Monday, December 28, 2015

ရန်ကုန်ယာဉ်ကြောပိတ်ဆို့မှုပြဿနာအဖြေရှာရန် ဆိုက်ကား ဆရာများထံ ဒေါ်အောင်ဆန်းစုကြည် အကြံဉာဏ်တောင်းခံ ******************************

ရန်ကုန်ယာဉ်ကြောပိတ်ဆို့မှုပြဿနာအဖြေရှာရန် ဆိုက်ကား ဆရာများထံ
ဒေါ်အောင်ဆန်းစုကြည် အကြံဉာဏ်တောင်းခံ
*******************************************************************************
ရွှေရည်ဝင်းထက် ၊ ရန်ကုန်၊ ဒီဇင်ဘာ ၂၆-

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများပြေ လည်စေရန် မည်သို့လုပ်ရမည်ဆိုသည်နှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အနှေး ယာဉ်လုပ်သားများထံ အကူအညီတောင်း ခံလိုက်သည်။

ဒီဇင်ဘာ ၂၆ရက်က ဗဟန်းမြို့ နယ် တော်ဝင်နှင်းဆီခန်းမ၌ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ် အောင်ဆန်းစုကြည်နှင့် ရန်ကုန်တိုင်းဒေ သကြီးရှိ အနှေးယာဉ်လုပ်သားများတွေ့ ဆုံပွဲတွင် ယင်းသို့အကြံÓဏ်တောင်းခံခြင်း ဖြစ်သည်။

''ရန်ကုန်မြို့လယ်ကောင်မှာ ယာဉ်ကြောကျပ်ညပ်ရတဲ့ အကြောင်းရင်း ကတော့ ကားတွေက အရမ်းများလို့နေပါ တယ်။ တချို့ဌာနဆိုင်ရာပုဂ္ဂိုလ်တွေက ပြောပါတယ်။ လမ်းဘေးဈေးသည်တွေ ကြောင့် ဆိုက်ကားဆရာတွေကြောင့် ယာဉ် ကြောကျပ်ညပ်ပါတယ်ပြောတယ်။ အဲလို တစ်ထစ်ချကြီးလို့တော့ ကျွန်တော်ကမထင် ပါဘူး။ ကားတွေက အင်မတန်များတယ်။ ကားတွေက ဟိုနေရာထိုးရပ် သည်နေရာ ထိုးရပ် နောက်ဆုံးတော့ ပိတ်ကုန်တာပါ ပဲ''ဟု အနှေးယာဉ်လုပ်သား ကိုသာအောင် ကပြောသည်။

ယင်းသို့ပြောကြားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က အနှေးယာဉ် လုပ်သားများအား အဆိုပါပြောကြားမှုကို သဘောတူပါသလားဟု မေးမြန်းခဲ့ရာ အ နှေးယာဉ်လုပ်သားများက သဘောတူ ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။
ထို့နောက် ဒေါ်အောင်ဆန်းစု ကြည်က မိမိကိုယ်တိုင်လည်း ယင်းသို့ပြော ကြားမှုကိုသဘောတူကြောင်း ပြောဆိုခဲ့သည်။ နိုင်ငံတစ်နိုင်ငံကို ဖွံ့ဖြိုးအောင်လုပ် ဆောင်ရန် အများသုံးယာဉ်တွေကို အား ပေးရန်လိုအပ်သည်ဟု ပြောသည်။

''အဲဒီတော့ ကားဆယ်စီးမှာ ဆယ်ယောက်သွားမယ့်အစား ဘတ်စ်ကား
ထဲမှာဆယ်ယောက်သွားတယ်ဆိုရင် ကား ကိုးစီးသက်သာတယ်။ ဒါဥပမာအားဖြင့်ပြောတာ။ အဲဒါကို ကျွန်မသဘောတူတယ်။ ကားတွေများတဲ့အထဲမှာ ဘာကြောင့်များ လဲဆိုတော့ ပုဂ္ဂလိကပိုင်ယာဉ်တွေသွင်းတဲ့ဘက်ကိုအားပေးတယ်။ အဲဒီယာဉ်တွေက သိပ်များတယ်။ အများပိုင်အများသုံးတဲ့ ယာဉ်တွေဘက်ကို အားပေးမယ်ဆိုရင် အများအတွက် သယ်ယူပို့ဆောင်ရေးကိုအားပေးမယ်ဆိုရင် ဒီလမ်းကြောတွေပိတ်တာတွေလဲ သက်သာလာမယ်လို့ထင်တယ်။
ဒါကျွန်မအမြင်ပါ''ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

တရားမဝင် ဆိုင်ကယ်ကယ်ရီ ပြေးဆွဲနေမှုကြောင့် အနှေးယာဉ်လုပ်သား
များအနေဖြင့် အခက်အခဲဖြစ်ပေါ်နေမှု၊ ဆိုက်ကားတစ်စီးတန်ကြေးမှာ နှစ်သိန်း ကျော်သာရှိသော်လည်း လိုင်စင်ကြေးမှာ ရှစ်သိန်းကျော်ပေးရခြင်းကြောင့် အနှေးယာဉ် လုပ်သားများအနေဖြင့် ကိုယ်ပိုင်ဆိုက်ကား ဝယ်ယူရန် အခက်အခဲဖြစ်ပေါ်နေမှုများကို ဒေါ်အောင်ဆန်းစုကြည်အား တင်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က အ နှေးယာဉ်လုပ်သားများအား ကွမ်းလျှော့ စားရန်နှင့် ကွမ်းစားခြင်းသည် သွားများမလှပခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုဖြစ်စေနိုင်သောကြောင့် ကွမ်းလျှော့စားရန် မေတ္တာရပ်ခံခဲ့သည်။

(Flower News Journal, 11-50)

No comments: