Tuesday, December 30, 2014

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေတွင် ရဲတပ်ဖွဲ့၏ အကာအကွယ် ရယူကာ ဝမ်ပေါင်ကုမ္ပဏီကခတ်ထားသော ခြံစည်းရိုးကို ဒီဇင်ဘာ ၂၉ ရက်နေ့ မွန်းလွဲတွင် လက်ပံတောင်း ဒေသခံ ၅၀၀ ကျော်က ပြန်လည်ဖျက်သိမ်းခဲ့ရာ ဒေသခံတောင်သူများက ခြံစည်းရိုးကို ဖြိုဖျက်နေချိန်တွင် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ခဲ့ကြောင်း လက်ပံတောင်း ဒေသခံများက ပြောကြားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေတွင် ရဲတပ်ဖွဲ့၏ အကာအကွယ် ရယူကာ ဝမ်ပေါင်ကုမ္ပဏီကခတ်ထားသော ခြံစည်းရိုးကို ဒီဇင်ဘာ ၂၉ ရက်နေ့ မွန်းလွဲတွင် လက်ပံတောင်း ဒေသခံ ၅၀၀ ကျော်က ပြန်လည်ဖျက်သိမ်းခဲ့ရာ ဒေသခံတောင်သူများက ခြံစည်းရိုးကို ဖြိုဖျက်နေချိန်တွင် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ခဲ့ကြောင်း လက်ပံတောင်း ဒေသခံများက ပြောကြားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် သစ်တော လက်ထောက်ညွှန်ကြားရေးမှူးနှင့် သစ်တောဝန်ထမ်းများသည် တရားမဝင်သစ်များ ဖမ်းဆီးရန် သွားရောက်စဉ် တောတွင်းတစ်နေရာ၌ လက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့တစ်ဖွဲ့က ပစ်ခတ်ခဲ့သောကြောင့် လက်ထောက်ညွှန်မှူး အပါအဝင် သစ်တောဝန်ထမ်း လေးဦး သေဆုံးခဲ့ကြောင်း လင်းခေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။ 

ှမ်းပည်နယ်တောင်ပိုင်း

လင်းခေးခရိုင် သစ်တော လက်ထောက်ညွှန်ကြားရေးမှူးနှင့် သစ်တောဝန်ထမ်းများသည် တရားမဝင်သစ်များ ဖမ်းဆီးရန် သွားရောက်စဉ် တောတွင်းတစ်နေရာ၌ လက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့တစ်ဖွဲ့က ပစ်ခတ်ခဲ့သောကြောင့် လက်ထောက်ညွှန်မှူး အပါအဝင် သစ်တောဝန်ထမ်း လေးဦး သေဆုံးခဲ့ကြောင်း လင်းခေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။ 

စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်အလယ်ရွာမှ ဒေါ်ခင်ဝင်းအား မိုးကြိုးပြင်အလယ်ရွာ သုသာန်၌ဂူသွင်းသင်္ဂြိုဟ်သည့် ဈာပနကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ၂၅ ရက် မွန်းလွဲပိုင်းက ပြုလုပ်စဉ်။

စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်အလယ်ရွာမှ ဒေါ်ခင်ဝင်းအား မိုးကြိုးပြင်အလယ်ရွာ သုသာန်၌ဂူသွင်းသင်္ဂြိုဟ်သည့် ဈာပနကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ၂၅ ရက် မွန်းလွဲပိုင်းက ပြုလုပ်စဉ်။

သာကေတတွင် လူသိများသော ဆရာဝန်တစ်ဦး အသတ်ခံရ

သာကေတတွင် လူသိများသော ဆရာဝန်တစ်ဦး အသတ်ခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၉လူနာများအပေါ် ဆက်ဆံရေးကောင်းစွာ ဆေးကုသပေးမှုကြောင့် လူသိများလာသော သာကေတမြို့နယ် ၂/မြောက်ရပ်ကွက်၊ ဇင်္ဂမလမ်းတွင် နေထိုင်သူ အသက် ၅၇ နှစ် အရွယ်ရှိ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးမှာဒီဇင်ဘာလ ၂၉ ရက် နံနက် ၉ နာရီခွဲက ၎င်း၏နေအိမ်၌ ဦးခေါင်းနှင့် မျက်နှာ ပေါက်ပြဲဒဏ်ရာများဖြင့် အသတ်ခံရကြောင်း မျက်မြင်တွေ့ရှိသူများနှင့် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။အဆိုပါ အသတ်ခံရသူ ဒေါက်တာကြည်ဝင်းမှာ လူနာများနှင့် ပြောဆိုဆက်ဆံရာတွင် စိတ်သဘောထား ကောင်းမွန်သူ ဖြစ်ကြောင်း၊ လူငယ်တစ်ဦးက ဆရာဝန် လာရောက်ပင့်ခေါ်စဉ် ဆေးခန်းတံခါး ပိတ်ထားသဖြင့် ပတ်ဝန်းကျင်ကို မေးမြန်းပြီး မသင်္ကာသောကြောင့်ရပ်ကွက် တာဝန်ရှိသူများကဆေးခန်းအတွင်း ဝင်ရောက်ကြည့်ရှုရာမှ အဝတ်မပါဘဲ သေဆုံးနေသော ဆရာဝန်ကို တွေ့ရှိခဲ့ရကြောင်း သေဆုံးသူ နေအိမ်မျက်နှာချင်းဆိုင်ရှိ ပညာရွှေပြည် ပုဂ္ဂလိက အထက်တန်းကျောင်းမှ ကျောင်းအုပ်ဦးစိုးအောင်က ပြောကြားသည်။“တံခါးဖွင့်လိုက်တော့ သူ့အိပ်ခန်းထဲမှဝတ်လစ်စားလစ်နဲ့ပက်လက်လန်ပြီး သေဆုံးနေတာ၊ သူ့အနားမှာလည်း သွေးစွန်းနေတဲ့ မီးပူတစ်လုံးနဲ့မီးခံသေတ္တာကို ရိုက်ဖွင့်ထားတာလည်း တွေ့ရတယ်” ဟု ၎င်းက ပြောကြားသည်။အဆိုပါ အသတ်ခံရသူ ဒေါက်တာမှာ ၎င်းသေဆုံးခဲ့သော နေအိမ်တွင် အထွေထွေရောဂါကု ဆေးခန်းဖွင့်လှစ်ခဲ့သည်မှာ နှစ် ၃၀ ခန့် ကြာမြင့်နေပြီး လူပျိုကြီးဖြစ်ကာ တစ်ဦးတည်း နေထိုင်သူဖြစ်ကြောင်း၊ အသတ်မခံရမီ နံနက် ၈ နာရီခန့်က ကျန်းမာရေးအတွက်လမ်းလျှောက်ပြီးနေအိမ်ပြန်လာသည်ကို အိမ်နီးချင်းများက တွေ့ရှိခဲ့ကြောင်း ယင်းအိမ်နီးချင်းများထံမှ စုံစမ်းသိရှိရသည်။“ဆရာက မနက်တိုင်း လမ်းလျှောက်ထွက်တယ်၊ လူသတ်မှုမဖြစ်ခင်အမျိုးသား သုံးလေးယောက်က ဆေးခန်းထဲ ဝင်သွားပြီး သိပ်မကြာဘူး ပြန်ထွက်သွားပြီး ဆေးခန်းတံခါးကိုပြန်စေ့ခဲ့တာကိုမြင်တဲ့သူ ရှိတယ်။ ဒီလို အသတ်ခံရမယ်လို့ ဘယ်သူမှ ထင်မထားဘူး၊ ဆရာက အရမ်းသဘောကောင်းတာ” ဟု ဇင်္ဂမလမ်းတွင် နေထိုင်သူ အသက် ၄၀ အရွယ်ခန့်ရှိ အမျိုးသမီးက ပြောဆိုသည်။သေဆုံးခဲ့သော ဒေါက်တာမှာ သံဃာများကို အခမဲ့ ဆေးကုသပေးပြီး အနီးအနားမှ ဆေးလာကုသသည့် ဆင်းရဲနွမ်းပါးသူများကို ဈေးနှုန်းချိုသာစွာ ကုသပေးမှုကြောင့်လူသိများသည့် ဆရာဝန်တစ်ဦး ဖြစ်သကဲ့သို့ လူငယ်များနှင့် ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံသူ ဖြစ်ကြောင်း ဇင်္ဂမလမ်းတွင် နေထိုင်သူများထံမှ သိရှိရသည်။“လူသတ်မှုဖြစ်တဲ့နေအိမ်ထဲဝင်တော့ ပေါင်းအိုးမီးလည်း လင်းနေတုန်း၊ ဆရာအိပ်တဲ့အခန်းက ဆလိုက်တံခါးလည်းပျက်သွားပြီး လူသတ်သမားက တံခါးပြန်ထောင်ခဲ့တာမို့ တံခါးမှာ သွေးကွက်တွေ ပေကျံနေတယ်” ဟု ပညာရွှေပြည် ပုဂ္ဂလိက အထက်တန်းကျောင်းမှ ကျောင်းအုပ် ဦးစိုးအောင်က ပြောဆိုသည်။အဆိုပါ ဒေါက်တာဦးကြည်ဝင်းမှာ ဆယ်ကျော်သက် လူငယ်များနှင့် ရင်းနှီးဆက်ဆံ နေထိုင်တတ်သူတစ်ဦး ဖြစ်ပြီး ကာလသားရောဂါ ကုသရာတွင် နာမည်ကြီး ဆရာဝန်တစ်ဦး ဖြစ်ကြောင်း၊ လူသတ်မှု ကျူးလွန်သူများကမီးခံသေတ္တာ ရိုက်ဖွင့်ခဲ့သော်လည်း ပျောက်ဆုံးမှုစာရင်းကို အတိအကျ သိရှိနိုင်ရန် ရပ်ဝေးတွင် နေထိုင်သည့် ၎င်း၏ မိသားစုဝင်များနှင့် ဆက်သွယ်ပြီး စုံစမ်းစစ်ဆေးနေကြောင်း သာကေတ မြို့မရဲစခန်းထံမှစုံစမ်းသိရှိရသည်။လူသိများသော အထွေထွေရောဂါကု ဆရာဝန် အသတ်ခံရမှုကြောင့် ယင်းဆေးခန်းတွင်လာရောက်ကုသဖူးသူများနှင့် သာကေတမြို့နယ်တွင် နေထိုင်သူများ လာရောက်ကြည့်ရှုခဲ့သောကြောင့် သေဆုံးသူ ဒေါက်တာ၏ နေအိမ်ရှေ့တွင် လူစုလူဝေး ဖြစ်ပေါ်ခဲ့ကြောင်း၊ သေဆုံးသူ ဆရာဝန်မှာ ဘယ်ဘက်မျက်လုံး ပေါက်ထွက်ကာ မျက်နှာနှင့် ဦးခေါင်းတို့၌ ပေါက်ပြဲဒဏ်ရာများဖြင့် ဝတ်လစ်စားလစ် သေဆုံးခဲ့သည့် ၎င်း၏ ရုပ်အလောင်းကို ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်တွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲအပ်ခဲ့ပြီး လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်နေကြောင်း သာကေတ မြို့မရဲစခန်းထံမှ သိရှိရသည်။

ဘီလူးချောင်းအမှတ်(၂) ဓာတ်အားပေးစက်ရုံပြင်ဆင်ရေး ဂျပန်မှ ယန်းသန်းပေါင်း ၆ ဒသမ ၆၆၉ ဖြင့်ဆောင်ရွက် ===================================

ဘီလူးချောင်းအမှတ်(၂) ဓာတ်အားပေးစက်ရုံပြင်ဆင်ရေး ဂျပန်မှ ယန်းသန်းပေါင်း ၆ ဒသမ ၆၆၉ ဖြင့်ဆောင်ရွက် ================================= ၁၉၆၁ ခုနှစ် ဧပြီ ၁ ရက်မှ စတင် ကာ ရန်ကုန်မြို့သို့ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ပြီး ယခုအချိန်အထိ နိုင်ငံတော်၏ ဓာတ်အားကွန်ရက်မှ တစ်ဆင့် မြန်မာနိုင်ငံတစ်ပြည်လုံးသို့ နေ့စဉ် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးပေးလျက်ရှိသော ဘီလူးချောင်း အမှတ်(၂) ရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံကို ယခုအခါ ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးတိုးတက်မှု အကူအညီ ဖြင့် ဂျပန်ယန်းသန်းပေါင်း ၆ ဒသမ ၆၆၉ သန်းအကုန်ကျခံပြီး ဂျပန်နိုင်ငံမှ ရေအားလျှပ်စစ် ကျွမ်းကျင်သူပညာ ရှင်များပါဝင်သောအဖွဲ့က လာ ရောက်၍ အလုံးစုံပြင်ဆင် ဆောင် ရွက်လျက်ရှိနေကြောင်း ကြားသိရ သည်။ ထို့ကြောင့် ကျွန်တော်တို့သတင်း အဖွဲ့သည် ဘီလူးချောင်းအမှတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ရှိရာ ကယားပြည်နယ်လွိုင်ကော် သို့ ဒီဇင်ဘာ ၂၆ ရက်က သွားရောက် ခဲ့သည်။ သတင်းအဖွဲ့အား စက်ရုံမှူးက လွိုင်ကော်မြို့၏ အရှေ့တောင်ဘက် ၁၂ မိုင် အကွာရှိ ဓာတ်အားပေးစက်ရုံ သို့ ခေါ်ဆောင်သွားပြီး ဧည့်ရိပ်သာ စီမံကိန်းရှင်းလင်းဆောင်၌ ဘီလူး ချောင်းရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ အမှတ် (၁)၊ အမှတ်(၂) နှင့် အမှတ်(၃) စက်ရုံတို့အကြောင်းကို ရှင်းပြသည်။ ကယားပြည်နယ်သည် ရှမ်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသောကြောင့် မြေမျက် နှာသွင်ပြင်မှာ ကုန်းမြင့်ဒေသဖြစ်ပြီး စတုရန်းမိုင် ၄၅၂၉ ဒသမ ၅၆၄ ကျယ်ဝန်းသည်။ ပြည်နယ်အတွင်း သံလွင်မြစ်၊ နန့်ပွန်မြစ်နှင့် ဘီလူး ချောင်းတို့ စီးဆင်းလျက်ရှိသည်။ ကယားပြည်နယ်ရှိ မော်ချီးသတ္တုတွင်း မှ ခဲမဖြူနှင့် အဖြိုက်နက် စသည့် သတ္တုများထွက်ရှိသည်။ ဘီလူးချောင်း ပေါ်လောပိတရေတံခွန်အနီး၌ ဘီလူး ချောင်း ရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံ အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ် (၃) စက်ရုံတို့ တည်ဆောက် ထားသည်ဟုသိရသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ကတည်းက မြန်မာ့စီးပွားတိုးတက် ရေးစီမံကိန်းများ ရေးဆွဲကြရာတွင် လိုအပ်သော လျှပ်စစ်ဓာတ်အားများ ရရှိရေးအတွက် ရေအားမှ ထုတ်လုပ် သော လျှပ်စစ်ဓာတ်အားသာလျှင် အသက်သာဆုံးဖြစ်ကြောင်း သိရှိ ခဲ့ကြ၍ ၁၉၅၃ ခုနှစ်တွင် မြန်မာ့ လျှပ်စစ်ဓာတ်အားပေးရေးဘုတ်အဖွဲ့ နှင့် ဂျပန်ပညာရှင်တို့ ပူးပေါင်းပြီး ဘီလူးချောင်း အမှတ်(၂) ရေအား လျှပ်စစ်စီမံကိန်းကို အကောင်အထည် ဖော်ရန် ဆုံးဖြတ်ခဲ့ကြသည်။ စက်ရုံ ကို ၁၉၅၄ ခုနှစ်တွင် တည်ဆောက် ခဲ့ကြကြောင်း၊ ၁၉၆ဝ ပြည့်နှစ် တွင် ပထမစက် သုံးလုံးဖြင့် ၈၄ မဂ္ဂါဝပ်၊ ၁၉၇၄ ခုနှစ်တွင် ဒုတိယ စက်သုံးလုံးဖြင့် ၈၄ မဂ္ဂါဝပ် စုစုပေါင်း မဂ္ဂါဝပ် ၁၆၈ ထုတ်လုပ်နိုင်ခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် ရန်ကုန်သို့ စတင်၍ ဓာတ်အားများ ပို့လွှတ်ပေးခဲ့ကြောင်း သိရသည်။ ဘီလူးချောင်းအမှတ်(၂) ရေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံ၏ မူလရေအရင်းအမြစ်မှာ ပင်လယ်ရေ မျက်နှာပြင်အထက်ပေ ၃ဝဝဝ ခန့် အမြင့်၌ တည်ရှိသည့် အင်းလေးကန် ပင်ဖြစ်သည်။ ကန်ကြီးအတွင်းသို့ အဓိကစီးဝင်လျက်ရှိသော ချောင်း ကြီးများမှာ ပင်လောင်းဒေသမှမြစ် ဖျားခံသော အထက်ဘီလူးချောင်း၊ ကလောမြို့အနီးမှ မြစ်ဖျားခံခဲ့သော နယ်ကြားချောင်းနှင့် ရပ်စောက်မြို့ တောင်ဘက်မှ မြစ်ဖျားခံသော နမ့် လတ်ချောင်းတို့ဖြစ်သည်။ အင်းလေးကန်မှ ရေများသည် လီဂေါင်း၊ စံခ၊ ဖယ်ခုံနှင့် မိုးဗြဲကျေးရွာ တို့ကို ဖြတ်သန်း၍ ဘီလူးချောင်း အဖြစ် လွိုင်ကော်မြို့လယ်မှ ဖြတ် သန်းစီးဆင်းခဲ့ရာ အမြင့်ပေ ၁၅ဝ ခန့်တွင် တဖြည်းဖြည်း နိမ့်ဆင်းလာပြီး လွိုင်ကော်မြို့ ကျော်လွန်သော နေရာ အရောက်တွင် ရေတံခွန်အဆင့်ဆင့် ဖြစ်ပေါ်လျက် သံလွင်မြစ်၏ လက် တက်ဖြစ်သော နမ့်ပွန်ချောင်းနှင့် မပေါင်းဆုံမီ ၁၂ မိုင်ခန့်တွင် ပေ ၂၂ဝဝ ခန့်အထိ နိမ့်ဆင်းသွားသည်ဟု သိရသည်။ သို့ဖြစ်ပေါ်နေသော ပထဝီ အနေအထားကို အသုံးပြု၍ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ သုံးခုကို အဆင့်ဆင့်တည်ဆောက်ရန် ပဏာမ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ သဘာဝအားဖြင့် အင်းလေး ကန်မှ ဘီလူးချောင်းအတိုင်းစီးဆင်း လာသောရေများသည် လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုကို ကြီးမားစွာ အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေနိုင် သည်ဖြစ်၍ ရေကာတာတည်ဆောက် ပြီး ဘီလူးချောင်းအမှတ်(၂)ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည် ဆောက်ခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် ရန်ကုန်မြို့နှင့် ၁၉၆၃ ခုနှစ်တွင် မန္တလေးမြို့သို့ ဓာတ်အားများပို့လွှတ် နိုင်ခဲ့သည်ဟု သိရသည်။ ဘီလူးချောင်းအမှတ်(၂) ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည် ဆောက်စဉ်ကပင် မြန်မာနိုင်ငံ အတွက် လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုး ရေးစီမံချက်အရ ဒုတိယအဆင့်အဖြစ် နောက်ထပ်စက်သုံးလုံးကို ပင်လယ် ရပ်ခြားစီးပွားရေး ပူးပေါင်းဆောင် ရွက်မှု ရန်ပုံငွေ (O.E.C.F) ဖြင့် ၁၉၆၇ ခုနှစ်၌ စတင်တပ်ဆင်ခဲ့ရာ ၁၉၇၄ ခုနှစ် မတ်လ ၂ ရက်နေ့တွင် စက်များမောင်းနှင်နိုင်ခဲ့ပြီး စုစုပေါင်း ဘီလူးချောင်း အမှတ်(၂) ရေအား လျှပ်စစ် ဓာတ်အားပေးစက်ရုံမှ စက်ခြောက်လုံးဖြင့် ဓာတ်အားများ ထုတ်လုပ်ပေးနိုင်ခဲ့သည်ဟု သိရ သည်။ ထိုအမှတ်(၂) ဘီလူးချောင်း ဓာတ်အားပေးစက်ရုံကို (၃၂)နှစ် ကြာပြီးနောက် ၁၉၉၂-၁၉၉၄ နှစ် အတွင်းကတစ်ကြိမ် အကြီးစား ပြင်ဆင်မွမ်းမံပြင်ဆင်ရေး စီမံကိန်း (Renovation Project) ကို ဂျပန် နိုင်ငံ၏ (O.E.C.F) ချေးငွေဖြင့် ဆောင်ရွက်ခဲ့သဖြင့် မူလတပ်ဆင် စက်အင်အားအတိုင်း ရာနှုန်းပြည့် ပြန်လည်ထုတ်လုပ်ပေးနိုင်ခဲ့သည်ဟု သိရသည်။ ၂ဝဝ၂-၂ဝဝ၄ ခုနှစ်တွင် နောက် တစ်ကြိမ် အလုံးစုံပြင်ဆင်မွမ်းမံရေးစီမံကိန်းပထမအဆင့် (Rehabili- tation First Phase) အဖြစ် ဂျပန် နိုင်ငံ၏ Official Development Assistan, Grant Aid ဖြင့် ဆောင် ရွက်၍ လောပိတ-ကလော ၁၃၂ ကေဗွီ ဓာတ်အားလိုင်းအမှတ်(၂)အဖြစ် တိုးချဲ့တည်ဆောက်ခြင်းနှင့် ဓာတ်အားပေးစက်ရုံများ၏ Cooling Water နှင့် Air Compressor System စသည့် စက်အစိတ်အပိုင်း တို့ကို လဲလှယ်တပ်ဆင်ခဲ့သည်။သို့ သော်လည်း အလုံးစုံပြင်ဆင်ရေး စီမံကိန်း ဒုတိယအဆင့်နှင့် တတိယ အဆင့်တို့ကို အကြောင်းအမျိုးမျိုး ကြောင့် ဆက်လက်ဆောင်ရွက်ခဲ့ခြင်း မရှိတော့ပေ။ ယခုအကြိမ်တွင် တစ်ပေါင်း တည်း ဆောင်ရွက်မည်ဖြစ်ပြီး စီမံ ကိန်းအတွက် စာချွန်လွှာ လဲလှယ် ခြင်းနှင့်ထောက်ပံ့ကူညီမှု သဘောတူ စာချုပ်ချုပ်ဆိုခြင်းကို ၂ဝ၁၃ ခုနှစ် မတ် ၂၂ ရက်တွင် လည်းကောင်း၊ Nippon Koei Co.,Ltd နှင့် အတိုင်ပင်ခံ အဖွဲ့ငှားရမ်းခြင်းစာချုပ် ကို ၂ဝ၁၃ ခုနှစ် ဧပြီ ၂ ရက်တွင်လည်း ကောင်း နေပြည်တော်၌ ချုပ်ဆိုခဲ့ သည်။ စက်ပစ္စည်းများတင်ဒါကြေညာ ခြင်းနှင့် ဖွင့်ဖောက်စစ်ဆေးခြင်းတို့ကို ဂျပန်နိုင်ငံ၌ ဆောင်ရွက်ခဲ့ရာ တင်ဒါအောင်မြင်ခဲ့ကြသော တာဘိုင်၊ ဂျင်နရေတာ စက်ပစ္စည်းများအတွက်Hitachi Mitsubishi Hydro Corporation နှင့် Lot-1: စာချုပ် အဖြစ် ၂ဝ၁၃ ခုနှစ် ဇွန် ၁၃ ရက် တွင်လည်းကောင်း၊Switch Yard နှင့် ရေပိုက်လိုင်းများအတွက် Maru- beni Corporation နှင့် Lot-2: စာချုပ်အဖြစ် ၂ဝ၁၃ ခုနှစ် ဇွန် ၁၄ ရက်တွင်လည်းကောင်း ဂျပန်နိုင်ငံ တွင် လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။ ဘီလူးချောင်းအမှတ်(၂)ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံအလုံးစုံ ပြင်ဆင်ရေးလုပ်ငန်းကို အပိုင်းနှစ်ပိုင်း ခွဲခြားဆောင်ရွက်လျက်ရှိပြီး ပထမ စက်သုံးလုံးကို ၂ဝ၁၄ ခုနှစ် ဇူလိုင်လ မှစ၍ ဂျပန်နိုင်ငံမှ ရေအားလျှပ်စစ်ကျွမ်းကျင်အင်ဂျင်နီယာ ၂ဝ ပါဝင် သောအဖွဲ့နှင့်ဘီလူးချောင်းအမှတ်(၂)ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ မှ ကျွမ်းကျင်အင်ဂျင်နီယာဝန်ထမ်းများဖြင့် စတင်ပြင်ဆင်ဆောင်ရွက်ခဲ့ရာ ယခုအခါ စက်နှစ်လုံးကို ပြင်ဆင် ပေးနိုင်ခဲ့ပြီး သုံးလုံးမြောက်စက်ကို ဆက်လက်ပြင်ဆင်လျက်ရှိသည်။ စက် များ ပြင်ဆင်လျက်ရှိရာတွင် မြန်မာအင်ဂျင်နီယာများနှင့်စက်ရုံမှဝန်ထမ်း များသည် တစ်ပတ်လျှင် ခြောက်ရက် တိတိ ဂျပန်အင်ဂျင်နီယာများနှင့် အတူ ဆောင်ရွက်လျက်ရှိနေသည်။ ယခုအမှတ်(၃)လုံးမြောက် စက်ကို ပြင်၍ ပြီးလျှင်လည်း အမှတ် (၄၊ ၅၊ ၆) စသည်ဖြင့် တစ်လုံးချင်း ရပ်နား၍ ပြုပြင်သွားမည်ဟု သိရသည်။ ယခုအခါ ဂျပန်နိုင်ငံ အကူအညီ ဖြင့် အလုံးစုံပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဘီလူး ချောင်း အမှတ်(၂)ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသည် မြန်မာ နိုင်ငံ၌ တည်ဆောက်ပြီးသော ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ များအနက် ပထမဆုံးတည်ဆောက် ခဲ့သော စက်ရုံဖြစ်ပြီး လောပိတ စက်ရုံဟုလည်း လူသိများသည်။ ထိုစက်ရုံသည် လာမည့် ၂ဝ၁၅ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် (၅၄) နှစ်သက် တမ်းရှိပြီဖြစ်သည်။ 

ကဲဘာတွေဖြစ်ကုန်ပြီလဲ ပုံကိုကြည့်ပါတော်

Monday, December 29, 2014

ဖားကန့်မြို့က ရှင်မွေးလွန်း (၁၆)ကြိမ် ကိုယ်ဝန်ဆောင်ပြီးနောက် ၁၈ယောက်မြောက် ကလေးမွေးဖွား

ဖားကန့်မြို့က ရှင်မွေးလွန်း (၁၆)ကြိမ် ကိုယ်ဝန်ဆောင်ပြီးနောက် ၁၈ယောက်မြောက် ကလေးမွေးဖွား


ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၁၄ ဖားကန့်၊ ဒီဇင်ဘာ ၂၅- ကချင် ပြည်နယ် ဖားကန့်မြို့၌ အမျိုးသမီးတစ်ဦးသည် အိမ်ထောင်သက်၂၆နှစ် အတွင်း (၁၆)ကြိမ် ကိုယ်ဝန်ဆောင်ကာ ၁၈ယောက် မြောက်ကလေးမွေး ဖွားခဲ့ကြောင်း သိရသည်။ အဆိုပါကလေးကို ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိပ်မူကျေး ရွာနေ ဦးအေးကို၏ဇနီး ဒေါ်တင်မာစိုး ၄၅နှစ်က မွေးဖွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အကြီးဆုံးသားမှာအ သက်၂၅နှစ်ခန့်ရှိကြောင်းသိရသည်။ ''အခုကိုယ်ဝန်မွေးဖွားချိန်မှာ ကျွန်တော့်ကို ရပ်ကွက်လူတွေကခေါ်လို့ မွေး လူနာအိမ်ကိုရောက်ခဲ့တယ်။ဆေးရုံကြီးမှာမွေးဖွားသင့်တယ်။ သွားရေးလာရေး အတွက် ငွေကြေးများကို ဆရာကူညီပေးပါမယ်ဆိုပြီးတော့ ဖားကန့်ပြည် သူ့ဆေးရုံကြီးကို ကိုယ်တိုင် လိုက်ပို့ပေးပြီး ကူညီပါရစေလို့ ကျွန်တော် ကပြောပေမယ့် မိသားစုကလေးတွေကို ကြည့်ရှုစောင့်ရှောက်ကျွေးမွေးမယ့် သူမရှိတာရယ်ကြောင့် ဆရာမမွေးဖွားပေးနိုင်ရင်လဲ အရပ်လက်သည်နဲ့ သာ မွေးဖွားလိုပါတယ်လို့ငြင်းဆန် တဲ့အတွက် ကျွန်တော့်အနေနဲ့ အဲဒီ အခက်အခဲတွေကို ဖြေရှင်းပေးပြီး အောင်မြင်စွာမွေးဖွားပေးခဲ့ပါတယ်'' ဟု ကျန်းမာရေးမှူးဦးကျော်မြင့်က ပြောသည်။ ယင်းအမျိုးသမီးသည် ယခင်မွေးဖွားခဲ့သည့် ကလေးများအားလုံးကိုလည်း အရပ်လက်သည်ဖြင့်သာ မွေးဖွားခဲ့ပြီး၊ အမြွှာနှစ်ကြိမ်ပါရှိခဲ့ကြောင်းနှင့် ကိုယ်ဝန်စောင့်ရှောက်မှု ကိုလည်း မည်သည့်ကျန်းမာရေးဌာန၌တစ်ကြိမ် တစ်ခါမျှစောင့်ရှောက်မှုမခံယူခဲ့ဖူးကြောင်း၊ ကာကွယ်ဆေးများကိုလည်း တစ်ကြိမ်တစ်ခါမျှ မထိုးခဲ့ဖူး ကြောင်း ဒေါ်တင်မာစိုးကပြောသည်။ ဒေါ်တင်မာစိုးသည် သား၊ သမီး များစွာမွေးဖွားခဲ့ပြီးသော်လည်းနောက် ထပ်ကိုယ်ဝန်ရရှိပါက မွေးဖွားဦးမည် ဖြစ်ကြောင်း သိရသည်။ MMT Democracytoday 

***ဘာလဲဟဲ့ ယိုးဒယားစစ်တပ်***့  =====================

 ***ဘာလဲဟဲ့ ယိုးဒယားစစ်တပ်***့  =====================

=့  ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ မှာ …မြန်မာပိုင် အို 7 တောင်ကုန်းမှာ တပ်စွဲထားတဲ့တပ်စုတစ်စုကို ယိုးဒယားစစ်တပ်မှဆင်းသွားဖို့ အမိန့်ပေးရာမှ တစ်ဆင့်နယ်စပ် တင်းမာမှုအရေး ပေါက်ကွဲခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၁ မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးပါချီ စခန်း၊ လွယ်တော်ခန်း စခန်း၊နယ်စပ် BP-1 စခန်းတွေကို ယိုးဒယားအခြေစိုက် SURA ရွက်ဆစ် အဖွဲ့နဲ့ယိုးဒယားစစ်တပ်တို့ ပူးပေါင်းတိုက်ခိုက်လိုက်ခြင်းဟာ တိုက်ပွဲအဟုန်ကို ပိုမြင့်စေခဲ့ပါတယ်။စခန်းများ ကျဆုံးသွားချိန်မှာ နှစ်နိုင်ငံအမြောက်တပ်တွေဟာ နယ်စပ်ဖြတ်ကျော်ပြီးအပြင်းအထန်တိုက်ခိုက်နေကြသလိုဝေဟင်တိုက်ပွဲမဖြစ်ပွားပေမယ့်နှစ်ဖက်စလုံးက လေကြောင်းတိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ကြပါတယ်။တပ်မတော်မှ ယိုးဒယားရဟတ်ယာဉ်တစ်စီးကိုပစ်ချပစ်နိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၄ မှာတော့ အို 7 တောင်ကုန်းကိုဝိုင်း တိုက်ခိုက်နေတဲ့ ယိုးဒယားတပ်များကိုတန်ပြန်ထိုးစစ်နဲ့ မောင်းထုတ်နိုင်ခဲ့ပြီးပါချီ ၊ လွယ်တော်ခန်း ၊ ကျထိန စတဲ့ စခန်းတော်တော်များများကိုတော့ဇွန်လ မှာ ပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် အမြဲသတိထားစောင့်ကြည့်ရမယ့်အိမ်နီးချင်း နိုင်ငံ တစ်ခုရှိကြောင်း သတိပေးလိုက်သလိုပါပဲ။ ၂၀၀၂ ခုနှစ် ဧပြီလမှာတော့ ယိုးဒယားနိုင်ငံဟာSURASI 143 အမည်ရတဲ့ စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ယိုးဒယားဘတ်ငွေ သန်း ၂၀၀ ကျော် အကုန်ခံပြီးစစ်သည်အင်အား ၂၀၀၀၀ ကျော်သံချပ်ကာတင့်ကား များစွာနဲ့ ပြုလုပ်မယ်လို့ရုတ်တရတ် ကြေညာခဲ့ပါတယ်။ အဲဒီလေ့ကျင့်မှုပြုလုပ်မယ့်နေရာဟာမြန်မာ့နယ်နမိတ်နဲ့ အလွန့်အလွန် နီးကပ်နေပြီး နှစ်ဖက်တပ်မတော်တွေရဲ့ ရှေ့တန်းစခန်းတွေချင်းထိပ်တိုက်ရင်ဆိုင်ထားတဲ့ နေရာဖြစ်တာကြောင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနဟာအဲဒီ စစ်ရေးလေ့ကျင့်မှုကို ပြင်းထန်စွာ ချက်ချင်းကန့်ကွက်ခဲ့ပါတယ်။ ဒါပေမယ့် ယိုးဒယားအစိုးရဘက်ကတော့တစ်စုံတစ်ရာ အကြောင်းမပြန်ခဲ့ပါဘူး။ ဒီ စစ်ရေးလေ့ကျင့်မှုမတိုင်ခင်...ယိုးဒယားနိုင်ငံ၊မယ်ဟောင်ဆောင်မြို့မှာ ပြုလုပ်ခဲ့တဲ့SURA တပ်မှူးများ အစည်းအဝေးမှာစစ်ဆင်ရေးများတိုးမြှင့်လုပ်ဆောင်ရန်နှင့်အောင်မြင်ပါက ယိုးဒယားထံမှ လက်နက်မျိုးစုံ အလက် ၂၀၀၀ နဲ့ ခဲယမ်း သန်း ၂၀ ခန့်ရနိုင်ဖွယ်ရှိတယ် ဆိုတဲ့အချက် ပါဝင်ခဲ့ပါတယ်။ မေလ လဆန်းပိုင်းမှာတော့ ယိုးဒယားတပ်များနဲ့SURA ရွက်ဆစ် တပ်များဟာ တပ်ဖြန့်နေရာယူမှုတွေ ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။မေ ၁၉ ရက်မှာတော့ ယိုးဒယားတပ်များရဲ့တပ်ဖြန့်ချထားမှုဟာ သံချပ်ကာယာဉ် ၁၇၀၊တင့်ကား ၉၆ စီး၊ စစ်သည် ၂၆၀၀၀ ကျော်နဲ့SURA အင်အား ၇၀၀ ကျော်တို့ဟာ နယ်စပ်တစ်လျှောက် တပ်ဖြန့်နေရာ ယူပြီးဖြစ်နေပါပြီ။ ဒီအခြေအနေအထိတော့ ဒီလှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ဟာမှန်းဆ ရ ခက်ခဲနေပါသေးတယ်။ ဒါပေမယ့်… … … မေလ ၂၀ ရက်နေ့မှာတော့ နယ်စပ်တစ်လျှောက်မှာရှိတဲ့တပ်မတော်ရှေ့တန်းစခန်း အများအပြားကို SURA နဲ့ ယိုးဒယားစစ်တပ် ပေါင်းပြီးဝင်ရောက်စီးနင်း တိုက်ခိုက်နေပြီဖြစ်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။ မေ ၂၁ မှာတော့နယ်စပ်ခံစစ် BP -5 စခန်း အပါအဝင်ပန်မိုင်ဆွန်၊ပန်ကန့်ကော်၊ ကျူဆန်ကပ်၊မုံးထော်၊မုံးထ စခန်းများအားလုံးနီးပါး ကျဆုံးခဲ့ပြီး ထိုဒေသမှ ရွာများလည်းမီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ဒေသခံများ သေဆုံးမှုတွေ ရှိခဲ့သလို ပညာရေး နဲ့ ကျန်းမာရေး ဝန်ထမ်းများကိုလည်းSURA မှ သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်။ ဒါဟာ… … …၂၀၀၁ ခုနှစ်က ဒဏ်ရာ နာကျည်းချက်အကင်းမသေသေးတဲ့ တပ်မတော် အပေါ် စနက်တံ မီးရှို့လိုက်သလိုပါပဲ။အခြေအနေကတော့ တပ်မတော်ဟာတစ်ခုခုကို စိတ်ပိုင်းဖြတ်ပြီး ဖြစ်နေပါပြီ။ နာရီအနည်းငယ်အတွင်းမှာပဲ တပ်မ ၃၃ လက်အောက်ခံတိုက်ခိုက်ရေးတပ်ရင်းတွေနဲ့တြိဂံဒေသ တိုင်းစစ်ဌာနချုပ်ရဲ့တိုက်ခိုက်ရေးတပ်ရင်းတွေဟာ တိုက်ပွဲဖြစ်ရာနေရာကိုတစ်ဟုန်ထိုး ချီတက်လာနေကြပါတယ်။တပ်မတော် ( ရေ ) မှ …ဒုံးပျံတင် စစ်ရေယာဉ် ၃ စီး အပါအဝင် စစ်ရေယာဉ် ၈ စီးဟာလည်း မြန်မာ့ရေပိုင်နက်ကို မိုင်ကုန်ခုတ်မောင်းလာနေသလိုနမ့်စန် လေတပ်စခန်းရဲ့ တိုက်ပွဲဝင် လေယာဉ်အုပ်တွေဟာလည်းတိုက်ပွဲဝင် အသင့်အနေအထား နဲ့တပ်လှန့်ပြီးပြီ ဖြစ်ပါတယ်။ ယိုးဒယားအနေနဲ့ ဒီတစ်ခေါက်ဟာအရင် အကြိမ်တွေလို နယ်စပ်ကန့်သတ်စစ်ပွဲအဆင့်ကိုမှန်းဆထားလို့ မရနိုင်လောက်တော့ပါဘူး။ ၂၀၀၂ မေလ ၂၁ မှာပဲ …ယိုးဒယားနိုင်ငံရဲ့ တီဗီ channel 7 ဟာတပ်မတော် စခန်းတွေနဲ့ဒေသတွင်း ဝ တပ်ဖွဲ့ စခန်းတွေကိုတိုက်ခိုက် သိမ်းယူရာမှာ မူးယစ်ဆေးဝါးအမြောက်အမြားဖမ်းမိခဲ့တယ် လို့ ကြေညာကာ စစ်ပွဲကို ပုံဖော်ခဲ့ပြီးဒီဖြစ်စဉ်မှာ ယိုးဒယားဘက်က ပါဝင်ပတ်သက်ခြင်း မရှိပါဘူး လို့ အမှတ် ၃ တပ်တော်မှူးဒုတိယဗိုလ်ချုပ်ကြီး ဝပ်တနာချိုင်း ကငြင်းဆိုခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ယိုးဒယား ကြည်းတပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆူရာယုဒ် ချူလာနော့ ကမြန်မာနိုင်ငံအနေနဲ့ ယိုးဒယား ကို ထိပါးလာရင် အင်အားသုံး ဖြေရှင်းမယ် လို့ တိတိလင်းလင်း ထုတ်ပြောခဲ့ပါတယ်။ နောက်ရက်တွေမှာတော့နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေဟာနှစ်နိုင်ငံ သံအမတ်တွေကို ပြင်းပြင်းထန်ထန်ခေါ်ယူသတိပေးခဲ့ကြသလို နှစ်နိုင်ငံ မီဒီယာတိုက်ပွဲကြီးလည်း စတင်လို့ နေပါပြီ။ ထိုအချိန် ယိုးဒယားထုတ်သတင်းစာများမှာမြန်မာမုန်းတီးရေး ဆောင်းပါးများနဲ့ ပြည့်နှက်နေခဲ့သလို မြန်မာ့သတင်းစာများမှာ ဖော်ပြနေတဲ့ဒေါက်တာ မတင်ဝင်း ရဲ့`` ဗြနရာဇ် လူမဖြစ်ပါ ´´ ဆိုတဲ့ အခန်းဆက် ဆောင်းပါး ဟာဘုရင်ကို အထွဋ်အမြတ်ထားတဲ့ ယိုးဒယား တွေအဖို့တော့အတော်လေးကို ယမ်းပုံမီးကျ ဖြစ်စေခဲ့ပါတယ်။မကြာခင်ပဲ ယိုးဒယားရဲတပ်ဖွဲ့ဟာဒေါက်တာ မတင်ဝင်း အပါအဝင် မြန်မာ့အလင်း နဲ့ ကြေးမုံ သတင်းစာ အယ်ဒီတာများကိုBLACK LIST စာရင်းသွင်း ပြည်ဝင်ခွင့်ပိတ်ခဲ့သလို မြန်မာဘက်ကလည်း …ဗန်ကောက် ပို့စ် နဲ့ နေးရှင်း အပါအဝင်ယိုးဒယား ဆောင်းပါးရှင် ၁၇ ဦးကို BLACK LIST စာရင်းသွင်းပြီး ပြည်ဝင်ခွင့် ပိတ်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ် ဇွန် ၁ ရက်နေ့မှာ တပ်မတော် အစိုးရဟာသမိုင်းတစ်လျှောက် သဘောထားတင်းမာတဲ့ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။အဲဒါကတော့ တပ်မတော်အနေနဲ့ ကျဆုံးသွားတဲ့ပန်မိုင်ဆွန် ဒေသ စခန်း အားလုံးကိုပြန်လည် သိမ်းယူမှာဖြစ်ပြီးယိုးဒယားတပ်များမှ ပစ်ခတ်တိုက်ခိုက်လာပါကမိမိတို့အနေနဲ့ ပြန်လည်တုံ့ပြန်တိုက်ခိုက်သွားဖို့အမိန့်ပေးထားပြီး ဖြစ်ကြောင်းပါပဲ။ ဒါဟာ ယိုးဒယားကို အတိအလင်း စိန်ခေါ်လိုက်တာဖြစ်သလိုလိုအပ်ရင် စစ်ဖြစ်ဖို့ အသင့်ရှိတယ် ဆိုတဲ့ သဘော သက်ရောက်တဲ့အတွက်ယိုးဒယား စစ်သံမှူးဟာ မျက်နှာမကောင်းစွာနဲ့ပဲသံရုံး ကို ပြန်ခဲ့ရပါတယ်။ အဲဒီရက်တွေမှာ ရန်ကုန်မှာရှိတဲ့ ယိုးဒယား သံရုံးကိုလုံခြုံရေး တိုးမြှင့်ပေးထားရပြီး နိုင်ငံအနှံ့ကယိုးဒယားပစ္စည်းတွေရဲ့ ရောင်းအားဟာ ဒလဟော ထိုးကျလို့နေပါပြီ။မြန်မာ နိုင်ငံအနှံ့အပြားမှာနိုင်ငံတော်အလံတွေ လွှင့်ထူထားလို့ ရဲရဲတောက်နေတဲ့ အိမ်တွေရဲ့ မျက်နှာစာ ကို TIME မဂ္ဂဇင်းကမျက်နှာဖုံး သတင်းအဖြစ် ဖော်ပြခဲ့သလို`ရွှေရောင်ပစ်မှတ်´ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲရဲ့ဇာတ်ဝင်ခန်းထဲက`` ကျွန်တော့်ကို အချိန် ၃ ရက်သာ ပေးပါ၊ ဘန်ကောက်မြို့ပေါ် လမ်းလျှောက်ပြပါ့မယ် ဗိုလ်မှူး ´´ဆိုတဲ့ စကားဟာလည်း…တစ်ပြည်လုံး အနှံ့က လူငယ်တွေ နှုတ်ဖျားမှာတဖွဖွ ပြောလို့ နေပါပြီ။ဒါဟာ ယိုးဒယား အတွက်တော့ မမျှော်လင့်တဲ့ တုန့်ပြန်မှုဖြစ်သလို ယိုးဒယားအနေနဲ့ နောက်ထပ်ဒီလိုအပြုအမူမျိုး လုပ်ခဲ့ရင် မြန်မာနဲ့ စစ်ဖြစ်နိုင်တယ် လို့ သဘောပေါက်ပြီး တုန်လှုပ်ခြောက်ခြားသွားပုံလည်းရပါတယ်။ ၂၀၀၂ ခုနှစ် ဇွန် ၂ ရက်နေ့မှာတော့ တပ်မတော်ဟာပြင်းပြင်းထန်ထန်ကို တန်ပြန် ထိုးစစ်ဆင်နွှဲလို့ နေပါပြီ။ ရန်သူနဲ့ ရင်ဆိုင်ထိန်းချုပ်ထားတဲ့ စခန်းတွေအပြင်နည်းဗျူဟာ ၃ ခု၊တပ်ရင်း ၁၃ ရင်း ဟာလက်နက်ကြီး ပစ်ကူ အမြောက် များစွာနဲ့စခန်းတွေကို ဝင်ရောက်လုံးထွေး ကုန်သလိုနှစ်နိုင်ငံ အမြောက်တပ်တွေဟာလည်းနယ်စပ်ဖြတ်ကျော်ပြီး မီးကုန်ယမ်းကုန် ပစ်ခတ်နေကြပါပြီ။ ဒီတိုက်ပွဲဖြစ်စဉ် တွေမှာ SURA နဲ့ယိုးဒယားစစ်သည်တွေအတွက် အတော်လေးကိုသွေးပျက်ခြောက်ခြားဖွယ်ရာ တစ်ခု ကြုံလာရပါတယ်။အဲဒါကတော့ တရစပ် ပစ်ခတ်နေတဲ့ ကြားထဲကနေမိုက်မိုက်ကန်းကန်း လှံစွပ် တက်ထိုးရဲတဲ့မြန်မာ့တပ်မတော်သားတွေနဲ့အတူအသေခံ ဝ တပ်ဖွဲ့ဝင်တွေ ပါဝင်လာခြင်းပါပဲ။ တိုက်ပွဲအတွင်း…တာချီလိတ် နဲ့ မယ်ဆိုင် မြို့တွင်းကိုအမြောက်ကျည် များ မကြာခဏ ကျရောက်နေသလို မယ်ဆိုင်မြို့တွင်း နေရာယူထားတဲ့ယိုးဒယားတင့် တစ်စီးဟာမြန်မာအမြောက်တပ် က ပစ်လိုက်တဲ့ ဗုံးသီးတစ်လုံးကို၃၅ ပေါင် လေးတဲ့ ၁၂၀ မီလီမီတာ MA 5 စိန်ပြောင်းကြီးတိုက်ရိုက် ထိမှန်သွားတဲ့ အတွက် စက္ကူစုတ် တစ်ခုလိုရှုံ့တွ မီးလောင်သွားခဲ့ပြီး ယာဉ်ပေါ်ရှိယိုးဒယားစစ်သည် အားလုံး သေဆုံးခဲ့ပါတယ်။ ဒီ ထိမှန်ပေါက်ကွဲမှုဟာ ယိုးဒယားစစ်တပ်ကိုတုန်လှုပ်ခြောက်ခြားစေခဲ့ပြီးပဲ့ထိန်း စနစ် တပ်ဆင်ထားတဲ့ ဒုံး လက်နက် နဲ့ ပစ်ခတ်ခံရတယ် လို့ ယူဆတဲ့အတွက်ယိုးဒယား တင့်ကား အားလုံးကို နောက် ကိုက် ၄၀၀ အထိဆုတ်ခွာသွားစေခဲ့ပါတယ်။ မကြာမီ ရက်ပိုင်းအတွင်း မှာတော့… … …SURA နဲ့ ယိုးဒယား စစ်တပ်ဟာ စတင် ဆုတ်ခွာလို့ နေပါပြီ။ ၂၀၀၂ ဇွန် လလယ် ပိုင်းမှာတော့… …အမှတ် ၁၇၁ စစ်ဒေသ ကဝ တပ်ဖွဲ့ဝင် ၃၀၀ ခန့်ဟာ ယိုးဒယား အမြောက်တပ်တွေရဲ့ရှေ့ကာ တပ်စခန်း များကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။နယ်စပ်မျဉ်း နဲ့ ၂ ကီလိုမီတာ အကွာ မှာ ရှိတဲ့ယိုးဒယား ကာကင်း စခန်း တော်တော်များများချေမှုန်းခံခဲ့ရပြီး ယိုးဒယားနယ်ခြားစောင့်တပ်တော်တော်များများ တိုက်ခိုက်မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။ ဒါဟာ ယိုးဒယားအမြောက်များ နဲ့မြန်မာခြေလျင်တပ်ဖွဲ့များ အကြားကြားခံ အင်အား အလွန်လျော့နည်း သွားပြီ ဖြစ်ပြီးယိုးဒယား အမြောက်တပ်များဟာ အကြီးအကျယ် ကိုခြိမ်းခြောက်ခံနေရပြီ ဆိုတဲ့ သဘော လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း… …စစ်ပွဲ ဟာ အဖြေပေါ်နေခဲ့ပါပြီ။ နောက် နှစ်ရက် အကြာမှာ မြန်မာနိုင်ငံ ကို အင်အားသုံးမယ် ဆိုတဲ့… … …ဗိုလ်ချုပ်ကြီး ဆူရာယုဒ် ချူလာနော့ ဟာရာထူးမှ အနားပေးခံခဲ့ရပြီး နယ်စပ်မျဉ်းမှာ ရှိတဲ့ယိုးဒယားတပ်ဖွဲ့ဝင် အမြောက်အများဟာလည်းပြန်လည် ဆုတ်ခွာ သွားရပါတော့တယ်။ တပ်မတော် အနေနဲ့ ကတော့ ပြန်လည်း သိမ်းပိုက်ခဲ့တဲ့နယ်စပ် ခံစစ် စခန်း များကို စစ်ကြောင်း အဆင့်ထိုင်တဲ့မဆုတ်တမ်း ခံစစ် စခန်းများအဖြစ် ပြောင်းလဲခဲ့ပြီးယနေ့ အချိန်ထိ အခိုင်အမာ ခံစစ်ပြင် ထားတာကိုတွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ။ ကိုးကား>>>တပ်မတော် ဘာလဲ ဘယ်လဲ ဆောင်းပါ့း  ပြောချင်တာကတော့ တပ်မတော်ဟာပြည်တွင်းမှာပဲ တိုင်းရင်းသားတွေနဲ့ပတ် တိုက်နေတယ် ဆိုတဲ့ ထဘီခြုံကောင်တွေကိုသိစေချင်တာပါ။ မင်းတို့ပထွေး ယိုးဒယားကိုဒီလို စိန်ခေါ်ခဲ့ဖူးတယ်ဟ။ ထပ်ပြောဦးမယ် ဒီမိုထဘီခြုံတွေ……ထမင်းစားတဲ့ အသိနဲ့စဉ်းစားကျန်းမာရေးကောင်းတဲ့ ဦးနှောက်နဲ့ တွေးခေါ်ထဘီ ခေါင်းမြီးခြုံပြီး ကိုက်ဖို့ပဲ ချောင်းမနေနဲ့။့  နတ်ဆိုး