Sunday, December 28, 2014

ယာဉ်တိုက်မှုကြောင့် KIA အဖွဲ့ဝင် ၂ ဦးသေဆုံးမှု အရေးယူခြင်းမရှိ၍ ဗဟိုဌာနချုပ်တွင် ဆူပူအုံကြွမှုဖြစ်ပွား

ယာဉ်တိုက်မှုကြောင့် KIA အဖွဲ့ဝင် ၂ ဦးသေဆုံးမှု အရေးယူခြင်းမရှိ၍ ဗဟိုဌာနချုပ်တွင် ဆူပူအုံကြွမှုဖြစ်ပွား

ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၁၄ ကချင်ပြည်နယ်၊ KIA ဗဟိုဌာနချုပ်၊ လိုင်ဇာတွင် ဒီဇင်ဘာ ၂၄ ရက်နေ့က ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) အဖွဲ့ဝင် ၂ ဦး ယာဉ်တိုက် မှုကြောင့် သေဆုံးခဲ့ကြောင်း ယင်းတပ်ဖွဲ့ဝင်မိသားစုများထံမှ သိရှိရပါသည်။ အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်မှာ KIA ထောက်ပို့ဌာနမှ ဒုတကအဆင့်ရှိ သူ ဇော်ဆိုင်း မောင်းနှင်းလာသည့် ဒိုင်နာယာဉ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ ဝင် နှစ်ဦးမောင်းနှင်းလာသည့် ဆိုင်ကယ်တို့ တိုက်မိခဲ့ကြောင်း KIA တပ်ဖွဲ့ဝင် များနှင့်နီးစပ်သူ ဒေသခံတစ်ဦးကပြောကြားသည်။ “ကားမောင်းတာက စည်းကမ်းမရှိဘူးလေ၊ မောင်းချင်းတိုင်းမောင်းနေတာ၊ အရင်တုန်းက အရပ်သားတွေကို တိုက်ရင်လည်း ဒီအတိုင်းပဲ ပစ်ထားခဲ့တာ၊ အခုသူတို့တပ်ဖွဲ့ဝင်အချင်းချင်းဖြစ်တာဆိုတော့ ဟိုဘက်က မကျေနပ် ဘူးလေ”ဟု လိုင်ဇာဒေသခံတစ်ဦးကပြောသည်။ ၎င်းယာဉ်တိုက်မှုဖြစ်စဉ်တွင် တိုက်ခံရသူ ၂ ဦး သေဆုံးခဲ့မှုနှင့်ပတ်သက်၍ ယာဉ်မောင်းအား ထောက်ပို့တာဝန်ခံ နှင့်အမျိုးတော်စပ်သူဟုဆိုကာ အရေးမယူဘဲ ထားရှိသောကြောင့် ပြည်သူစစ်တပ်ဖွဲ့ဝင်များက မကျေနပ်၍ ထောက်ပို့ရုံးတွင် ဝင်ရောက်ကာ အရေးယူပေးရန်တောင်း ဆိုမှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တစ်ဦး၏ ပြောပြ ချက်အရသိရသည်။ ယခုလို KIA တပ်ဖွဲ့ဝင်အချင်းချင်းပြဿနာများ ဖြစ်ပွားမှုကြောင့် KIA တာဝန်ရှိသူများက လာရောက်ထိန်းသိမ်း ခဲ့ရပြီး တပ်ဖွဲ့တွင်းစည်း လုံးညီညွတ်မှုအားနည်းသောပြဿနာများ၊ တပ်ဖွဲ့ဝင်အချင်းချင်းခွဲခြား ဆက်ဆံမှုပြဿနာ နှင့် လူမျိုးခွဲခြားချင်းပြဿနာများကို ရင်ဆိုင်ဖြေရှင်းနေ ရကြောင်း KIA ဗဟိုဌာနချုပ်မှ ထိပ်ပိုင်းအရာရှိတစ်ဦးက ပြောကြား သွားကြောင်း သေဆုံးတပ်ဖွဲ့ဝင်မိသားစုများ၏ ပြောပြချက်အရသိရှိရပါသည်။ ဇော်လွှမ်း Kachin Daily News

No comments: