Saturday, December 20, 2014

ပါတီအတွက် သာသနာကွယ်နေသူများ သို့" ▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼ ထင်လင်းဦး အဖမ်းခံရတာကို ရေးကြီး ခွင်ကျယ်လုပ်ပြီး မပြောဘူးလို့နေပေမဲ့ အာဏာအရေး ပါတီအရေး ပုဂ္ဂိုလ်အရေးသာသိပြီး၊ ဘာသာရေးကို နကန်းတစ်လုံးလောက်တောင်မသိတဲ့ ဖိနပ်ကြားမှား စာရိတ္တညှပ်နေတဲ့ မောဃမနုဿ လူ့ဗာလတွေက သံဃာတော်တွေကို စော်ကားနေတာကို တွေ့မြင်နေရလို့ အမှန်မြင်၍ အလင်းပြင်စေလို့တဲ့ စေတနာနဲ့ ရေးချင်စိတ်ပေါက်လာလို့ ဒီစာကိုရေးလိုက်ရတာဖြစ်ပါတယ်။ မောဃမနုဿ လူ့ဗာလတွေက ငမိုက်သားထင်လင်းဦးကို တရားစွဲဆိုတာဟာ မဘသ ဆရာတော်တွေဖြစ်တယ်ဆိုပြီး မိုက်မိုက်ရိုင်းရိုင်းစော်ကားနေတာပိုတွေ့ရပါတယ်။ တကယ်တန်းထင်လင်းဦးကိုတရားစွဲတာဟာထင်လင်းဦးဦး ဟောပြောပွဲလုပ်ခဲ့တဲ့ ချောင်းဦးမြို့နယ် သာသနာရေးမှုက တရားစွဲခဲ့တာဖြစ်ပါတယ်။ သာသနာတော်ကိုစော်ကားသူကိုတရားစွဲရမှာပသာသနာရေးရဲ့တာဝန်ဖြစ်တာကိုတော့ ထွေထွေထူးထူးရှင်းပြစရာ လိုမှာမဟုတ်ပါဘူး။ နယ်မြို့တွေမှာ သာသနာရေးနဲ့ လ၀ကဟာ အတုပူးတွဲတာဝန်ယူရပါတယ် ဒါ့ကြောင့် ထင်လင်းဦးကိုတရားစွဲတာဟာ လ၀ကမှုးလည်းဖြစ်တဲ့ သာသနာရေးမှုဖြစ်ပါတယ်။ မဘသ နဲ့ လုံးဝပတ်သက်ခြင်းမရှိပါဘူး၊ ဒါကိုသိရက်နဲ့ တမင်သက်သက် ဆရာတော်သံဃာတော်တွေကို အများဒကာဒကာမတွေ အကြည်ညိုပျက်စေရန်ရည်ရွယ်ဆိုးနဲ့ ၀ါဒမှိုင်းတိုက်ကြသူတွေကို သူတို့ရဲ့အနာဂတ်သံသရာအရေး မျှော်တွေးမိပြီးအများကြီးသနားကရုဏာဖြစ်ရပါတယ်။တကယ်တော့ သူတို့ လူ့ဗာလတစ်စုဟာ အာဏာအတွက်၊ပါတီအတွက်၊ပုဂ္ဂိုလ်တစ်စုံတစ်ယောက်အတွက် သာသနာကွယ်နေသူများသာဖြစ်ပါတယ် မောဃမနုဿ လူ့ဗာလအဖွဲ့က မဘသဆရာတော်တွေဟာ သံဃာအတုတွေပါလို့ ယုတ်မာစော်ကားထားပါသေးတယ်၊ မဘသ သံဃာတော်အားလုံးဟာ မြတ်ဗုဒ္ဓရဲ့ သာသနာတော်ကို အာခွန်ကြိုးပန်းဆောင်ရွက်တော်မူနေကြတဲ့ စာချဆရာတွေ၊ ဓမ္မကထိကဆရာတော်တွေ၊ကမ္မဋ္ဌာန်းပြဆရာတော်တွေတိပိဋကဆရာတော်တွေသာဖြစ်ပါတယ်။ ကမ္ဘာအလည်မှာ ထေရ၀ါဒဗုဒ္ဓဘာသာအထွန်းကားဆုံး နိုင်ငံလို့ ဂုဏ်ယူဝင့်ကြွားနိုင်တာကလည်းသံဃာတော်များရဲ့ ကျေးဇူးတော်ကြောင်းဖြစ်ပါတယ်။ ကမ္ဘာမှာ မြန်မာတစ်နိုင်ငံတည်းသာရှိတဲ့ တိပိဋကဆရာတော်အားလုံးဟာ မဘသဆရာတော်တွေချည်းဖြစ်ပါတယ်။ သူတို့ပြောသလို မဘသသံဃာတွေဟာ သံဃာတုလို့ဆိုရရင် တိပိဋကဆရာတော်တွေခမြာ သံဃာအအတုတွေဖြစ်ရမဲ့ကိန်းဆိုက်နေသလို၊ သီတဂူဆရာတော်၊ အင်းစိန်ဆရာတော်၊ ပါချုပ်ဆရာတော်တို့လို့ သာသနာဦးဆောင်သံဃာတော်များလည်း သံဃာအတုဖြစ်ရမဲ့သဘောမှာရှိပါတယ်။ တကယ်ကမိမိတို့သံဃာတော်တွေကိုသံဃာအတုတွေလိုအပြောခံရတာအခုမှမဟုတ်ပါဘူး စစ်အာဏာရှင်လက်ထက်ကလည်း သူတို့ကိုမထောက်ခံတဲ့ ပရိယတ္တိဝန်ဆောင်၊ ပဋိပတ္တိဝန်ဆောင် သံဃာတော်တွေကို သံဃာအတုလို့စွတ်စွဲခဲ့ဘူးပါတယ်။ အခုလည်း ဒီမိုပရေစီလို့ ပါးစပ်ကအမြှုတ်ထွက်အောင်ပြောပြီး လပ်တွေ့မှာ အာဏာရှင်စနစ်ကျင့်သုံးနေသူတွေက အာဏာရှင်လမ်းဟောင်းအတိုင်း "ငါတို့မထောက်ခံသူ ငါ့ရန်သူဆို" အတိုင်း ယုတ်မာစွာစော်ကားလာကြပါတယ်။အခုမဘသသံဃာတော်အားလုံးဟာတချိန်တခါကNLDကိုအပြည့်အ၀ထောက်ခံအားပေးခဲ့သူတွေစစ်အာဏာရှင်ကို တော်လှန်ခဲ့သူတွေချည်းဖြစ်ပါတယ်။ ဒီလို NLD ကိုထောက်ခံပြီး စစ်အစိုးရကိုတော်လှန်ခဲ့တာဟာ သံဃာတော်တွေက သမ္မတကြီးလုပ်ချင်လို့အာဏာရချင်လို နေရာရချင်လို့လုံးဝမဟုတ်ပါဘူး၊ မြန်မာပြည်နဲ့ မြည်မာပြည်သူတွေနဲ့ အမျိုးဘာသာ၊သာသနာတော်ထွန်းကားပြန်ပွားအကျိုးများစေချင်လို့ဖြစ်ပါတယ်။ ထင်လင်းဦးရဲ့ မြတ်ဗုဒ္ဓနဲ့ သံဃာတော်အရှင်သူမြတ်များ ဗုဒ္ဓဘာသာတရပ်လုံးကိုစော်ကားထားတာကို အကာင်းထင်အကောင်းမြင်နေတဲ့ လူ့အန္ဓတွေကို အံသြတုန်လှုပ်ဖွယ်ရာတွေ့ရှိရပါတယ်။ ဒီလိုထောက်ခံသူတွေကို သေခြာလေ့လာကြည့်လိုက်တဲ့အခါမှာ မိရိုးဖလာ ဘာသာရေးအသိနုံခြာကြတဲ့ ဗုဒ္ဓဘာသာရေးအရေခြုံတွေနဲ့ ကွန်မြူနစ်ဝါဒီတွေ၊ သံသရာမငဲ့ဘဲ ဒီဘ၀မှာ လှရင်ဝရင်ပြီတာပဲဆိုတဲ့သူတွေ၊နောက် ဘယ်သူသေသေ ငတေမာပြီးတာပဲဆိုတဲ့အတ္တကြီးမားစိတ်ထားရှိတဲ့သူတွေချည်းသာဖြစ်တာမို့ ဖြေသာသေးတယ်လို့ ဆိုချင်ပါတယ်။ ဒီအထဲမှာ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကပါ ထင်လင်းဦးမမှားဘူးလို့ဆိုလာတာကတော့ အများကြီးစိတ်မကောင်းဖြစ်ရပါတယ်။ ဦးဉာဏ်ဝင်းအနေနဲ့အရေးမပါတဲ့လမ်းဘေးကသာမာန်လူမဟုတ်ပါဘူး မြန်မာ့နိုင်ငံရေးရဲ့ အရေးအပါဆုံးပါတီကြီးရဲ့ သဘောထားကိုထုတ်ပြန်ရတဲ့ ပြောခွင့်ရသူဖြစ်တာမို့ ပါတီရဲ့အာဘော် ပါတီရဲ့သဘောထားလည်းဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ပိုလိုဝမ်းနည်းစိတ်မကောင်းဖြစ်ရတာပါ။NLDပါတီဟာ နိုင်ငံအတွက်၊တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ ဘာသာသာသနာအတွက် မဟုတ်ဘဲ ငါ့ပါတီ၊ငါ့လူလူအတွက် အမျိုးဘာသာ၊သာသနာကိုချနင်းတဲ့သဘောဖြစ်နေတာဟာ ပါတီအတွက်မကောင်းသလို၊မြန်မာပြည်အတွက်လည်း ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။ ငမိုက်သားမောဃပုရိသ ထင်လင်းဦးရဲ့ ဟောပြောပွဲအခွေအစအဆုံးကို အကြိမ်ကြိမ်အခါခါနားထောင်ပြီးပါပြီး၊ တခွေလုံးပါတဲ့ ဟောပြောမှုတွေဟာ သံဃာတော်တွေကို ရည်ရွယ်ချက်ရှိရှိကို ပုတ်ခတ်စော်ကားထားတာကိုတွေ့ရပါတယ်၊ သိက္ခာဝါတော်ကြီးမြတ်တော်မူတဲ့ တိပိဋကဓရဆရာတော်တစ်ပါးကဆိုရင် "တပည့်တော်တသက်မှာ ဗုဒ္ဓသာသနာနဲ့ သံဃာတော်တွေ ဒီလောက်မိုက်ရိုင်းစော်ကားတာ တခါမှ မတွေ့ဖူးဘူးဘုရား လို့ ၀မ်းနည်းသံကြီးနဲ့ မိန့်တော်မူပါတယ်"အထောက်အထားမဲ့ မိုက်ရိုင်းစော်ကားထားတဲ့ ထင်လင်းဦးကို ငါ့ပါတီကမို့ ငါ့လူမို့ဆိုပြီး မျက်လုံးစုံမှိုတ်ကာကွယ်ပေးနေဦးမယ်ဆိုရင် NLD ရဲ့လားရာဟာ ဇာတ်သိမ်းလှမှာမဟုတ်ပါဘူး။ မဂ္ဂဇင်းတွေ၊ဂျာနယ်တွေနဲ့အင်တာနက်စာမျက်နှာတွေမှာ စော်ကားတဲ့အရေးအသားရေးထားသူမှန်သမျှဟာ မူဆလင်ဖြစ်ရင်ဖြစ် မဖြစ်ရင် NLD ပါတီဝင်တွေ၊ထောက်ခံသူတွေဖြစ်နေတာကိုမကြည့်ဘဲတတ်အပ်ပြောလို့ရပါတယ်၊ဒီလိုစည်းလွှတ်ကမ်းလွတ် ပြောချင်သစလိုပြောနေတာ စော်ကားချင်သလိုစော်ကားနေတာကို တားမြစ်ခြင်းမပြုဘဲဆက်ပြီးမသိကျိုးနွံပြုနေဦးမယ်ဆိုရင်တော့ ပြည်သူချဉ်ဖတ်ဘ၀လုံးလုံးရောက်သွားပါလိပ်မယ်၊ အခြားချဉ်ဖတ်တွေဟာ တို့စား၊သုတ်စားဖို့ အသုံးဝင်ကေမဲ့ လူ့ချဉ်ဖတ်ဖြစ်သွားမယ်ဆိုရင်တော့ အသုံးမချလူ့အမှိုက်လုံးလုံးဖြစ်သွားတတ်တာကို သတိထားဖို့လိုပါလိပ်မယ်။ကိုစေတနာအရင်းခံနဲ့ သတိပေးတာဖြစ်ပါတယ်။ ထင်လင်းဦးနဲ့ပတ်သက်ပြီး မောဃမနုဿလူ့ဗာလတွေက "ဗုဒ္ဒဘာသာတွေဖြစ်ပြီး ဒါလေးတောင် ခွင့်မလွှတ်နိုင်ဘူးလားလို့" မေတ္တာရှင်ကြီးပုံဖမ်းပြီး ဆိုကြပြန်ပြန်ပေးတယ် ၊ ခွင့်လွှတ်သီးခံတာမှ အကြိမ်ကြိမ်အခါခါကို ခွင့်လွှတ်သီးခံပေးခဲ့တာပါ NLD လူကြီးတဦးဖြစ်တဲ့ တော်ဝင်နှင်းဆီ ဦးစိုးညွှန့်ရဲ့ မိုက်ရိုင်းစွာ သံဃာတွေကို ခွေနဲ့နှိုင်းတာ၊ NLDပါတီရဲ့ လွှတ်တော်အမတ်တဦးဖြစ်သူ ဒကာမင်းသူရဲ့ သံဃာတော်တွေကို နွားနဲ့နှိုင်းတာစတဲ့ အင်မတန် ယုတ်မာရိုင်းစိုင်းတဲ့ အပြောအဆိုတွေအပြင် မီဒီယာထက်ကနေ သံဃာတော်တွေကို အမျိုးမျိုး စော်ကားပုတ်ခတ် မဟုတ်မမှန်လုပ်ကြံနေတာတွေကို ပြဿနာပိုမိုမကြီးထွားအောင် သီခံခွင့်လွှတ်အေးခဲ့ပြီး ပေးနေဆဲဖြစ်ပါတယ်။ အခုထင်လင်းဦးကိစ္စမှာ အတိုင်းအတာတခုထက်အများကြီးကျော်လွန်ပြီး စော်ကားထားတာမို့ မသိသလိုနေလို့ မဖြစ်နိုင်တော့ပါဘူး။သံဃာတော်တွေဟာ ငမိုက်သားထင်လင်းဦးကို ၀ိနယဓမ္မနဲ့အညီသာ ပတ္တနိက္ကုဇ္ဇကံဆောင်တော်မူခဲ့ကြတာဖြစ်ပါတယ်။ အခုထင်လင်းဦးကို တရားစွဲဆိုတာဟာ မည့်သည့်သံဃာတော်တပါးကမှ စွဲဆိုတာမဟုတ်ဘူးဆိုတာကိုလည်း ထက်မံပြောကြားလိုပါတယ်။ "ထင်လင်းဦးကိုပဲ အပြစ်တင်တယ် စစ်အစိုးရက သံဃာတော်တွေကို ဖမ်းဆီးထောင်ချတာကို ဘာလို့မပြောသလဲ" ဆိုပြီး မောဃမနုဿ လူ့ဗာလအဖွဲ့က ဆိုလာပြန်ပါသေးတယ်။ သံဃာတော်တွေဟာ စစ်အစိုးရမတိုခင်ခင် ကိုလိုနီနဲ့ချက်ကတည်းက မတရားတဲ့ အစိုးရမှန်သမျှကို တွန်းထုတ်တော်လှန်ခဲ့တယ်ဆိုတာ သမိုင်းကိုလေ့လာရင်သိနိုင်ပါတယ်။ စစ်အစိုးရလက်ထက်ကလည်း မဘသဆရာတော်တွေကပဲ စစ်အာဏာရှင်တွေကို တော်လှန်ခဲ့ကြတာပါ်၊ အခု သံဃာတော်တွေအနေနဲ့ NLD ကို စေတနာသန့်သန့်နဲ့ထောက်ပြဝေဘန်တာပဲပြုလုပ်တာပါ စစ်အစိုးရ အာဏာရှင်ကိုတော်လှန်သလိုဘာတခုမှမလုပ်ရသေးပါဘူး။ စစ်အစိုးရက သံဃာတွေကို ထောင်ချတာ ဖမ်းဆီးတာစတဲ့စော်ကားမှုတွေဟာ NLD ကသံဃာတော်တွေကိုစော်ကားတာလောက် ကြောက်စရာမကောင်းဘူးဆိုဆိုချင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုရင် စစ်အစိုးရမကောင်းတဲ့အကြောင်းကို ရဟန်းရှင်လူပြည်သူအားလုံးက သိထားတဲ့အတွက် စစ်အစိုးရဲ့ယုတ်မာဝါဒဖြန့်မှုကို ဘယ်သူကမှမယုံကြလို့ပါ။ နောက်ပြီးစစ်အစိုးရကလည်း ထင်လင်းဦးပြောသလို သံဃာတော်တရပ်လုံးနဲ့ ဗုဒ္ဓဘာသာဝင်အားလုံးကို လူသိထင်ရှားတခါမှ မစော်ကားဘူးပါဘူး၊ အခုထင်လင်းဦးရဲံ ဟောပြောချက်တွေကို အသိဉာဏ်နည်းပါး သဒ္ဒါရှားတဲ့ တစ်ယောက်ယောက်ကများ သဘောကျလက်ခံမိသွားရင် လက်ခံတဲ့သူကော ဗုဒ္ဓသာသနာအတွက်ပါ အများကြီးနစ်နာသွားစေနိုင်ပါတယ်။ အယူလွဲသွားစေပြီး သာသနာတော်ညိုးမှိန်တဲ့အထိ ဖြစ်သွားစေနိုင်ပါတယ်။ ဒီစာကိုရေးတဲ့အတွက် စာရေးသူကို ဒီမိုသဖက်ကန်းတွေရဲ့ ထု့းစံအတိုင်း "စစ်ခွေ၊ ကြံဖွတ်ခွေး၊ ဘုန်းကြီးအတု၊ ကတုံးစုတ်"စတဲ့ အသုံးအနှု့န်းတွေနဲ့ လုပ်ကြံစော်ကားချင်လည်း စော်ကားနိုင်ပါတယ်၊ ဒါပေမဲ့NLDကို၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲအထိအားကိုးတကြီးနဲ့စိတ်ကောကိုယ်ပါအားပေးခဲ့တဲ့အကြောင်းတော့သိထားဖို့ပြောပြချင်ပါတယ်။အညာဒေသကဆင်ဖြူကျွန်းမြို့၊မဟာဝိသုတာရာမစာသင်တိုက်မှာ ၁၇-နှစ်သားကိုရင်ငယ်ဘ၀မှာ NLD ကိုအရူးအမူအားပေးမိလို့ စာချဆရာတော်တွေကိုစ ခန်းမှုကလာရောက်လျှောက်ထားလို့ ဇာတိရွာလေးကို အကြိမ်ကြိမ်ပြန်လွှတ်ခံခဲ့ရသလို၊ ၂၀၁၇ ရွှေဝါရောင်ကာလမှာပါဝင်ခဲ့လို့ရန်ကုန်ကနေနယ်ပြန်နေရပြီး၁နှစ်လုံးလုံးရွာမှာပဲတောရဆောက်တည်ကာ ခြေချုပ်သဘောနေခဲ့ရတာ ရွာသားတွေအသိပဲဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ပညာသင်ဆဲ ဗုဒ္ဓတက္ကသိုလ်စာသင်တန်းမှာ တစ်နှစ်တိတိ နှစ်အောက်ခဲ့ရတယ်။ ဒကာမကြီးဒေါ်အောင်းဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကလွတ်တဲ့နေ့ကလဲ စာမေးပွဲဖြေရက်နဲ့ ၂-ရက်ပဲလိုတာတောင် အားပေးချင်လွန်းလို့ အဖွဲ့ချုပ်မှာလုပ်တဲ့ ဟောပြောပွဲကို သွားခဲ့ပြီး အိပ်ချိန်ကို ဟောပြောပွဲသွားတဲ့ စာကျက်ချိန်အစား အကြွေပြန်ဆပ်လို့ တညလုံးမှာ ၂-နာရီပဲအိပ်ခဲ့ရတာလည်း တကယ်ကိုအမှတ်တရပါဘဲ။ စာရေးသူရဲ့ဒကာကြီးဦးမြင့်မောင် (အဖေ)ဆိုရင် ယခုအချိန်အထိ NLD ရပ်ကျေးဥက္ကဋ္ဌတယောက်ဖြစ်သလို ဦးလေးဖြစ်သူ ဦးကံဦးဟာလည်း ၉၉-ရွေးချယ်ခံ ပြည်သူကိုယ်စားလှယ်ပါ အခုအချိန်ထိ NLD ဗဟိုအလုပ်အမှုဆောင်တဦးပါ အခုမင်းဘူးမှာပါတီတာဝန်ထန်းဆောင်နေဆဲပါ။ စာရေးသူရဲ့မွေးချင်းဆွေမျိုးထဲမှာ စစ်သာတွေ၊ရဲတွေ အာဏာရှင်တွေတယောက်မှမပါပါဘူး။အခုအချိန်ထိ NLDကို သံယောဇဉ်လက်ကျန်လေးနဲ့ မ၀ံ့မရဲမျှော်လင့်နေဆဲပါ။ အချိန်မီပြင်ဆင်နိုင်ဖို့ဆုတောင်းနေလျှက်ပါပဲ။ သံဃာတော်တွေဟာ ပေးဆပ်မှုသက်သက်မျှသာဖြစ်ပါတယ်။ ရယူလိုစိတ်စိုးစဉ်းမျှမရှိကြပါဘူး။ ပါတီတွေကိုလည်းအများကြီးစိတ်မ၀င်စားလှပါဘူး.။ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုး၊၊ကိုယ့်ဘာသာကိုယ့်သာသနာကို အလေးထားသူတိုင်းကို မျှော်လင့်အားပေးသွားမှာဖြစ်ပါတယ်။ နိုင်ငံရေးလုပ်တာဟာ ကိုယ်နိုင်ငံ၊ကိုယ့်လူမျိုး၊ကိုယ့်ဘာသာကိုယ်သာသနာတိုးတက်ဖို့လုပ်တာကဲဖြစ်ပါတယ်။ ငါ့အတွက်၊ငါ့ပါတီအတွက်လုပ်ဆောင်နေတာဟာ နိုင်ငံရေးအတုယောင်တွေသာဖြစ်ပါတယ်။ အမျိုး၊ဘာသာ၊သာသနာကိုဖျက်လိုဖျက်ဆီးလုပ်လာတဲ့ ဘယ်ပါတီ၊ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်မဆို အမျိုးသားရေးသတိ၊ဘာသာရေးအသိနဲ့ အမြဲတွန်းလှန်သွားမှာဖြစ်ပါတယ်။ ကိုယ့်သာသနာကိုယ့်ဘာသာနဲ့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် အလုပ်လုပ်တာကို အောက်တန်းကျတဲ့ အကြံဆိုးတွေနဲ့ စွတ်စွဲပုတ်ခတ်လာရင်လည်း စော်ကားမှုမှန်သမျှကို အားအဖြစ်အသုံးချပြီး အမျိုး၊ဘာသာ၊သာသနာအတွက် ခရီးဆက်နေမှာဖြစ်ကြောင်းပြောကြားရင် မနေညက ရန်ကုန်မြို့၊ပန်းဘဲတန်းမြို့နယ်မှာကျင်းပတဲ့  ဓမ္မသဘင်မှာ မဘသဒုတိယဥက္ကဋ္ဌ သီတဂူဆရာတော်ဘုရားကြီးက သံဃာတော်တွေကို ပုတ်ခတ်စော်ကားထားသူတွေကို ရည်ရွယ်ဟောကြားသွားတော်မူတဲ့ တရားတော်ကိုအနှစ်ချုပ်တင်ပြရင်းနိဂုံးချုပ်လိုက်ရပါတယ်။ " သာသနာအတွက်ဆောင်ရွက်နေသူတွေကို ဘယ်လောက်ဘဲ ဝေဖန်ကဲ့ရဲ့ကြပါစေ သူတို့ပြောသမျှကိုအင်အားသဖွယ်အသုံးချပြီး အောင်မြင်အောင်ဆောင်ရွက်ကြပါ" "မြတ်စွာဘုရားရှင်တောင်မှ မာရ်နတ်နဲ့တွေ့မှ သည်းခံခြင်းကိုဘယ်လောက်ထိအောင်မြင်နိုင်သလဲဆိုတာ သိသာထင်ရှားလာပါတယ်လို့ ထည့်သွင်းဟောကြားသွားပါတယ်" ------------------------------------------------------- (အမျိုး၊ဘာသာ၊သာသနာချစ်၊နိုင်ငံရေးအစစ်များပေါ်ထွက်ပါစေ) ဓမ္မ၀ီရ အရှင်တေဇနိယ Ph,D (Thesis)

No comments: