Sunday, December 27, 2015

ဖားကန့်မြို့နယ်တွင် စွန့်ပစ် မြေစာပုံ ပြိုကျမှုနှင့် လူသုံး ဦး ပျောက် ဆုံး နေကြောင်း သတင်းများ အရ ရှာဖွေမှုများ ပြုလုပ်လျက်ရှိ

ဖားကန့်မြို့နယ်တွင် စွန့်ပစ် မြေစာပုံ ပြိုကျမှုနှင့် လူသုံး ဦး ပျောက် ဆုံး နေကြောင်း သတင်းများ အရ ရှာဖွေမှုများ ပြုလုပ်လျက်ရှိ

ဖားကန့် ဒီဇင်ဘာ ၂၇
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဒီဇင်ဘာ ၂၅ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က စွန့်ပစ်မြေစာပုံပြိုကျမှု ဖြစ်ပွားခဲ့ပြီး လူသုံးဦး ပျောက်ဆုံးနေကြောင်း သတင်းများအရ ရှာဖွေမှုများ ပြုလုပ်လျက်ရှိသည်။
ဖားကန့်မြို့နယ် မမုံကျေးရွာ အနီးရှိ ကန်ခါတွမ် စုပေါင်းစွန့်ပစ် မြေစာပုံမှ အလျားပေ ၁၀၀ ၊ အနံ ပေ ၄၀ ၊ အမြင့်ပေ ၁၀၀ ခန့်ရှိသော မြေစာများ ပြိုကျခဲ့မှု ဖြစ်ပွားခဲ့ပြီး ထိုသို့ ပြိုကျချိန်မှာ အလုပ်သိမ်းချိန်ဖြစ်ရာ ၄င်းနေရာတွင် ရေမဆေး ကျောက် ရှာဖွေသူများ ရှိနိုင်သဖြင့် လည်းကောင်း၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှ ဇော်ထွေး (၂၁) နှစ် (ဘ) ဦးကံသိန်း၊ မောင်ထွေး (၂၁) နှစ် (ဘ) ဦးလှငွေ၊ သိန်းဇော် (၂၈) နှစ် (ဘ) ဦးကျော်ညွှန့် စုစုပေါင်း ၃ ဦးမှာ ပျောက်ဆုံးနေကြောင်း နယ်မြေ သတင်းများအရ လည်းကောင်း ဒီဇင်ဘာ ၂၆ ရက် နံနက် ၈ နာရီခန့် မှစ၍ မြေစာများ ဖယ်ရှားရှင်းလင်းပြီး ရှာဖွေမှုများ ပြုလုပ်လျက် ရှိသည်။
အဆိုပါ မြေစာပုံများ ဖယ်ရှား ရှင်းလင်းခြင်းနှင့် ရှာဖွေခြင်းလုပ်ငန်းများကို တပ်မတော် သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပြီး ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီများမှ ဘက်ဟိုး ယာဉ် ၇ စီးနှင့်အတူ ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments: