Thursday, December 31, 2015

မြန်မာငွေ ၉သိန်းကနေ ၁၀သိန်း ၀န်းကျင်ဆိုရင် M-4 တစ်လက်ဝယ်ကိုင်လို့ရပါတယ် ။

မြန်မာငွေ ၉သိန်းကနေ ၁၀သိန်း ၀န်းကျင်ဆိုရင် M-4 တစ်လက်ဝယ်ကိုင်လို့ရပါတယ် ။ (အမေရိကန်မှာဆိုရင်ပြောတာ 😉 ဒေါ်လာ ၇၀၀ ပဲရှိတယ် ထိုင်းနယ်စပ်မှာဆိုရင် ၁၅ သိန်းကနေ သိန်း ၃၀ ကြား အစားစားရှိတယ်ဗျ 😛)
ဒီကောင်က အမေရိကန်တပ်တွေရဲ့ ယခင် M-16 တွေနေရာမှာအစားထိုးဖို့လုပ်ခဲ့တဲ့ ဒီဇိုင်းသစ် ပါ ။
မျိုးကွဲအနေနဲ့က M-4 A1 နဲ့ CQBR(Mk-18.)တွေပါ ။
ကျည် ၃၀ ပါတဲ့ မဂ္ဂဇင်းကဒ်ထည့်ထားတဲ့ချိန်မှာ ၃.၄ ကီလိုလေးပါတယ် ဒါကမပြောပလောက်တဲ့အလေးချိန်ပါ တော်တော်ပေါ့တယ်ပြောရတယ်ခင်ဗျ ။
အရှည်ကလည်း ၈၄၀ မီလီမီတာပဲရှည်လို့ အနီးကပ်တိုက်ပွဲတွေမှာ ပေါ့ပေါ့ပါးနဲ့ ထိထိရောက်ရောက်စစ်ဆင်နိုင်သေးတယ်ဗျ ။

သုံးတဲ့ကျည်ကတော့ ၅.၅၆ မမ ကျည်တွေပါ ။
muzzle velocity ကလည်း တစ်စက္ကန့်မှာ ၈၈၀ မီတာထိရှိပြီး ကျည်ရောက်ရှိနိုင်တဲ့အကွာအဝေးကတော့ ကိုက် ၅၅၀ ထိ ရောက်ပါတယ် ။

M-4 ကာဘိုင်က ဘယ်ကပေါက်ဖွားလာလဲဆိုတော့ M-16A2 ကနေဆင့်ပွားလာတာဖြစ်ပါတယ် ။
သူ့မှာ M-203 လို granede launcher တပ်ဆင်ပစ်ခတ်နိုင်သေးတယ်ခင်ဗျ ။
ပြီးတော့ M-16A2 နဲ့ M-16A4 တွေလိုပဲ semi-automatic ဒါမှမဟုတ် three round burst ပစ်ရတယ် ။
M-4A1 ကတော့ M-16A2 နဲ့ M-16 A3 လိုမျိုး semi-automatic အပြင် full automatic ပါရသေးတယ်ဗျာ ။

ကိုင်ရတာပေါ့ပေါ့ပါးပါးမို့လို့ ကြိုက်မိတဲ့ ကာဘိုင် (carbine) အမျိုးအစားလေးပါ

No comments: