Showing posts with label အိမ်အကူ. Show all posts
Showing posts with label အိမ်အကူ. Show all posts

Wednesday, September 28, 2016

လွိုင်ကော်မှာ အိမ်အကူကို ညင်းပန်းနှိပ်စက်တဲ့ အိမ်ရှင်အား အမှုဖွင့် အရေးယူ

 


ကယားပြည်နယ် လွိုင်ကော်မြို့ ၊ မင်းစုရပ်ကွက်၊ အုပ်စု(၁၁)၊ အိမ်အမှတ် (မင်း/၂၅၉)နေ ဦးကောင်လေး ၊ ဒေါ်ဖြူသွယ်၏ နေအိမ်တွင် အိမ်အကူအဖြစ် ခိုင်းစေနေသော မထက်(ခ)မိထက်အား အိမ်ရှင်များမှ ညဉ်းပန်းနှိပ်စက်ခဲ့မှုကြောင်း စက်တင်ဘာလ (၂၈)ရက်နေ့ မှာ အမှုဖွင့် အရေးယူ ထားကြောင်း သိရပါတယ်။


ညှင်းပန်းနှိပ်စက်မှုကြောင့် ဦးခေါင်းထိပ် ဝဲဘက်ခြမ်းတွင် ဖူးရောင်ဒဏ်ရာ၊ ယာဘက်မျက်လုံးအောက် ညိုမဲဒဏ်ရာ၊ ကျောကုန်းတွင် ဖူးရောင်ဒဏ်ရာ၊ ဝဲဘက်ဒူးတွင် ဖူးရောင်ဒဏ်ရာ၊ ယာဘက်ခြေဖမိုးတွင် ဖူးရောင်ဒဏ်ရာများ အသီးသီးရရှိခဲ့ပါတယ်။


 အိမ်ရှင်ဦးကောင်လေးနှင့် ဒေါ်ဖြူသွယ်တို့(၂)ဦးအား ၂၈.၉.၂၀၁၆ရက်နေ့ ၀၁၅၀အချိန် လွိုင်ကော်မြို့မရဲစခန်း(ပ)၁၈၁/၂၀၁၆၊ပြစ်မှုပုဒ်မ ၃၂၃/၃၂၅ဖြင့် အမှုဖွင့် အရေးယူထား ရှိကြောင်း သိရပါတယ်။

Ko Thein Htaik