Monday, December 28, 2015

ချစ်သူဟောင်းအမျိုးသမီး၏ ပုံနှင့်အတူ ညစ်ညမ်းစာများ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ဖော်ပြခဲ့သူကို အမှုဖွင့်

ချစ်သူဟောင်းအမျိုးသမီး၏ ပုံနှင့်အတူ ညစ်ညမ်းစာများ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ဖော်ပြခဲ့သူကို အမှုဖွင့်

ရန်ကုန်
လေးနှစ်ကြာချစ်ကြိုက်ခဲ့ပြီးနောက် နှစ်ဦး သဘောတူ လမ်းခွဲခဲ့သော အသက် ၂၆ နှစ်အရွယ် ချစ်သူဟောင်းအမျိုးသမီး၏ ဓာတ်ပုံကို ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တင်ကာ ညစ်ညမ်းစာများ ရေးသားဖော်ပြခဲ့သော အမျိုးသားကို ဒီဇင်ဘာ ၂၆ ရက်က တောင်ဥက္ကလာပမြို့မရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့်အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သော အသက် ၂၆ နှစ် အရွယ်ရှိ ဘဏ်ဝန်ထမ်းအမျိုးသမီးမှာ ၂၀၁၁ ခုနှစ်မှ စတင်ကာ မရမ်းကုန်းမြို့နယ်တွင် နေထိုင်သော အမျိုးသား တစ်ဦးနှင့် ချစ်ကြိုက်ခဲ့ရာမှ ယခုနှစ် မေလတွင် စိတ်သဘောထားချင်း မတိုက်ဆိုင်မှုကြောင့် လမ်းခွဲခဲ့ပြီး အဆက်အသွယ် ဖြတ်ခဲ့စဉ် ယင်းအမျိုးသားက ကောင်လေး အမည်ဖြင့် fခေနဘသသု အကောင့် အသုံးပြုကာ ချစ်သူဟောင်းအမျိုးသမီး၏ ပုံနှင့်အတူ ညစ်ညမ်းစာများရေးသား ဖော်ပြခဲ့ကြောင်း တောင်ဥက္ကလာပမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
“ကောင်လေး အမည်နဲ့ fခေနဘသသု သုံးသူက ရည်းစားဟောင်းရဲ့ မဖွယ်မရာ ဓာတ်ပုံတွေကို အမျိုးသမီးရဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေဆီ ပေးပို့ပြီး ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ခဲ့လို့ ခံရသူ အမျိုးသမီးက ရဲစခန်းလာ အမှုဖွင့်ခဲ့တာ၊ အမှုဖွင့်ခံရတဲ့ အမျိုးသားကို ခေါ်စစ်ဆေးဖို့ ဆောင်ရွက်နေပါတယ် ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ယခုနှစ် ရန်ကုန်မြို့တော်တွင် လူမှုကွန်ရက် fခေနဘသသု စာမျက်နှာပေါ်တွင် ပုဂ္ဂိုလ် တစ်ဦးချင်း လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုသော်လည်းကောင်း ဂုဏ်သိက္ခာကျဆင်းစေရန် အကောင့် အချို့က ဓာတ်ပုံများ ပြုပြင် ဖန်တီးကာ ညစ်ညမ်းစာများ ရေးသားဖော်ပြမှုကြောင့် အမှုဖွင့် တိုင်ကြားမှုပေါင်း ၂၀ ကျော်အထိ ရှိခဲ့ကြောင်း၊ ယင်းတိုင်ကြားမှုများ အနက် တပ်မတော်နှင့် အစိုးရ အဖွဲ့၏ ဂုဏ်သိက္ခာ ထိခိုက်စေရန် ရေးသားဖော်ပြခဲ့သည့် အကောင့်ပိုင်ရှင်များကိုသာ ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့ပြီး ကျန်အမှုများကိုမူ ယနေ့အထိ မဖော်ထုတ်နိုင်သေးကြောင်း မှုခင်းစာရင်းများ အရ သိရှိရသည်။

No comments: