Monday, December 28, 2015

ဒီနေ့မနက် ၁၁း၂၀-၁၂နာရီအထိ ထိုင်းအမျိုးသမီးရှေ့နေ၃ဦးနဲ့မဇာတို့ စုစုပေါင်း၎ဦး ညီငယ်၂ဦးကိုထောင်ဝင်စာတွေ့ခဲ့ကြပါတယ်။

ဒီနေ့မနက် ၁၁း၂၀-၁၂နာရီအထိ ထိုင်းအမျိုးသမီးရှေ့နေ၃ဦးနဲ့မဇာတို့ စုစုပေါင်း၎ဦး ညီငယ်၂ဦးကိုထောင်ဝင်စာတွေ့ခဲ့ကြပါတယ်။ ညီငယ်၂ဦးကိုနေ့ခင်းပိုင်းမှာ သီးသန့်၂ဦးတည်းခွဲထားပြီး ညအိပ်ချိန်မှာ အဆောင်ထဲအခြားအကျဉ်းသား၆၁ဦးနဲ့ တူတူအိပ်ရကြောင်းသိရပါတယ်။ သူတို့ကို ၂၄နာရီခြေကျင်းနဲ့ ၄လအထိ ထားမယ်လို့ သိရပါတယ်။ ထောင်ပြောင်းချိန်က ကြိုတင်အသိမပေးခဲ့သလို၊ ထောင်တွင်းကောလာဟလများအရ ဒီထောင်ဟာဆိုးတယ်လို့ကြားထားတော့ ညီငယ်၂ဦးဟာ အစောပိုင်းမှာ စိုးရိမ်စိတ်ရှိခဲ့ကြတယ်လို့ဆိုပါတယ်။ သို့သော် ဒီထောင်ကိုရောက်လာတဲ့အခါမှာ ထောင်ဝန်ထမ်းနဲ့တကွအခြားအကျဉ်းသားများက ကောင်းမွန်စွာဆက်ဆံပြီးအားပေးစကားတွေပြောကြတာကြောင့် စိုးရိမ်စိတ်တွေလျော့သွားပြီလို့ဆိုပါတယ်။ရှေ့နေတွေက ထောင်ဝင်စာလာပေးတဲ့အတွက်လည်း ၀မ်းသာနေကြပါတယ်။

ညီငယ်၂ဦးဟာ အဆောင်၆/၂ မှာနေရပါတယ်။ သူတို့ကိုဆွေမျိုးများအနေနဲ့ အင်္ဂါနဲ့ကြာသာပတေး ၂ရက် ထောင်ဝင်စာတွေ့လို့ရပါမယ်။ ရှေ့နေအနေနဲ့ကတော့ နေ့စဉ်တွေ့လို့ရနိုင်ကြောင်းသိရပါတယ်။ ဒီနေ့မှာ မိခင်၂ဦးလည်း ထောင်ဝင်စာတွေ့ဖို့ရောက်နေပြီး မွန်းလွဲပိုင်းမှာ တွေ့ခွင့်ရမယ်လို့သိရပါတယ်။

သူတို့အတွက် ကိုယ်ပိုင်အသုံးဆောင်ပစ္စည်းအချို့တွေတော့ တပါတည်းပါလာပြီး ကျန်နေတဲ့အချို့နဲ့ ငွေကိုတော့ ကော့စမွီထောင်ကနေ လွှဲပြောင်းလာပေးဖို့စီစဉ်နေပါတယ်။ ဒီထောင်မှာ တီဗီကြည့်ခွင့်ရတာကြောင့် သူတို့ရဲ့သတင်းတွေကို တီဗီကလာသလောက် ကြည့်နေရတယ်လို့သိရပါတယ်။

ရှေ့နေအဖွဲ့အနေနဲ့ အနည်းဆုံး၁လ၁ခေါက်လောက် ထောင်ဝင်စာတွေ့ဖို့ စီစဉ်သွားမှာဖြစ်ပြီး အသေးစိတ်ကို ပြန်ဆွေးနွေးညှိနှိုင်းသွားပါမယ်။ လောလောဆယ် ရှေ့နေများသတင်းပို့လာသလောက် အများသိဖို့ ရေးတင်ပေးလိုက်ပါတယ်။ ထပ်မံသိရတဲ့ထူးခြားချက်များကို ပြန်တင်ပေးပါဦးမယ်။

No comments: