Showing posts with label စစ်ရေး. Show all posts
Showing posts with label စစ်ရေး. Show all posts

Wednesday, October 12, 2016

မောင်တောဖြစ်စဉ်အတွက် လေကြောင်းအင်အားသုံးရန် တပ်ချုပ်ခွင့်ပြု

အောက်တိုဘာ ၁၀ ရက်က မောင်တောမြို့သို့ရောက်ရှိလာသော တပ်မတော်ရဟတ်ယာဉ်နှင့် တပ်မတော်သားအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ − အေအက်ဖ်ပီ)

မောင်တောဒေသ အကြမ်း ဖက်တိုက်ခိုက်မှုဖြစ်စဉ်အတွက် လို အပ်လျှင် ရေယာဉ်၊ လေယာဉ်များဖြင့် တပ်အင်အားအသုံးပြုရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ခွင့်ပြု ကြောင်း သတင်းရရှိသည်။

‘‘လောလောဆယ် တပ်မတော် လုံခြုံရေးအကူအညီအတွက် မူလရှိ ပြီး နယ်မြေခံတပ်တွေအပြင် တပ်မ တစ်မ ထပ်မံထည့်သွင်းထားပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း လိုအပ်ရင်လိုအပ်သလို ရေ ယာဉ်၊ လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ တပ်အင်အားအသုံးပြုခွင့်ပေးထားပြီး ဖြစ်ပါတယ်’’ဟု သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါကိစ္စကို သတင်းဖော် ပြရန် ဦးဇော်ဌေးထံသို့ ဆက်သွယ် ရာ အစည်းအဝေးထဲသို့ ရောက် နေကြောင်း ၎င်းက ဖုန်းမှတစ်ဆင့် စာတိုပေးပို့သည်။ သို့ဖြစ်ရာ ဖုန်းမှတစ်ဆင့်ပင် အဆိုပါ ရေးသား ချက်ကို သတင်းဖော်ပြခွင့်ပြုရန် 7Day က စာတိုပေးပို့ခဲ့ရာ ဦးဇော်ဌေးက ဖော်ပြနိုင်ကြောင်း ခွင့်ပြု ခဲ့သည်။

ထို့အပြင် ကျဆုံးသူများနှင့် ကျန်ရစ်သူ မိသားစုဝင်များအ တွက် ထိရောက်စွာ ထောက်ပံ့ကူ ညီရန် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ညွှန်ကြားထားကြောင်းဦးဇော်ဌေးက ရေးသားထားသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ် ပွားခဲ့သော ဖြစ်စဉ်များနှင့်ပတ် သက်၍ တပ်မတော်က နယ်မြေ ရှင်းလင်းရေးဆောင်ရွက်နေစဉ် ရုတ်ခြည်းတိုက်ခိုက်လာသော အ ကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ ကို ပြန်လည်ပစ်ခတ်ရှင်းလင်းခဲ့ ရကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ် ပြန်ထားသည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြို့သူကြီး ကျေးရွာဝန်းကျင်၌ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများရောက်ရှိ နေကြောင်း သတင်းအရ တပ်မ  တော်က နယ်မြေရှင်းလင်းစဉ် အောက်တိုဘာ ၁၀ ရက် နံနက် ၈ နာရီခန့်တွင် အဆိုပါကျေးရွာအ နီး ကွမ်းခြံအတွင်းမှ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၂၀ ဦးခန့်က တုတ်၊ ဓားလက်နက်များဖြင့် ရုတ်တရက် တိုက်ခိုက်လာမှုကြောင့် တပ်မတော်က ပြန်လည်ပစ်ခတ် ရှင်းလင်းရာ ၎င်းအဖွဲ့များ ထွက် ပြေးသွားခဲ့ပြီး အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ အလောင်းလေး လောင်းနှင့် ၎င်းတို့ကိုင်ဆောင် တိုက်ခိုက်ခဲ့သော လုပ်သေနတ် တစ်လက်၊ ကျည်သုံးတောင့်နှင့် ဓားတစ်လက်တို့ကို သိမ်းဆည်းရ မိခဲ့ကြောင်း သတင်းထုတ်ပြန် ထားသည်။

အဆိုပါဆုတ်ခွာထွက်ပြေး သော အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများကို တပ်မတော်က လိုက်လံရှင်းလင်းလျက်ရှိကြောင်းသတင်းထုတ်ပြန်ထားသည်။

မောင်တောဖြစ်စဉ်ဖြစ်သည့် အချိန်မှာ ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် လူ့အခွင့်အရေးကိစ္စ တင်နေသည့်တတိယကော်မတီ အစည်းအဝေးစတင်ချိန်နှင့် တိုက်ဆိုင်နေကြောင်း နိုင်ငံခြားရေးဒု ဝန်ကြီး ဦးကျော်တင်က အောက် တိုဘာ ၉ ရက် သတင်းစာရှင်း လင်းပွဲ၌ ပြောကြားသည်။

‘‘နောက်ပြီးတော့ ကျွန်တော် တို့နိုင်ငံကို ဒါ အမေရိကန်ပြည် ထောင်စုကလည်း ကျွန်တော်တို့ ဒီနောက်ဆုံးကျန်နေတဲ့ ကန့်သတ် ပိတ်ဆို့မှုတွေလည်း လျှော့ချပေး ခဲ့တယ်။ ဒီတတိယကော်မတီမှာ လည်းပဲ လူ့အခွင့်အရေးနဲ့ပတ် သက်ပြီးတော့ ဥရောပသမဂ္ဂ(EU) ကလည်း အဆိုမူကြမ်းတင်သွင်း တာတွေ မလုပ်တော့ဘူးလို့ အခု လိုကြေညာထားတာလည်း ရှိပါ တယ်။ အဲဒီတော့ ဒီလိုအနေအ ထားမျိုးမှာ ကျွန်တော်တို့နိုင်ငံတ ကာက အာရုံစိုက်နေတဲ့၊ အရင် က အာရုံစိုက်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီးတော့ပေါ့နော်။ ဒီကိစ္စကို အရေးယူမြှင့်တင်နေ တယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာက အာရုံစိုက်မှုရ အောင် ဒီလိုကိစ္စမျိုးလုပ်လာတာ မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါ တယ်။ ဖြစ်ချင်လည်း ဖြစ်ပါမယ်’’ဟု ဒုဝန်ကြီးက ပြောသည်။

Saturday, October 8, 2016

ကျူးဘားနဲ့ ဗီယက်နမ်မှာ ရုရှားစစ်စခန်းတွေ ပြန်ဖွင့်မည်



Russia Victory Day Parade စစ်ရေးပြ အခမ်းအနား ( မော်စကို၊ ရုရှား မေ ၉၊ ၂၀၁၆)အမေရိကန်နဲ့ ရုရှားတို့ကြား ဆက်ဆံရေးတွေ အဆင်မပြေဖြစ်လာနေချိန်မှာပဲ ရုရှားက သူ့ရဲ့စစ်ရေးအခြေစိုက်စခန်းတွေကို ကျူးဘားနဲ့ ဗီယက်နမ် နိုင်ငံတွေ မှာ ပြန်လည်ဖွင့်လှစ်ဖို့ စဉ်းစားနေတယ်လို့ ထိပ်တန်း ကာကွယ်ရေး အရာရှိကြီးတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရုရှားသတင်းဌာနတွေ က ဖေါ်ပြနေကြပါတယ်။

ရုရှားစစ်အင်အားကို ကျူးဘားနဲ့ ဗီယက်နမ်လို နိုင်ငံတွေမှာ ပြန်လည် ချထားရေး နဲ့ ပါတ်သက်ပြီး ဖြစ်နိုင်မဖြစ်နိုင် ရုရှားအောက်လွှတ်တော်မှာ သောကြာနေ့က လွှတ်တော်အမတ်တွေရဲ့ အမေးကို ရုရှားကာကွယ်ရေး ဒုတိယဝန်ကြီး Nikolai Pankov ကပြန်လည် ဖြေကြားရာမှာ ရုရှားက လုပ်ဆောင်နေတယ်လို့ ပြောပေမယ့် အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။

ဆိုဗီယက်ယူနီယံက ၁၉၆၀ အစောပိုင်း နှစ်တွေမှာ ကျူးဘားက လူးဒါးဒက်စ် (Lourdes) မှာ ထောက်လှန်းရေး အခြေစိုက်စခန်းတခု ထူထောင်ခဲ့သလို ၁၉၇၀ နှောင်းပိုင်း နှစ်တွေမှာ ဗီယက်နမ်က Cam Ranh ပင်လယ်ကွေ့မှာ ရေတပ် အခြေစိုက်စခန်းတခု ထူထောင်ခဲ့တာပါ။ ၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံ ပြိုကွဲခဲ့ပေမယ့်လည်း ရုရှားက ဒီစခန်းတွေကို ဆက်လက် ဖွင့်လှစ်ထားတာ ဖြစ်ပြီး ၂၀၀၁ ခုမှ ကျူးဘူးနဲ့ ၂၀၀၂ ခုနှစ်မှာ ဗီယက်နမ်က စခန်းတွေကို ပိတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ရုရှားက ဆီးရီးယားမှာ သူ့ရဲ့ လေတပ်နဲ့ ရေတပ် အခြေစိုက်စခန်းတွေကို ဖွင့်လှစ်ထားပါတယ်။ သောကြာနေ့မှာပဲ ရုရှားအစိုးရပြောခွင့်ရ Dmitry Peskov ကိုမေးမြန်းရာမှာတော့ တိုက်ရိုက်ဖြေကြားဖို့ ငြင်းဆိုခဲ့ပြီး ကာကွယ်ရေး ဝန်ကြီးဌာန က ပြောကြားမှာ ဖြစ်ကြောင်း ဖြေကြားချက်ကိုလည်း ရုရှားသတင်းတွေ မှာ ဖေါ်ပြထားပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်အတွင်း နိုင်ငံတကာ အခြေနေဟာ တည်ငြိမ်မှု မရှိပဲ ဖြစ်လာတာမို့ ဒီအခြေနေနဲ့ ကိုက်ညီမယ့် ပြင်ဆင်မှုတွေ နိုင်ငံတိုင်းက လုပ်ထားဖို့ လိုအပ်မယ့် အကြောင်း ပြန်လည် ဖြေကြားခဲ့တာပါ။

 ဗွီအိုအေ (မြန်မာပိုင်း)

မြန်မာ စစ်တပ် ပြုပြင်မှု အမေရိကန် စစ်တပ် ကူညီမယ်



 အမေရိကန် စစ်တပ် ထိပ်တန်း အရာရှိတွေ နဲ့ မြန်မာ့ တပ်မတော်က ထိပ်တန်း ခေါင်းဆောင်တွေလည်း မကြာခဏ တွေ့ဆုံ ခဲ့ကြ

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့ မာစီရယ် ကို ဘီဘီစီ က သီးသန့် တွေ့ဆုံ ခွင့် ရခဲ့ရာမှာ နှစ်နိုင်ငံ စစ်တပ် ဆက်ဆံရေး ကို အဓိက ထား ဖြေကြား ခဲ့ပါတယ်။

မြန်မာ နဲ့ အမေရိကန် နှစ်နိုင်ငံ စစ်တပ် ဆက်ဆံရေး က ပိုပြီး နီးကပ်မှုတွေ ရှိလာ တယ်လို့ ပြောပါတယ်။

အမေရိကန် စစ်တပ် ထိပ်တန်း အရာရှိတွေ နဲ့ မြန်မာ့ တပ်မတော်က ထိပ်တန်း ခေါင်းဆောင်တွေလည်း မကြာခဏ တွေ့ဆုံ ခဲ့ကြပါတယ်။

မြန်မာ နိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စီးပွားရေး တိုးတက်မှု လုပ်ငန်းစဉ် နဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲ မှုတွေကို အမေရိကန် က ကူညီ ပံ့ပိုး ပေးမှာ ဖြစ်တယ်လို့ သံ အမတ်ကြီး စကော့ မာစီရယ်က ပြောပါတယ်။

မြန်မာ့ တပ်မတော် ဟာ ငြိမ်းချမ်းရေး နဲ့ ဒီမို ကရေစီ ပြုပြင် ပြောင်းလဲမှု တွေမှာ ကဏ္ဍ တရပ် ကနေ ပါဝင် နေတယ်လို့လည်း သံအမတ်ကြီး က ဆိုပါတယ်။

ဒါပေမယ့် မြန်မာ့ တပ်မတော် နဲ့ အမေရိကန် စစ်တပ် ရဲ ထိတွေ့ ဆက်ဆံမှုဟာ အကန့်အသတ် နဲ့ပဲ ရှိနေတယ်လို့ မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး က ပြောပါတယ်။

လက်ရှိ ထိတွေ့ ဆက်ဆံမှု ကို အသုံးပြုပြီး တပ်မတော် ပြုပြင်ပြောင်းလဲရေး နောက်ထပ် လုပ်ဆောင် အားပေး တဲ့ အနေနဲ့ ပစိဖိတ် စစ်ဌာနချုပ်က ဒုတိယ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး အန်တိုနီ ခရပ်ခ်ျဖီးလ် လာရောက် ခဲ့ပါတယ်။

အဲဒီ ခရီးစဉ် ကလည်း အမေရိကန် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲ့ မြန်မာ နိုင်ငံကို တတိယ အကြိမ်မြောက် လာရောက်တဲ့ ခရီးစဉ် ဖြစ်ပြီး တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း နဲ့ တွေ့ဆုံ ခဲ့ကြပါတယ်။

နှစ်နိုင်ငံ စစ်တပ် ခေါင်းဆောင်တွေ တွေ့ဆုံခဲ့စဉ်မှာ တပ်မတော် ပြုပြင် ပြောင်းလဲရေး နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို ဆွေးနွေး ခဲ့ကြတယ်လို့ မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး က ပြောပါတယ်။

ပြီးတော့ မြန်မာ့ တပ်မတော် က အရာရှိတွေကို အမေရိကန် ပြည်ထောင်စု က West Point စစ် တက္ကသိုလ်မှာ သင်တန်းပေးတာမျိုးလည်း မရှိဘူးလို့ အမေရိကန် ဘက် က ပြောပါတယ်။

စစ်ဘက် အရပ်ဘက် ဆက်ဆံရေး၊ နိုင်ငံတကာ ဥပဒေ စတာတွေကို မြန်မာ တပ်မတော် အရာရှိတွေကို သင်တန်း ပေးနေပြီး လက်နက် ရောင်းချ တာမျိုးတွေ တော့ မရှိသေးဘူးလို့ သိရပါတယ်။

RFA Burmese

Sunday, September 25, 2016

ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းများ စွမ်းအားပြည့်လေ့ကျင့်နိုင်ပါမှ ပြည်ပရန် ကာကွယ်နိုင်မည်ဟု တပ်ချုပ်ပြော

စစ်ရေးလေ့ကျင့်မှုတွင် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်က တံတားကို ချက်ချင်းဆောက်၍ အပေါ့စားသံချပ်ကာကားတစ်စီးဖြတ်သန်းနေစဉ် (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

 ပြည်ပအန္တရာယ်ကာ ကွယ်နိုင်ရန်နှင့် တပ်မတော်အနေ ဖြင့် ပူးပေါင်းစစ်ဆင်မှုလေ့ကျင့် ခန်းများကို စွမ်းအားပြည့်လေ့ကျင့် နိုင်မှသာ အခြားနိုင်ငံတပ်မတော် များနှင့် ရင်ပေါင်တန်းနိုင်မည် ဖြစ် ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ပြောသည်။

တပ်မတော် (ကြည်း၊ လေ) အမြောက်နှင့် သံချပ်ကာပူးပေါင်း စစ်ဆင်ရေးလေ့ကျင့်မှုကို မိတ္ထီ လာမြို့နယ် မုန်တိုင်ဒေသတွင် စက်တင်ဘာ ၂၄ ရက်က ပြုလုပ် ပြီး ပြည်ပရန်ကာကွယ်ရန် အဓိကရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း တပ်မတော်အဆင့်မြင့် အရာရှိများက ပြောကြားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ‘‘တပ်မတော်က နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ဖို့၊ အထူးသဖြင့် ပြည် ပရန်အန္တရာယ်ကို ကာကွယ်ဖို့ဆို လို့ရှိရင် ဒီလိုပူးပေါင်းစစ်ဆင်မှု လေ့ကျင့်ခန်းတွေကို စွမ်းအား ပြည့်လေ့ကျင့်နိုင်မှသာ သမားရိုး ကျစစ်ကို ဆင်နွှဲရာမှာ တခြားနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေက ရှိ တဲ့တပ်မတော်တွေနဲ့ ရင်ပေါင် တန်းနိုင်မှာဖြစ်ပါတယ်’’ဟု ပြော သည်။

ဒုတိယ တပ်မတော်လေ့ ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်စန်း မြင့်က ‘‘နိုင်ငံတကာ ဆက်ဆံရေး မှာ အမြဲတမ်းရန်သူ၊ အမြဲတမ်း မိတ်ဆွေဆိုတာ မရှိပါဘူး။ ထာဝ ရအကျိုးစီးပွားပဲ ရှိပါတယ်။ အဲဒီ တော့ မိမိရဲ့ နိုင်ငံရဲ့ အကျိုးစီးပွား ကို ထိပါးလာလို့ရှိရင်၊ မိမိနိုင်ငံ အကျိုးစီးပွားကို ပျက်ပြားအောင် လုပ်လာလို့ရှိရင် အဲဒီအတွက် ကျွန်တော်တို့က ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ အခုလည်း ကျွန် တော်တို့ ဒီလေ့ကျင့်ခန်းမှာ ပုံဖော် ထားတာတော့ အသူရာနိုင်ငံပေါ့။ အသူရာနိုင်ငံ တစ်ခုကနေပြီး တော့ မိတ္ထီလာလွင်ပြင်ကို ဒီနေရာကလည်းပဲ အရင်တုန်းက ဒုတိယ ကမ္ဘာစစ်တုန်းက တင့် တိုက်ပွဲတွေအများကြီးဖြစ်ခဲ့တဲ့နေရာပါ။ ဒီ နေရာကို အသူရာတပ်မတော် တစ်ခုကနေပြီး လေကြောင်းချီပြီး ဝင်ရောက်လာတယ် ဆိုတဲ့ အခြေအနေမျိုးနဲ့ ဖြစ်စဉ်မျိုး ဒီဟာကို ကျွန်တော်တို့ ဆောင်ရွက်ခြင်းဖြစ် ပါတယ်’’ဟု ပြောသည်။

ဧက ၇၀,၀၀၀ ကျော် ကျယ်ဝန်းသော မုန်တိုင်ဒေသတွင် စက်တင်ဘာ ၂၄ ရက်က ပြုလုပ်သော စစ်ဆင်ရေးလေ့ကျင့်မှု၌ စစ်လေ ယာဉ် ၃၅ စီး၊ သံချပ်ကာကားများ အပါအဝင် တပ်မတော်စစ်ယန္တ ရားအစီးရေ ၅၀ ကျော်၊ အ မြောက် (၁)ဗျူဟာ၊ သံချပ်ကာ (၁)ဗျူဟာ၊ လေကြောင်းရန်ကာ ကွယ်ရေးတပ်ဖွဲ့နှင့် အခြားတပ် ဖွဲ့များလည်း ပါဝင်ကြောင်း ပြည် သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ် ဆင်ရေးမှူးရုံး ဒုတိယညွှန်ကြား ရေးမှူး ဗိုလ်မှူးကြီး ဇော်မင်းထွန်း က ပြောသည်။

စစ်ရေးလေ့ကျင့်မှုတွင် ရန် သူ့စခန်းဟု သတ်မှတ်ထားသော နေရာ ခုနစ်ခုကို မြေပြင်မှရော လေကြောင်းမှပါ လက်နက်မျိုးစုံ ဖြင့် ပြင်းပြင်းထန်ထန် ပစ်ခတ် တိုက်ခတ်လေ့ကျင့်ပြီး တပ်မ တော်သားအင်အား ၄,၀၀၀ ကျော် ပါဝင်ခဲ့သည်။

မိနစ်ပိုင်းအတွင်း တည် ဆောက်သည့် ယန္တရားတံတား တပ်ဆင်ပုံနှင့် ယင်းတံတားကို သံ  ချပ်ကာယာဉ်ကြီးများက ဖြတ်၍ ရန်သူ့စခန်းကို တိုက်ခိုက်သိမ်း ပိုက်ခြင်းကိုလည်း လက်တွေ့လေ့ ကျင့်ပြသခဲ့သည်။ ရှေ့တန်းစစ် မြေပြင်သို့ လေယာဉ်ဖြင့် အ မြောက်ချပေးခြင်း၊ ရိက္ခာချပေး ခြင်း၊ ဒဏ်ရာရ စစ်သည်အား ရဟတ်ယာဉ်ဖြင့် သယ်ဆောင် ဆေးကုသခြင်းတို့ကိုလည်း ပြသ ခဲ့သည်။

စစ်ဆင်ရေးလေ့ကျင့်မှုတွင် အသုံးပြုသော လက်နက်ခဲယမ်း အများစုမှာ တပ်မတော်မှ ထုတ် လုပ်ခြင်းဖြစ်ပြီး ကုန်ကျစရိတ် လတ်တလော လျာထားချက်ရှိ ကာ အတိအကျကို တွက်ချက်ရ ဦးမည်ဖြစ်ကြောင်း သတင်း ထောက်များက စစ်ရေးလေ့ကျင့် မှုအတွက် ကုန်ကျစရိတ်ကို မေး မြန်းရာတွင် တပ်မတော်အရာရှိ များက ပြောသည်။

Sunday, July 5, 2015

ဖားကန့်ဒေသရှိ KIA အားဆက်ကြေး မပေးသော ကျောက်စိမ်းကုမ္ပဏီများ တစ်လအတွင်း သုံးကြိမ် အကြမ်းဖက်မီးရှို့ခံရ ===========

ဖားကန့်ဒေသရှိ KIA အားဆက်ကြေး မပေးသော ကျောက်စိမ်းကုမ္ပဏီများ တစ်လအတွင်း သုံးကြိမ် အကြမ်းဖက်မီးရှို့ခံရ
===========
ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ တစ်ခုကို KIA လက်နက်ကိုင်အင်အား ဆယ်ဦးခန့်က ဇွန်လ ၃၀ ရက် ညတွင် မီးရှို့ဖျက်ဆီးသွားသည် ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ သ တင်းရရှိသည်။

အဆိုပါမီးရှို့ဖျက်ဆီးမှုသည် တစ်လအတွင်း သုံးကြိမ်မြောက် ဖြစ်ပွားခြင်းဖြစ်ပြီး KIA မှ သူတို့အား ဆက်ကြေးမပေးတဲ့ ကုမ္ပ ဏီတွေကို လိုက်လုပ်နေခြင်း ဖြစ်သည်။

ထို့ပြင့် ထိုဒေသတွင် စီးပွားရေး လုပ်ကိုင်နေကြသော လုပ်ငန်းရှင်များကိုလည်း ဖုန်းများ ဆက်ကာ ခြိမ်းခြောက်ကာ ငွေတောင်းခြင်း ဆက်ကြေးကောက်ခံခြင်းများကိုလည်း ပြုလုပ်လျက်ရှိနေသည်ဟု သိရှိရပါသည်။
ဖြစ်စဉ်မှာ ဖားကန့်မြို့နယ်လုံးခင်းကျေး ရွာအုပ်စုရှိ စိမ်းရတနာအောင် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ ၀င်းအတွင်း လက်နက်ကိုင်အင် အား ဆယ်ဦးခန့်က ၀င်ရောက်ကာ အကြမ်းဖက်မီးရှို့ခြင်းဖြစ်သည် ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

‘‘အရင်ဖြစ်ခဲ့တဲ့ နှစ်ကြိမ်အ တိုင်းပဲ။ သေနတ်ဖောက်၊ လူတွေ ၀ပ်ခိုင်း၊ ကုန်တွေကိုမီးရှို့၊ အဲဒီလို လိုက်လုပ်နေတာ။ ထင်တာက တော့ ဆက်ကြေးမပေးတဲ့ ကုမ္ပဏီတွေကို လိုက်လုပ်နေတာ’’ဟု အဆိုပါရဲအရာရှိကပြောသည်။
ယခုတစ်ကြိမ်နှင့်ဆိုလျှင် ဖားကန့်မြို့နယ်အတွင်းရှိကျောက် စိမ်းကုမ္ပဏီသုံးခု ဇွန်လအတွင်း သုံးကြိမ်မြောက် အကြမ်းဖက်မီး ရှို့ဖျက်ဆီးခံရခြင်းဖြစ်သည်။ ဖား ကန့်မြို့နယ် ဆိပ်မူအုပ်စု ကောင်း စံကျေးရွာရှိ ထူးအပြည်ပြည်ဆိုင် ရာလုပ်ငန်းစု ကုမ္ပဏီနှင့် မှော် မောင်းကုန်းကျေးရွာရှိ ကြည်လဲ့ စိမ်းကုမ္ပဏီကို ဇွန်လ ၁၈ နှင့် ၂၅ ရက်က ၀င်ရောက်မီးရှို့ဖျက်ဆီး ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်တိုင်း တွင် ကုမ္ပဏီလုံခြုံရေးဝန်ထမ်း များကို သေနတ်ဖြင့်ခြိမ်းခြောက် ကာ ကုမ္ပဏီပိုင်ပစ္စည်းများကို ဓာတ်ဆီလောင်း မီးရှို့ခြင်းဖြစ် သည်ဟု ရဲတပ်ဖွဲ့အပြင် ကုမ္ပဏီ တာဝန်ရှိသူများကပါ ပြောကြား သည်။ ထူးကုမ္ပဏီ မီးရှို့ခံရသည့် ဖြစ်စဉ်ဆိုလျှင် မီးငြှိမ်းသတ်ရန်လာသည့် မီးသတ်တပ်ဖွဲ့ဝင်များ ကိုပင် လမ်းမှစောင့်ကာ တားဆီး ရိုက်နှက်ခဲ့ပြီး စကားပြောစက်များ သိမ်းယူသွားသည်အထိ အခြေအ နေဆိုးခဲ့သည်။ မီးရှို့ဖျက်ဆီးခံရမှု သုံးကြိမ်တွင် ကုမ္ပဏီပိုင်ပစ္စည်း ကျပ်သိန်းပေါင်း ၄,၅၀၀ ခန့်ဆုံးရှုံးခဲ့သည်ဟု ရဲတပ်ဖွဲ့မှတ်တမ်းများအရ သတင်းရရှိသည်။

လက်ရှိအချိန်တွင် ဖားကန့် ဒေသ၌ တပ်မတော်နှင့် နည်းမျိုးစုံဖြင့် ဆက်ကြေးကောက် ငွေညှစ် လျက်ရှိသော KIA တို့ တိုက်ပွဲဖြစ်ပွားနေပြီး ရဲတပ်ဖွဲ့ကလည်း ညစဉ် ဧည့်စာရင်း စစ်ဆေးနေကာ လုံခြုံရေးတိုးမြှင့်ထားကြောင်း သတင်း ရရှိသည်။

Wednesday, July 1, 2015

KIA မှ ယာယီခြေကုတ်စခန်းများကို ကျေးရွာများအနီးတိုးချဲ့ဆောက်လုပ်ခြင်းအား ကန့်ကွက်စာ ပို့မည်===

KIA မှ ယာယီခြေကုတ်စခန်းများကို ကျေးရွာများအနီးတိုးချဲ့ဆောက်လုပ်ခြင်းအား ကန့်ကွက်စာ ပို့မည်====================================

30, June, 2015 By Voice Of Kachin

KIA တပ်မဟာ(၂/၃/၄)လက်အောက်ခံ တပ်ရင်းများသည် စခန်းများတွင် ထောက်ပံ့ရိက္ခာ ပေးပို့နိုင်ခြင်းမရှိတော့သဖြင့် ကျေးရွာများနှင့် နီးသော နေရာများ၊ လမ်းကြောင်းများပေါ်သို့ ယာယီခြေကုတ်စခန်းများ တိုးချဲ့ဆောက်လုပ်နေကြကြောင်း သိရှိရသည်။ယာယီခြေကုတ်စခန်းများမှနေ၍ တပ်မတော် လှုပ်ရှားစစ်ကြောင်းများ အခြေအနေကို လေ့လာကာ ဆက်ကြေးကောက်ခြင်း၊ မိုင်းထောင်ခြင်းများ ပြုလုပ်လျှက်ရှိကြောင်း သိရှိရသည်။ ဒေသခံကျေးရွာများမှ အကူအညီတောင်းခံမှုကြောင့် တပ်မတော်မှ ၀င်ရောက်ရှင်းလင်းရာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိကြောင်း သိရှိရသည်။ဇွန်လ ၂၉ ရက်နေ့က မိုးကောင်းအနီးတွင် KIA မိုင်းထောင်မှုကြောင့် ခရီးသည် ၂ ဦး ဒဏ်ရာအပြင်းအထန်ရရှိကာ ၁ ဦးမှာ ဆေးရုံမရောက်ခင်ပင် သေဆုံးခဲ့ရကြောင်း သိရှိရသည်။ ၎င်းဖြစ်စဉ်နှင့် ပက်သက်၍ ဒေသခံများအနေဖြင့် များစွာကြေကွဲ ၀မ်းနည်းရကြောင်းနှင့် KIA/KIO/KBCတို့အား မိုင်းထောင်ခြင်း၊ ယာယီခြေကုတ်စခန်းများကို ကျေးရွာများအနီးတိုးချဲ့ ဆောက်လုပ်ခြင်းများကို မပြုလုပ်ပါရန် စာပေးပို့သွားမည်ဟုသိရှိရပါသည်။ပုံ။ KIA ယာယီခြေကုတ်စခန

ဆွတ်လျှံဒေသအတွင်း နယ်မြေခံတပ်ရင်းများ ၀င်ရောက်ရှင်းလင်းပေးရာ ဒေသခံများ အေးချမ်းစွာ လယ်ယာစိုက်ပျိုးနိုင်ပြီဟုဆို========================================

ဆွတ်လျှံဒေသအတွင်း နယ်မြေခံတပ်ရင်းများ ၀င်ရောက်ရှင်းလင်းပေးရာ ဒေသခံများ အေးချမ်းစွာ လယ်ယာစိုက်ပျိုးနိုင်ပြီဟုဆို========================================

30, June, 2015 By Voice Of Kachin

မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာအုပ်စု၊ နန့်ရင်းချောင်းအရှေ့ဘက်ကမ်းရှိဆွတ်လျှံ ဒေသတွင် ပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူလယ်သမားများက တောင်းဆိုမှုကြောင့် တပ်မတော်မှ နယ်မြေစိုးမိုးရေးနှင့် ၀င်ရောက်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။ယခင်က ၎င်းဒေသတွင် KIA မှ တိုက်နယ်ရုံးဖွင့်လှစ်ပြီး လယ်ယာမြေလုပ်ကိုင်သော ရွာသားများထံမှ ဆက်ကြေးကောက်ခံခြင်း၊ တရားမ၀င်လယ်ခွန်များ ပေးဆောင်ရခြင်း၊လူသစ် စုဆောင်းခံရခြင်းနှင့် တောင်ယာတောများတွင် မိုင်းထောင်ခြင်းတို့ကြောင့် ဆားမှော်ရွာသားများ မိုင်းနင်းမိကာ သေကြေ/ဒဏ်ရာရပြီး ကျွဲ/နွား တိရိစ္ဆာန်များလည်း ဆုံးရှုံးခဲ့ရပါသည်။ထို့ကြောင့် လယ်သမားများနှင့် ရွာသူ/ရွာသားများ၏ တောင်းဆိုချက်အရနယ်မြေခံ တပ်ဖြစ်သော စကခ(၃) လက်အောက်ခံ တပ်ရင်းများမှ တောင်ယာတောများ၊တောင်ယာနှင့် လယ်ယာမြေသွားရာလမ်း အနီးတစ်ဝိုက်များအား ၀င်ရောက်ရှင်းလင်းပေးခဲ့ကြောင်းသိရှိရသည်။ သို့ဖြစ်ပါ၍ KIAမှ ဆက်ကြေးကောက်ခံခြင်း၊ မိုင်းထောင်ခြင်းမရှိတော့ပဲ တောင်သူလယ်သမားများ အနေဖြင့် မိမိတို့လယ်ယာမြေနှင့် တောင်ယာများသို့အေးချမ်းစွာသွားရောက် လုပ်ကိုင်နိုင်ပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရပါသည်။ပုံ။ ဒေသခံများ၏ တောင်ယာသွားလမ်းအား မိုင်းရှင်းပေးနေသော တပ်မတော်သား(၂)ဥ

ဆွတ်လျှံဒေသခံများ တောင်းဆိုမှုကြောင့် ဒေသတွင်းရှိ KIA သောင်းကျန်းသူများအား တပ်မတော်မှ ရှင်းထုတ်လိုက်ပြီ======================================

ဆွတ်လျှံဒေသခံများ တောင်းဆိုမှုကြောင့် ဒေသတွင်းရှိ KIA သောင်းကျန်းသူများအား တပ်မတော်မှ ရှင်းထုတ်လိုက်ပြီ======================================

30, June, 2015 By Voice Of Kachin

မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာအုပ်စု အတွင်းရှိ ဆွတ်လျှံဒေသအတွင်း KIA မှ စခန်းတစ်ခု တည်ဆောက်ကာ ပတ်ဝန်းကျင်ကျေးရွာများတွင် တိုက်နယ်ရုံးများ ဖွင့်လှစ်၍ ဒေသခံများထံမှ ဆက်ကြေးကောက်ခြင်း၊ လယ်ခွန် တောင်ယာခွန်များတောင်းခြင်း၊ လူသစ်စုခြင်း၊ မိုင်းထောင်ခြင်းများ ပြုလုပ်ကာ ဆွတ်လျှံဒေသကို စိုးမိုးချုပ်ချယ်လျှက်ရှိကြောင်း သိရှိရပါသည်။၎င်း KIA စခန်းအား ဆွတ်လျှံဒေသခံများအနေဖြင့် အလိုမရှိသောကြောင့် တပ်မတော်အား ရှင်းလင်းဆောင်ရွက်ပေးပါရန် တောင်းဆိုလာမှုကြောင့် နယ်မြေခံတပ်ရင်းများဖြစ်သော စကခ(၃) လက်အောက်ခံ တပ်ရင်းများမှ သွားရောက်ရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။KIA မှ ဆွတ်လျှံဒေသတွင်း ယာယီခြေကုတ်ယူထားသော ပွိုင့် (၃၀၈) စခန်းကို တပ်မတော်မှ အချိန်တိုတိုအတွင်း ထိခိုက်ကျရှုံးမှုမရှိပဲ သွားရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။ KIA ထံမှ လက်နက်ခဲယမ်းများနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ ဆွတ်လျှံဒေသခံများအနေဖြင့် တပ်မတော်မှ ၀င်ရောက်ရှင်း လင်းပေးမှုအပေါ် များစွာဝမ်းမြောက်ကျေးဇူးတင်ကြောင်း ဒေသခံများထံမှ သိရှိရပါသည်။

Tuesday, June 30, 2015

KIA မှ အိမ်သုံးပစ္စည်းဆိုင်အား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေး ======================================

KIA မှ အိမ်သုံးပစ္စည်းဆိုင်အား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေး
======================================
29, June, 2015 By Voice Of Kachin

၂၀၁၅ ဇွန် ၂၈ ရက်နေ့ နေ့လည် ၁၂ နာရီချိန်ခန့်တွင် ဖားကန့်မြို့ မော်ဝမ်းရပ်ကွက်၊ အုပ်စု (၆) ရှိ ဒေါ်ခင်မာရေး အိမ်သုံးပစ္စည်းဆိုင်အား KIA မှ အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးနင်းလာကာ ဆိုင်အတွင်းသို့ ဒေသန္တရလက်လုပ်မိုင်းတစ်လုံး ပစ်ပေါက်ထွက်ပြေးသွားကြောင်း သတင်းရရှိ ပါသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဆိုင်ရှေ့ရေမြောင်းအဖုံး ကွန်ကရစ်အခင်းပေါ်သို့ ကျရောက်ပေါက်ကွဲသွားပြီး ပလပ်စတစ်ထိုင်ခုံ(၁၁)လုံးနှင့် အခြားပစ္စည်းအနည်းငယ် ပျက်ဆီးသွားကြောင်း သိရှိရပါသည်။ KIA မှ ကုမ္ပဏီများ မီးရှို့သည်ကို ဒေသခံများလည်း ဖြစ်နိုင်သည်ဟု ပြောဆိုခဲ့ သော်လည်း ယခုလို အပြစ်မဲ့ပြည်သူများ၏ ဈေးဆိုင်များ၊ ဘောလုံးကွင်းများ၊ ကျောင်းများအား မိုင်းထောင်ဖောက်ခွဲခြင်းမှာ KIA တစ်ဖွဲ့တည်းသာရှိကြောင်း သိရှိရပါသည်။

ဖားကန့်တွင် စစ်ရေးတင်းမာ

ဖားကန့်ဒေသတွင် မြန်မာ့တပ်မတော်နှင့် ကေအိုင်အေတို့ ကြား စစ်ရေးတင်းမာနေပြီး ကျေးရွာအချို့ရှိ ဒေသခံများအား ကြိုတင် တိမ်းရှောင်ရန် ပြောကြားထားကြောင်း သတင်းရရှိသည်။ တိုက်ပွဲ ပြန်လည်ဖြစ်ပွား လာနိုင်သည့်အတွက် ဖားကန့်နှင့် ကာမိုင်းကြားရှိ ကပ်မှော်၊ ဆိုင်းခါ အပါအ၀င် ကျေးရွာအချို့မှ ဒေသခံများ တိမ်းရှောင်ကြရန် တပ်မတော်ဘက်က ဇွန်လ ၂၈ ရက် တွင် ခေါ်ယူပြောဆိုခဲ့သည်ဟု ရွှေ့ ပြောင်းရန် ပြောဆိုခြင်းခံခဲ့ရသည့်ကျေးရွာတစ်ရွာမှ သင်းအုပ်ဆရာ တစ်ဦးက ပြောသည်။ မြစ်ကြီးနားအခြေစိုက် ငြိမ်း ချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာက ‘‘ဗျူ ဟာမှူးက ခေါ်ပြောခဲ့တယ်လို့ ကျွန်တော်တို့လည်း ကြားနေပါ တယ်’’ဟု 7Day Daily အား ပြောသည်။ အဆိုပါ ကျေးရွာများသည် အသင့်နေရာယူထားသော မြန်မာ့တပ်မတော်နှင့် ကေအိုင်အေတပ် ရင်း (၆) တို့ကြား တည်ရှိနေကြောင်း ဒေသတွင်း သတင်းရင်း မြစ်များက ဆိုသည်။ ဖားကန့်နှင့် ကာမိုင်းဒေသကြားတွင် ယခုရက်ပိုင်းအတွင်း အစိုးရဘက်မှ စစ်အင်အားတိုးချဲ့လာကြောင်း ကေအိုင်အေအရာရှိတစ်ဦးက ပြောသည်။ မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ်နှင့် နီးစပ်သည့် ကချင်ပြည် နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကမူ ယင်းသတင်းများနှင့် ပတ်သက်၍ ငြင်းဆိုသည်။ ‘‘တပ်က ရှေ့တန်းနဲ့ နောက် တန်းပြန်ချိန်းတာမျိုးပါ။ လှုပ်ရှား မှုတွေရှိတော့ နားလည်မှုလွဲပြီး ထိတွေ့တာတွေတော့ ရှိပါတယ်’’ ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူက ပြောသည်။ ရွှေ့ပြောင်းရန် စေခိုင်းခြင်း ခံခဲ့ရမှုနှင့် ပတ်သက်၍ ၎င်းက ‘‘ဟိုလိုထွက်ပြေးတာတော့ မဟုတ်ပါ ဘူး။ ကြောက်လန့်နေကြတဲ့ သ ဘောပါပဲ’’ဟု 7Day Daily ၏ မေးမြန်းမှုကို ဖြေကြားသည်။ ထို့အပြင် ကေအိုင်အေဘက်မှ ဆက်ကြေးကောက်ယူမှုများကြောင့်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိုက်ပွဲအချို့ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၎င်းက ဆိုသည်။ ပြီးခဲ့သည့် ဇွန်လလယ်က ဖားကန့်ဒေသတွင် မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ခံတပ်ရင်း (၆) တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့မှုကြောင့် ပြည်သူရာဂဏန်း တိမ်းရှောင်ခဲ့ရသည်။

Monday, June 29, 2015

ဖားကန့် နယ်မြေKIA သောင်းကျန်းသူတပ်မဟာ ၂ ရင်း ၆ အားတပ်မတော် မှ အပြုတ်တိုက်တော့မည်ဟုယူဆရ


ဖားကန့် နယ်မြေKIA သောင်းကျန်းသူတပ်မဟာ ၂ ရင်း ၆ အားတပ်မတော် မှ အပြုတ်တိုက်တော့မည်ဟုယူဆရ

ဇူလိုင် ၂၉

KIA ရဲ့အဖျက်လုပ်ရပ် များ များပြားလာပြီး ပြည်သူ
လူထုထိခိုက်မှု လည်း နေ့စဉ်နှင့်အမျှ များပြား
လာတဲ့ KIA သောင်းကျန်းသူတပ်မဟာ ၂ ရင်း ၆ 
ကို အပြုတ်တိုက် တော့မှာ ဖြစ်တဲ့ အတွက် 
kIA အဖွဲ့ခိုလှုံ အကာအကွယ်ယူထား တဲ့
တံတားညီနောင် ဂေါ်လူယန် ခွန်ဇိုင်းဇွပ် ကပ်မော်
ရွာ ၅ ရွာ မှ ရွာ သား များကို ဘေးလွတ်ရာသို့
ရွှေ့ပြောင်း ရန် တပ်မတော် မှ ပြောကြားကြောင်း
ကပ်မော် ရွာသား တစ်ဦး ထံမှ သိရပါတယ်။

"ရွာသားတွေကို တိုက်ပွဲများအေးချမ်ချိန်မှပြန်
လာ ဖို့ ပြောတာ ပါ"ကျနော်တို့ ဒီနေ့ပဲ ရှောင်ပါ
တယ် Kia က တော့ မသွားနဲ့လို့တားဆီးတာ
တွေရှိပါတယ်"

၂၈ရက်နေ့KIA က ရှမ်းမြောက် ၁၀၅ မိုင်ပစ်ခတ်မှု လုပ်ရပ်ကို အခြားအဖွဲ့တွေ အပေါ် လွှဲ ချ လိုက်ပါတယ်။ ဒါပေမဲ့ KIA လုပ်ရပ် ဆိုတာ
ဒေသခံတွေ နဲ့ တပ်မတော်က သိပါတယ်။
အဲ့ဒေသ မှာ ရှမ်းလက်နက်ကိုင် တွေ ရှိပေမဲ့
ရှမ်း လူမျိုးတွေကို ဘယ်တော့ မှ ပြန်မသတ်ဘူး
လို့ဆိုပါတယ် ။KIA ကချင်မို့လို့ ရှမ်းလူမျိုးတွေနေ
တဲ့နေရာကို ပစ်ခတ် သတ်ဖြတ်တာ ဖြစ်တယ်
လို့ ဒေ သခံ ရှမ်း လူမျိုး မျာက ပြောဆိုပါတယ်။

KIA ရဲ့လုပ်ရပ် တွေကြောင့် ငြိမ်းချမ်းရေးလည်း
ဘယ်တော့မှရ မှာ မဟုတ်တဲ့ အကြောင်း
ဒေသခံ တွေက ပြော ဆိုပါတယ် ။

ဖားကန့်ဒေသ ရွာမြောက်ဘက်မှာ တပ်မတော် ရောက်နေပေမဲ့KIA က ရွာထဲကထွက်ပြီး မိုးကောင်း ဖားကန့်လမ်းပေါ်ထွက်ပြီး ကားတွေကိုဆပ်ကြေးကောက်
ပါတယ် ။ တပ်မတော်က မြင်နေ ပေမဲ့ ရွာသား
တွေ ကို ထောက်ထား ပြီး ပစ်ခတ်တားစီးတာ
မလုပ်ဘူးလို့ဆိုပါတယ်။

ကားသမား အချို့က တော့ စစ်တပ်ရှိရဲ့နဲ့ဆပ်ကြေး
ကောက်ခံရ တာ မကျေနပ် ဘူးလို့ ဆိုပါတယ်။
သောကြာ စနေနေ့ တနင်္ဂနွေ ပစ်ခတ်မှုတွေမလုပ်
ပဲ ရွာလူကြီးတွေကို ခေါ်ယူ သတိပေးတာလို့
သိရပါတယ်။

၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အား KIA'မှ ပစ်ခတ်ကြောင်း ထပ်မံအတည်ပြုသတင်းရရှိ

၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အား KIA'မှ
ပစ်ခတ်ကြောင်း ထပ်မံအတည်ပြုသတင်းရရှိ

ဇွန် ၂၉

မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို
KIA'မှ ၇၅မမ နောက်ပွင့် လက်နက်ကြီး ဖြင့်
ပစ်ခတ်ခဲ့တဲ့ အတည်ပြုသတင်း ထပ်မံရရှိပါ
တယ်။

စစ်ဘက်နဲ့မဆိုင်တဲ့ ပစ်မှတ်တွေကို တိုက်ခိုက်
ခြင်း မပြုရန် ရှမ်းလူမျိုးများမှ အကြိမ်ကြိမ်တောင်း
ဆို ထားခဲ့သော်လည်း ပြည်သူလူထုအား
ထပ်မံ တိုက်ခိုက် ခဲ့တာဖြစ်ပါတယ်။

ယခုလအတွင်း စစ်ဘက်ပစ်မှတ်မဟုတ်သော ဖားကန့်ဒေသ ရဲကင်း များနဲ့ ကုမဏ္ဍီ များကို
ဖောက်ခွဲဖျက်စီးခြင်း ပြည်သူလူထု လမ်းပန်း
ဆက်သွယ် ရေး ခတ်ခဲစေရန် ဖောင်းဆိုင်တံတား
အား ဖောက်ခွဲဖျက်စီးခြင်းများပြု လုပ်ခဲ့ပြီး
ယခု ထပ်မံ ၍ ပြည်သူလူထုအား တိုက်ခိုက်ခြင်း
ဖြစ် ပါတယ်။ လက်နက်ကြီး ထိမှန်သည့်နေရာ
များကို ရေး သား တင်ပြခြင်း မပြုတော့ပါဘူး။
ပုံ ဖြင့် တင် ပြ ပေးပါမည်။