Wednesday, November 1, 2017

စစ်အစိုးရ အဆက်ဆက် အခွင့်အရေး အသုံးမချနိုင်ခဲ့မှုများကြောင့် ဘင်္ဂါလီ ပြဿနာ ပေါ်ပေါက်လာခဲ့ရပုံ


=================================================

(အဆိုပါ စာတမ်းကို ဦးခင်မောင်စော ဆိုသူမှ Geopolitics of the Powers and the Bengali Problems in Burma ဟူ သော ခေါင်းစဉ် ဖြင့် ရေးသား တင်သွင်းခဲ့ခြင်းဖြစ်ပြီး www.burmalibrary.org တွင် ဖေါ်ပြထားခဲ့ပါတယ်။ အချက်အလက်များကို ရှု့ဒေါင့် အသစ်မှ တင်ပြထား၍ လေ့လာနိုင်ရန် ကောက်နှုတ်ဖေါ်ပြလိုက်ပါတယ်)

၁. နောက်ခံ သမိုင်း

၁၉၇၁ခုနှစ်တွင် အရှေ့ပါကစ္စတန် တွင် လွတ်လပ်ရေး စစ်ပွဲကြီး ပေါ်ပေါက်လာခဲ့ရပေသည်။ ထိုစစ်ပွဲသည် တရားဝင်အားဖြင့် "ဘင်္ဂလားဒေ့ရှ် လွတ်မြောက်ရေး စစ်ပွဲ" ဟု တရားဝင်ခေါ်ဆိုလာခဲ့ကြပြီး ၁၉၇၁ မတ်လ ၂၆ ရက်နေ့မှ စတင် ဖြစ်ပွားခဲ့ရာ ထိုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပြီးဆုံးသွားခဲ့ရပေသည်။

ထိုအချိန်တွင် မြန်မာပြည်ထဲသို့ ဘင်္ဂါလီ စစ်ပြေး ဒုက္ခသည်များ တသန်းခွဲမှ နှစ်သန်းခွဲအထိ ပြေးဝင်ခိုလှုံခဲ့ကြပြီး အိန္ဒိယသို့ ထွက်ပြေးသူ ဆယ်သန်းခန့် ရှိခဲ့သည်။ အိန္ဒိယက လာသမျှ ဒုက္ခသည်များကု လက်ခံ ကြိုဆိုခဲ့ကြပြီး ချက်ခြင်းလို ကမ္ဘာကြက်ခြေနီ အဖွဲ့၊ ကုလ စားနပ်ရိက္ခာအဖွဲ့၊ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး အစရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်းများရဲ့ အကူအညီကိုယူခဲ့ပါတယ်။

သို့သော် မြန်မာပြည်၌ကား ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သော တော်လှန်ရေး ကောင်စီ အစိုးရကမူ နိုင်ငံခြား အဖွဲ့အစည်းများ ခြေရှုပ်လာမည်ကို လွန်စွာ စိုးရိမ်ကြောင့်ကြလျက် ရှိနေသော်ကြောင့်၎င်း၊ အသစ်ပေါ်ပေါက်လာသည့် ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် လူမသ် သူမသိ အပေးအယူ ပြုလုပ်ခြင်နေ၍၎င်း မည်သည့်အကူအညီမှ တောင်းခံခြင်း မရှိခဲ့သည့်အပြင် ဘင်္ဂလားဒေ့ရှ် အစိုးရအား ချက်ခြင်းဆိုသလို အသိအမှတ်ပြုခဲ့ပေသည်။ ထို့အတွက် မြန်မာ နှင့် ပါကစ္စတန် အစိုးရအကြား တင်းမာမှုများ ပေါ်ပေါက်လာ၍ အထူးသံတမန် တဦးအား ပါကစ္စတန် သို့ စေလွှတ်ကာ ပြေလည်ရာ ပြေလည်ကြောင်း ရှင်းပြခဲ့ရသည်။

ထိုစဉ်က မြန်မာ အစိုးရနှင့် ဗိုလ်နေ၀င်းသာ အိန္ဒိယလို အမြှော်အမြင်ရှိရှိဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများကို လက်ခံခဲ့မည်ဆိုက ၎င်းတို့အား အရှေ့ပါကစ္စတန် နိုင်ငံသား များ (သို့မဟုတ်) မြန်မာနိုင်ငံ အတွင်းရှိ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များဟု ကင်ပွန်းတပ်ကြမည်မှာ ကြိမ်းသေပင် ဖြစ်ပေတော့သည်။ ယခုအခါ ထိုအခြေအနေများက ပြောင်းပြန် ဖြစ်သွားခဲ့ရပေသည်။

ယခုအခါ "ရိုဟင်ဂျာ" ဟု ခေါ်ဆိုနေကြသူများက ဘင်္ဂလားဒေ့ရှ် လွတ်မြောက်ရေး စစ်ပွဲအတွင်း နှင့် နောက်ပိုင်း မြန်မာနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြသူများ၏ အဆက်အနွယ်များ သာ ဖြစ်ပေသည်။ ယင်းအချက်က အဆိုပါ ဘဂါင်္လီများ အနေဖြင့် မြန်မာစကားကို တခွန်းတလေမျှ မပြောတတ်ကြောင်း က သက်သေခံ၍ နေပေသည်။

ထိုအချိန်က မြန်မာ၏ လူနေမှု အဆင့်အတန်းသည် ဘင်္ဂလားဒေ့ရှ် ခေါ် အရှေ့ပါကစ္စတန်ထက် များစွာ သာလွန်ကောင်းမွန်လျက် ရှိနေဆဲပင် ဖြစ်သည်။ နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ဖြစ်လာသူ ရှိတ် မူဂျီဘာ ရာမန် (ရှိတ် ဟာဆီနာ ၏ ဖခင်) ဖြစ်သူက ၎င်းတို့နိုင်ငံသားများကို လိုလိုလားလား ပြန်လည် လက်ခံခဲ့သော်လည်း အများစုက မြန်မာနိုင်ငံထဲသို့ ပြန်လည် ခိုးကူးခဲ့ကြရာ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တရားမ၀င် အခြေချ နေထိုင်ခဲ့ကြသည်။

၎င်းတို့အား ယခင် ဦးနု အစိုးရ လက်ထက်တွင် နိုင်ငံသား အဖြစ် အသိအမှတ်ပြု ခံခဲ့ရသူများက ခိုးဝင်လာသူများကို အကူအညီများ ပေးလာခဲ့ကြသဖြင့် ဘင်္ဂ့လားဒေ့ရှ် မှ ခိုးဝင်လာသူများ ဒလစပ် အဆုံးအဆ မရှိ ၀င်ရောက်လာခဲ့ကြပေတော့သည်။ အဆိုပါ ကြီးထွားလာခဲ့သော တရားမ၀င် ရောက်ရှိလာသူများက ယခုအခါ နိုင်ငံ အတွင်း ၎င်းတို့အား လူမျိုးစု အဆင့်အတန်း သတ်မှတ်ပေးရန် တောင်းဆိုလာသည့်အထိ ဖြစ်လာခဲ့ရပေသည်။

၁၉၇၅ တွင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ် ဖြစ်သူ K.N. Kaiser က ရန်ကုန်ရှိ ဗြိတိသျှ သံအမတ်ကြီး  T.J. O'Brien အား မြန်မာနိုင်ငံအတွင်း ၎င်းတို့၏ နိုင်ငံသားများ ငါးသိန်းခန့် ကျန်ရှိနေသေးသည်ဟု ၀န်ခံပြောကြားခဲ့သည့်အကြောင်းများကို လန်ဒန်ရှိ ဗြိတိသျှ မော်ကွန်းတိုက်တွင် တွေ့ရှိနိုင်ပေသည်။

ထိုအချိန်က ဗိုလ်နေ၀င်း အစိုးရမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသစ်အား ကမ္ဘာမှ အသိအမှတ်မပြု ၀ိုင်းပါယ်ခံနေရသည့် အနေအထားကို "မိုးရွာတုန်း ရေခံ" ဆိုသလို အခွင့်ကောင်းယူ၍ အပေါ်စီး အနေအထားမှ ဒုက္ခသည် ပြဿနာနှင့် နယ်နမိတ်ဆိုင်ရာ ကိစ္စများကို ဆွေးနွေးတောင်းဆိုနိုင်သော်လည်း ပြုလုပ်ရကောင်းမှန်း မသိခဲ့ပေ။ ထို စဉ်က အခွင့်အရေး များ လက်လွတ်ခံခဲ့မှု ကြောင့် မြန်မာပြည်သူများအဖို့"ရိုဟင်ဂျာ" ဆိုသည့် ပြဿနာ နှင့် ရင်ဆိုင်ခဲ့ကြရယုံတင်မက ဘင်္ဂလားဒေ့ရှ်က အထက်စီး အနေအထားသို့ ရောက်ရှိသွားခဲ့ရပေတော့သည်။ (ထိုစဉ်က နိုင်ငံသစ် ဖြစ်သော ဘင်္ဂလားဒေ့ရှ် အား အိန္ဒိယ နှင့် ဆိုဗီယက် အရှေ့အုပ်စု နိုင်ငံများမှ အပ မည်သူကမှ အသိအမှတ် မပြုခဲ့ကြပေ)

၂. ပြောင်းလဲသွားသော နိုင်ငံရေး အနေအထား

၁၉၇၅ တွင် ၀န်ကြီးချုပ် ရှိတ် မူဂျီဘာ ရာမန် လုပ်ကြံခံရပြီး ပါကစ္စတန် နှင့် နီးစပ်သော ဗိုလ်ချုပ်ကြီး ဇီယာ ရာမန် မှ အာဏာသိမ်းခဲ့သဖြင့် တရုတ်၊ အမေရိကန်၊ အနောက်အုပ်စု နိုင်ငံများနှင့် အစ္စလာမ် နိုင်ငံများ အားလုံးက စတင် အသိအမှတ် ပြုလာခဲ့ကြပေသည်။

မြန်မာနိုင်ငံတွင်လည်း တရုတ် နှင့် ဆက်ဆံရေး နိမ့်ကျနေခဲ့ပြီး နယ်ခြားဒေသတွင် ဗိုလ်မှုးချုပ် ကျော်ဇော ဦးဆောင်သော ကွန်မြူနစ်များ၏ ခြိမ်းခြောက်လာသည့် အန္တရာယ်ကြီးကို ရင်ဆိုင်နေရပေတော့သည်။

၃. "မအောင်မြင်ခဲ့သော" နဂါးမင်း စီမံချက် (၁၉၇၈)

၁၉၇၈ တွင် မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီက ထိုသို့ ပြောင်းလဲလာနေသော ဘူမိ နိုင်ငံရေး အနေအထားများကို ထည့်သွင်းစဉ်းစားခြင်း မရှိပဲ ရခိုင်ပြည်နယ်တွင် တရားမ၀င်ရောက်ရှိနေသူများကို နဂါးမင်း စီမံချက် ဖြင့် ပြန်ပို့ရန် လုပ်ဆောင်လာခဲ့ကြတော့သည်။ ထို့အတွက် ဘင်္ဂလားဒေ့ရှ် ဖက်သို့ ပြေးဝင်သွားသူများက ၎င်းတို့သည် "ရိုဟင်ဂျာ" များသာ ဖြစ်ကြောင်း နှင့် စစ်တပ်က နှိပ်စက်ကလူ ပြုကြကြောင်း အော်ဟစ် ပြောဆိုလာခဲ့ကြသည်။

မြန်မာအစိုးရ က အပြင်းအထန် ငြင်းဆိုခဲ့ပြီး ပြန်ပို့ခံရသူများသည် မကြာမီက ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း မကြာသေးမီကမှ တိုက်ခတ်ခဲ့သော ဆိုင်ကလုံး မုန်တိုင်း ကြောင့် ရောက်ရှိလာကြသူများသာ ဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။ သို့သော် ၎င်းတို့၏ ပြောဆိုချက်ကို ဘင်္ဂလားဒေ့ရှ်က အကြောက်အကန် ငြင်းဆိုခဲ့ပေသည်။ ထို့အတွက် ဘင်္ဂလားဒေ့ရှ် မှ တရုတ်၊ အမေရိကန် နှင့် ကုလသမဂ္ဂတို့ထံမှ အကူအညီများ တောင်းခံခဲ့ကြသည်။

မြန်မာ ဖက်မှ လုပ်သင့်သည်က ချက်ခြင်းဆိုသလို ဆိုင်ကလုံး မုန်တိုင်း ဒဏ်ကြောင့် ထပ်မံ ရောက်ရှိလာသူများအား နိုင်ငံတကာ အကူအညီဖြင့် ဒုက္ခသည် စခန်းများဖွင့်ကာ နိုင်ငံခြားသား ယာယီနေထိုင်သူများဟု အသိအမှတ်ပြု ကပ်ပြားများ ထုတ်ပေးသင့်သော်လည်း ဗိုလ်နေ၀င်း အစိုးရ က ထိုသို့ လုပ်ရမည့်အစား "နဂါးမင်း စီမံချက်" ဟု ဆိုကာ အဆိုပါ လူများအား မောင်းထုတ်ရန် သာ ကြံစည်ခဲ့ကြပေသည်။

မြန်မာ အစိုးရ အတွက် ကံဆိုးခဲ့ပြီး "ရိုဟင်ဂျာ" ဆိုသူများ ကံကောင်းဖို့ ဖြစ်လာခဲ့ရပြန်သည်။ အဆိုပါ ထွက်ပြေးသွားကြသုများက ဘင်္ဂလားဒေ့ရှ် နိုင်ငံ အတွင်း နိုင်ငံသား စီစစ်ရေး ကပ်ပြား အတု များ ပြုလုပ်ခဲ့ကြခြင်း၊ အချို့မှာလည်း မြန်မာလူဝင်မှု ကြီးကြပ်ရေး အရာရှိများရဲ့ လာဒ်ယူကာ ထုတ်ပေးသော ကပ်ပြား အစစ်များ ပြနိုင်ခဲ့ကြခြင်းး စသည့်အကြောင်းများကြောင့် ၎င်းတို့အား ပြန်လည် လက်ခံရန် အမေရိကန် နှင့် တရုတ်တို့က မဆလ အစိုးရအား ဖိအားပေးလာခဲ့ကြသည်။

မဆလ အစိုးသည်လည်း ၁၉၇၄ မှ စ၍ ဦးသန့်အရေးအခင်း၊အလုပ်သမား အရေး အခင်းများ စသည့် အဓိကရုဏ်းများ ဆက်တိုက်ဆိုသလို ကြုံတွေ့လာခဲ့ရခြင်းများကြောင့် နိုင်ငံတကာမှ အာရုံစိုက်လာခြင်းကို ရှောင်ရှားလိုခဲ့ကြသည်။ ထို့အတွက် နှစ်နိုင်ငံ သဘောတူညီချက် ဖြင့် "ဟင်္သာစီမံချက်" ဟု ဆိုကာ ထွက်ပြေးလာသူများကို ၁၉၇၈ သြဂုတ်လ ၁ ရက်နေ့မှ ၁၉၇၉ ဂျန်န၀ါရီ ၅ ရက်နေ့အထိ ပြန်လည် လက်ခံခဲ့ကြရသည်။

အများအားဖြင့် ရောက်ရှိလာကြသူများသည် အသစ် ၀င်ရောက်လာကြသူများ ဖြစ်ကြပြန်ကာ မူလ က ထက် ခုနှစ်သောင်း ခန့် ပိုမို လက်ခံခဲ့ရကြောင်း တရားဝင် စာရင်းဇယား များအရ သိရှိခဲ့ရသည်။ မောင်းတော မြို့နယ်တခုတည်းပင် ယခင်လူဦးရေထက် သုံးသောင်းခန့်ပိုများလာခဲ့ပေသည်။ ပြန်လာသည် ဆိုသူများက ယခင်က ဘယ်မှာ နေခဲ့မှန်း၊လည်း မပြောနိုင်၊ သိသည်ဆိုသူများကလည်း ရောက်အောင် မသွားတတ် သူများ ဖြစ်ပေသည်။

အဆိုပါ နဂါးမင်း စီမံချက်ကြောင့် "ရိုဟင်ဂျာ ဆိုသော ပြဿနာ" အား ကမ္ဘာက အာရုံစိုက်လာအောင် ဖန်တီးပေးလိုက်သလို ဖြစ်ခဲ့ရပေတော့သည်။

"မအောင်မြင်ခဲ့ရပြန်သော" ပြည်သာယာ စီမံချက် (၁၉၉၁)

၁၉၉၁ တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကြောက်မက်ဖွယ် မုန်တိုင်းကြီး ဖြတ်သန်း တိုက်ခတ်ခံရပြန်သဖြင့် ရခိုင်ပြည်နယ်အတွင်းသို့ အများအပြား ပြေးဝင်ခိုလှုံခဲ့ကြပြန်သည်။ ဒီတကြိမ်တွင်လည်း ထုံးစံအတိုင်းပင် အာဏာရ ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့က နိုင်ငံတကာ အဖွဲ့အစည်းများကို အ၀င်မခံလို ကြပြန်ပေ။ ယခင် မဆလ အစိုးရ လက်ထက်က ရခဲ့သော အတွေ့အကြုံများကို သင်ခန်းစာ ယူရကောင်းမှန်းလည်း မသိပဲ "ပြည်တော်သာ" စီမံချက်ဟု အမည်ပေးကာ ပြန်ပို့ရန် လုပ်လာခဲ့ကြပြန်သည်။

သို့သော် ငြိမ်ပိ အဖွဲ့၏ ပုံရိပ်သည် နိုင်ငံတကာ အလယ်တွင် မဆလ ထက် ဆိုးဝါးနေခဲ့ရသဖြင့် မူဆလင်နိုင်ငံများ နှင့် အနောက်နိုင်ငံများ၏ တုန့်ပြန်မှုက ပိုမို ပြင်းထန်လာခဲ့ရသည်။ ထို့အတွက်လည်း ယခင် စီမံချက်လိုပင် အောင်မြင်ခဲ့ခြင်း မရှိပဲ "ရိုဟင်ဂျာ ဆိုသော ပြဿနာ" အား နောက်တကြိမ် နိုင်ငံတကာက အာရုံစိုက်လာဖို့သာ ဖြစ်ခဲ့ရပြန်သည်။

စစ်အစိုးရ အဆက်ဆက် နိုင်ငံတကာတွင် ပုံရိပ်မကောင်းခဲ့မှုကြောင့် အခွင့်အရေးကို အသုံးမချနိုင်ခဲ့ကြသော်လည်း ဘင်္ဂလားဒေ့ရှ် အစိုးရအဆက်ဆက်က ရလာသည့် အခွင့်အရေးကို ၎င်းတို့ အကျိုးအတွက် ကောင်းစွာ အသုံးချလာနိုင်ခဲ့ကြပေသည်။

(ဘင်္ဂလားဒေ့ရှ် အစိုးရ အဆက်ဆက် နှင့် မြန်မာနိုင်ငံ ပြည်တွင်း ပြည်ပ ရှိ အစ္စလာမ် ၀ါဒီများ၊ ကုလ တွင် အရေးပါလာခဲ့သော အစ္စလာမ်နိုင်ငံများအကြောင်း ဆက်လက်တင်ပြပါမယ်)

(ပုံတွင် ၁၉၇၁ က မြန်မာနိုင်ငံအတွက် ၀င်ရောက် ခိုလှုံလာသော ဘင်္ဂါလီ များ အား တွေ့ရစဉ်)

HSW
#ZMT

No comments: