Showing posts with label စည်ပင်သာယာ. Show all posts
Showing posts with label စည်ပင်သာယာ. Show all posts

Thursday, September 29, 2016

ဗိုလ်တထောင်ဈေးလမ်း နောက်ဖေးလမ်းကြားရှင်းသည့် စည်ပင်ဝန်ထမ်းများ မစင်ရေဖြင့် ပက်ခံရ

ရန်ကုန်၊ စက်တင်ဘာ ၂၈

ပုဇွန်တောင်မြို့နယ် အမှတ်(၂) ရပ်ကွက်ရှိ ၅၆လမ်းနှင့် ဗိုလ်တထောင် ဈေးလမ်းတွင် စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက စည်ပင်ဝန်ထမ်းအဖွဲ့မှ နောက်ဖေးလမ်းကြား ရှင်းလင်းရေး ပြုလုပ်စဉ် နေအိမ်တိုက်ခန်း တစ်ခုပေါ်မှ မစင်ရေဖြင့် ပက်ဖျန်းခံရမှု ဖြစ်ပေါ်ခဲ့ကြောင်း ယင်းမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရုံးထံမှ သိရှိရသည်။

"နောက်ဖေးလမ်းကြားထဲကို ရှင်းလင်းရေးလုပ်ဖို့ စည်ပင်အဖွဲ့သားတွေ ၀င်ရောက်ချိန်မှာ တိုက်ခန်းတစ်ခုရဲ့အပေါ်က အရည်ပက်ချလိုက်တာ မစင်ရေတွေ ဖြစ်နေပါတယ်၊ ကျွန်တော်တို့က စည်းကမ်းတကျဖြစ်အောင် လာရောက် သန့်ရှင်းလုပ်ပေးတာ သူတို့အတွက် ဘာတွေ နစ်နာစရာ ရှိနေလို့လဲ၊ အခုလို ဆက်ဆံတာမျိုးတော့ မလုပ်သင့်ပါဘူး" ဟု စည်ပင်အလုပ်သမားတစ်ဦးက ပြောကြားသည်။

အဆိုပါ မစင်ရေဖြင့် ပက်ဖျန်းခဲ့သည့် တိုက်ခန်းနေထိုင်သူ မိသားစုကို စုံစမ်းနေပြီး သတိပေးဒဏ်ရိုက်ရန် စုံစမ်းရှာဖွေနေကြောင်း၊ အလားတူ ထပ်မံကျူးလွန်ပါက တာဝန်ဝတ္တရား နှောင့်ယှက်မှု အပါအ၀င် ရန်ကုန်မြို့တော် စည်ပင်သာရေး ဥပဒေဖြင့် အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"ပညာပေးရေးကာလ ဖြစ်ပေမယ့်  စည်ပင်ဝန်ထမ်းတွေပေါ် မစင်ရေနဲ့ ပက်တာမျိုးက မလုပ်သင့်ပါဘူး၊ လူလူချင်းပဲ သူတို့လည်း ရွံရှာမှာပေါ့၊ အခုလည်း ကျူးလွန်တဲ့သူကို စုံစမ်းနေပါတယ်"ဟု ၎င်းက ရှင်းပြသည်။

ရန်ကုန်မြို့တော် နောက်ဖေးလမ်းကြား ရှင်းလင်းရေး ရှေ့ပြေးစီမံချက်ကို သြဂုတ်လ ၁၅ရက်မှ စတင်ခဲ့ပြီး ပုဇွန်တောင်၊ ပန်းဘဲတန်း၊ လမ်းမတော်၊ လသာ၊ ဗိုလ်တထောင်နှင့် ကျောက်တံတား မြို့နယ်တို့တွင် ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် သြဂုတ်လ အတွင်းက ပုဇွန်တောင်မြို့နယ် (၇)ရပ်ကွက်တွင် နေအိမ်တိုက်ခန်း တစ်ခုပေါ်မှ အမှိုက်ထုပ် ပစ်ချမှု ဖြစ်ပွားခဲ့ကြောင်း ပုဇွန်တောင်မြို့နယ် စည်ပင်သာယာ 

Wednesday, September 28, 2016

မန်းစည်ပင်ရွေးကောက်ပွဲ ပြီးသော်လည်း ရန်ကုန်စည်ပင် ရွေးကောက်ပွဲ အသံမကြားရသေး

ယခုလ ၂၅ ရက်က မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီဝင် ရွေးကောက်ပွဲများပြီးစီးသွားသော်လည်း ရန်ကုန်စည်ပင်  ရွေးကောက်ပွဲများပြုလုပ်ရန် အသံမကြားရသေးခြင်းက ရန်ကုန်မြို့နေပြည်သူများ အတွက် နစ်နာကြောင်း ပညာရှင်အချို့က သုံးသပ်လျက်ရှိသည်။

ယခင်အစိုးရလက်ထက်က ပြည်သူလူထုရွေးချယ်ခွင့်ရှိသော စည်ပင်သာယာရွေးကောက်ပွဲကို ရန်ကုန်မြို့၌ ပထမဦးစွာ လုပ် ဆောင်နိုင်ခဲ့သော်လည်း လက်ရှိ တွင် မန္တလေးမြို့၌ ကျင်းပပြီးစီး ချိန်အထိ ရန်ကုန်မြို့အတွက် ကျင်းပမည့် အစီအစဉ်ကြေညာ နိုင်ခြင်း မရှိသေးပေ။

‘‘ပြည်သူလူထုအတွက် နစ် နာတာအမှန်ပဲ။ အစိုးရသစ်တက် တာ ခြောက်လရှိပြီ။ YCDC မှာ လူထုရွေးချယ်တဲ့ ကော်မတီဝင် တွေမရှိသေးတာက အကျည်းတန်တာပေါ့။ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတွေကို လွှတ်တော်က အတည်ပြုပေးပြီး ရွေးကောက်ပွဲကို အမြန်ဆုံးလုပ်ပေးသင့်တယ်’’ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း  ဒေါက် တာညိုညိုသင်းက ပြောသည်။

ဒီမိုကရေစီ  အစိုးရ  လက် ထက်တွင် စည်ပင်သာယာ ရွေး ကောက်ပွဲများကို မဖြစ်မနေပြု လုပ်ပေးရန်လိုအပ်ပြီး ပြည်သူလူ ထုအကျိုးကို ရာနှုန်းပြည့်  လုပ် ဆောင်ပေးမည့် ကော်မတီဝင်များ ရောက်ရှိလာမှသာ စည်ပင်သာ ယာအပေါ် ပြည်သူများက ယုံ ကြည်မှုရှိမည်ဖြစ်ကြောင်း  ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်ဟောင်း ဒေါက်တာ အေးမင်းက သုံးသပ်သည်။

‘‘ဌာနနဲ့ ပြည်သူအကြားနား လည်မှုလွဲတဲ့  အခြေအနေတွေမှာ  ရွေးချယ်ခံတွေက ပြည်သူကို မျက်နှာမူပြီးလုပ်ဆောင်ပေး တယ်။ ခန့်အပ်တာတွေကတော့ ဌာနကို ရာနှုန်းပြည့်မျက်နှာမူတာ ပဲ။ နောက်ပြီး ရွေးချယ်ခံတွေရှိမှ စည်ပင်သာယာရေးကော်မတီမှာ Check and Balance (အပြန်အ လှန်ထိန်းကျောင်း)လုပ်နိုင်မယ်’’ ဟု ၎င်းက ဆက်လက်ပြောကြား သည်။

 လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်၌ ခေတ်စ နစ်နှင့်ကိုက်ညီသော စည်ပင်သာ ယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲဆိုင်ရာ  ဥပဒေ၊ နည်းဥပဒေများ ပြုပြင်ရန် (သို့မ ဟုတ်) အသစ်ပြန်လည်ရွေးဆွဲရန် ပြင်ဆင်မှုများပြုလုပ်နေပြီး အစိုး ရသစ်တက်လာပြီးနောက် တစ်နှစ်ကြာကာလအတွင်း ရွေးကောက်ပွဲမပြုလုပ်နိုင်ပါက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သမိုင်းမှတ်တမ်းတင်ခံရမည်ဖြစ်ကြောင်း ဒေါက်တာ ညိုညိုသင်းက ပြောကြားသည်။

‘‘အခုအချိန်အထိ ဘာမှပြင် ဆင်တာမတွေ့ရသေးဘူး။ မြို့ တော်ဝန်ကို တိုက်ရိုက်မေးတာ အကောင်းဆုံးပဲ။ သူအသိဆုံး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲပြုလုပ်ဖို့အ တွက် ကော်မရှင်ဖွဲ့စည်းတာနဲ့ ဘာနဲ့ ခြောက်လလောက်ကြိုတင် အချိန်ယူရတယ်’’ဟု ၂၀၁၄ က ပြုလုပ်ခဲ့သော ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အ ဆင့်ဆင့်ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ဝင် တစ်ဦးကပြောသည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီအဆင့် ဆင့် ရွေးကောက်ပွဲ ပြုလုပ်ရန် တိုင်းဒေသကြီး  လွှတ်တော်က ဘတ်ဂျက်ချထားပေးရန် လိုအပ် ပြီး ဘတ်ဂျက်ရရှိပါက ယခင်ရွေး ကောက်ပွဲကဲ့သို့ အချိန်ယူရန်မလို အပ်ဘဲ လိုအပ်သည့် အတွေ့အ ကြုံနှင့် စာရင်း၊ ဇယားများအရန် သင့်ရှိနေ၍ ရွေးကောက်ပွဲပြုလုပ်ချင်စိတ်သာ လိုအပ်ကြောင်း ဒေါက်တာ  အေးမင်းက ပြော သည်။  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အများ စုကလည်း ပြည်သူလူထုက တင် မြှောက်ရွေးချယ်သည့် စည်ပင် သာယာရွေးကောက်ပွဲပြုလုပ်ရန် ဆန္ဒရှိပြီး မြို့တော်ဝန်ကလည်း ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု ပြီးခဲ့သည့် ဒုတိယပုံမှန်အစည်းအ ဝေး၌ ဖြေကြားထားသည်။

သို့သော် ရန်ကုန်မြို့တော် ၀န် ဦးမောင်မောင်စိုးက စည်ပင် ရွေးကောက်ပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လွှတ်တော်က စီစဉ်လိမ့်မည်ဟု ပြီးခဲ့သည့် သြဂုတ် ၂၉ ရက်က 7Dayသတင်းစာအား ပြောကြားခဲ့သည်။

၂၀၁၄ ဒီဇင်ဘာ ၂၇ ရက် က ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲကို နှစ်ပေါင်းခြောက်ဆယ်ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ပြုလုပ်ပေးခဲ့ပြီး ၀င်ရောက်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်း ၂၉၁ ဦးအနက် ၁၁၅ ဦးအား ပြည်သူများက ရွေးချယ်တင်မြှောက်နိုင်ခဲ့သည်။