်ယူနည်းပြလူးဝစ်ဗန်ဟားလ်
Photo:Getty Image
No comments:
Post a Comment