Showing posts with label သေနတ်ပစ်. Show all posts
Showing posts with label သေနတ်ပစ်. Show all posts

Wednesday, October 5, 2016

ဓားကိုင်ဆောင်ရမ်းကားသူ(၂)ဦးအား သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး


 

ရပ်ကွက်အတွင်း ဓားကိုင်ဆောင်ရမ်းကားသူ(၂)ဦးမှ ရဲတပ်ဖွဲ့ဝင်များအား

ခုခံရန်ပြုခဲ့သဖြင့် သေနတ်ဖြင့်ပစ်ခတ်ထိန်းသိမ်း

ရန်ကုန်၊ အောက်တိုဘာ ၅

၅.၁၀.၂၀၁၆ ရက်နေ့ ၀၁၁၀ အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်/နောက်ရပ်ကွက်၊ ဒေါ်သိန်းတင်လမ်းရှိ ထမင်းဆိုင်ရှေ့တွင် အမျိုးသား (၂)ဦးမှာ ဓားကိုင်သောင်းကျန်းနေကြောင်း သတင်းအရ မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ မော်တော်ယာဉ်လှည့်ကင်း တာဝန်ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များနှင့် နယ်မြေလှည့်ကင်းတာဝန်ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များပူးပေါင်း၍ သွားရောက်ထိန်းသိမ်းခဲ့ရာ ဓားကိုင်သောင်းကျန်းနေသူများဖြစ်သည့် အဆိုပါလမ်းနေ ကျော်ဝင်းထွန်း၊ (၂၃)နှစ်နှင့် သန်းချို၊ (၁၈)နှစ်တို့မှာ ရဲတပ်ဖွဲ့ဝင်များအား ညစ်ညမ်းစွာဆဲဆိုကြိမ်းမောင်းပြီး သန်းချိုမှ အုတ်ခဲကျိုးဖြင့်ပစ်ပေါက်ခဲ့၍ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ဦးခေါင်းအား
ထိမှန်ခဲ့ပါသည်။


၎င်းတို့သည် ရဲတပ်ဖွဲ့ဝင်များမှထိန်းသိမ်းသည်ကို အသာတကြည်နာခံမှုမရှိဘဲ ခုခံရန်ပြုခဲ့သဖြင့် Pump Action ပြောင်းချောသေနတ်ဖြင့် ပစ်ခတ်ခဲ့မှသာ ၎င်းတို့ (၂)ဦးမှာ အဖမ်းခံခဲ့ပါသည်။

ယင်းသို့ ပစ်ခတ်သဖြင့် ဓားကိုင်သောင်းကျန်းသူ သန်းချို၏ ၀ဲဘက်ဒူးအထက်နေရာ၌ သေနတ်ထိမှန်ခဲ့၍ အနည်းငယ်ပေါက်ပြဲ ဒဏ်ရာရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ကာ ဆေးကုသပေး ခဲ့ပါသည်။

၎င်းတို့(၂)ဦးအား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၇၃၅/၂၀၁၆၊ လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)ဖြင့်လည်းကောင်း၊ (ပ)၇၃၆/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၃ဖြင့်လည်းကောင်း အရေးယူဆောင်ရွက်လျက်ရှိ
ကြောင်း သတင်းရရှိပါသည်။

Yangon Police

Sunday, October 2, 2016

နန်းဖာလုံဈေးအနီး၌ လူလေးဦးက လူတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်

စစ်ကိုင်းတိုင်း တမူးမြို့နယ် နန်းဖာလုံဈေးအနီးတွင် ယနေ့ (အောက်တိုဘာ ၂ ရက်) မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က လူလေးဦးက လူတစ်ဦးကို သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း တမူးမြို့မ ရဲစခန်းမှ ဒုရဲအုပ်နေမင်းစိုးက ပြောသည်။

သေနတ်ကိုင်ထားသည့် လူလေးဦးက သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး တစ်ချက်မှာ ဦးသန်းထွေးကို ထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

“ဟိုဘက်ကမ်းနဲ့က နီးနီးလေးဆိုတော့ ပစ်ပြီးတော့ ပြေးတာ မဖမ်းမိလိုက်ဘူး။ သေနတ်မှန်ခံရတဲ့ သူကတော့ အသက်သေဆုံးခြင်းတော့ မရှိဘူး။ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်” ဟု တမူးမြို့မ ရဲစခန်းမှ ဒုရဲအုပ် နေမင်းစိုးက ပြောသည်။

နန်းဖာလုံဈေးသို့ ဈေးလာဝယ်သည့် တမူးမြို့ မြို့မ (၈) ရပ်ကွက်နေ အသက် ၃၉ နှစ်အရွယ် ဦးသန်းထွေး ဆိုသူကို ယင်းဈေးအနီး Best one စတိုးဆိုင်အရှေ့ သုံးဘီးဂိတ်အနီး၌ လူလေးဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပစ်ခတ်ခံရသူမှာ ဒဏ်ရာရရှိခဲ့သည့်အတွက် တမူးမြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသပေးထားကြောင်း ၎င်းက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူသည် အပစ်မခံရမီ အချိန်က သေနတ်ဖြင့် လာရောက်ပစ်ခတ်သူ လေးဦးထဲမှ တစ်ဦးနှင့် Best one စတိုးဆိုင်အတွင်း၌ စကားပြောနေသည်ကို တွေ့ရကြောင်း၊ ယင်းနောက် သေနတ်များဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း ယင်းဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သည့် နန်းဖာလုံဈေးအနီး နေထိုင်သူတစ်ဦးက ပြောသည်။

ဓာတ်ပုံ - ပူဟန်

Monday, September 26, 2016

သေနတ်ဖောက်ထွက်၍ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ဒဏ်ရာရရှိ


 

လက်လုပ်ယမ်းထောင်းသေနတ်ဖောက်ထွက်၍ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ဒဏ်ရာရရှိသဖြင့် အမှုဖွင့်တနင်္သာရီ - စက်တင်ဘာလ ၂၅ ရက်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် - လယ်သစ်ကျေးရွာအုပ်စု- ကဒဲလိပ်ကျေးရွာတွင် လက်လုပ် ယမ်းထောင်းသေနတ်ပေါက်ထွက်သဖြင့် ညီအစ်ကိုဝမ်းကွဲတော်စပ်သူတစ်ဦး ဝဲဘက်ပေါင်အလယ်၌ ထိမှန်ပြီး ဒဏ်ရာ ရရှိခဲ့သဖြင့် တနင်္သာရီမြို့နယ်-ပြည်သူ့ဆေးရုံတွင် စက်တင်ဘာလ ၂၅ ရက် ည ၉ နာရီ ၅ဝ အချိန် လာရောက်၍ အတွင်းလူနာအဖြစ် ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။


ဖြစ်စဉ်မှာ တနင်္သာရီမြို့နယ် - လယ်သစ်အရှေ့ကျေးရွာနေ နောင်ပျော့(ခေါ်)အောင်လွင်ဦး (အဘ)ဦးဂွမ်း
ဥယျာဉ်လုပ်သူသည် ဥယျာဉ်နေအိမ်တဲတွင်(တရားမဝင်) ၄င်းကိုင်ဆောင်သော ယမ်းထောင်းပြီး ခဲသီးတစ်လုံး ထည့် ထားသည့် ဒင်/ပြောင်းအရှည်(၅)ပေရှိ သစ်သားအရိုးတပ် တူမီးလက်လုပ်ယမ်းထောင်းသေနတ်၏ ယမ်းစွပ်သည့် ကပ်တိုင်အား ချေးများပိတ်နေသဖြင့် ကပ်တိုင်အားတိုက်ချွတ်ဆေးရာမှ ကပ်တိုင်ပူပြီး ကျည်ပေါက်ထွက်ကာ ၄င်း၏ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ တစ်ရွာတည်းနေ(အဘ)ဦးသန်းမောင်၏သား အေးကြိုင်(၃၃)နှစ်၏ ဝဲဘက်ပေါင် အလယ်သို့ ကျည်ထိမှန်သဖြင့် ဒဏ်ရာရရှိခဲ့သည်။


အဆိုပါ ဖြစ်စဉ်အား အေးကြိုင်၏ဇနီး (အဘ)ဦးဘကျင် ၏သမီးဖြစ်သူ မသူဇာနွယ်မှ မြို့မရဲစခန်း၌ တရားလိုပြု၍ တိုင်တန်းလာပါဖြင့် မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

(ပြန်ဆက်)
မောတောင်သတင်း မီဒီယာ

Friday, September 23, 2016

နန့်ယားကျေးရွာ ဌာနေပြည်သူ့စစ် ခေါင်းဆောင် သေနတ်ပစ်ခံရ


 


ဖားကန့်မြို့နယ် နန့်ယားကျေးရွာ ဌာနေပြည်သူ့စစ်ခေါင်းဆောင် အားKIA အဖွဲ့မှ လာရောက်လုပ်ကြံမှု ၂၃- ၉ - ၂၀၁၆ ရက် နံနက် ၁၀း၃၀ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

ဌာနေပြည်သူ့စစ်ခေါင်းဆောင်နေအိမ်မှ ဆိုင်ကယ်ဖြင့်စီး၍ ထွက်လာစဉ် အမည်မသိလူနှစ်ဦး မျက်နှာခြင်းဆိုင်ဘက်မှ ဆိုင်ကယ်စီးပြီးအလာ အနားအရောက်တွင် နောက်မှထိုင်လိုက်လာသောသူမှ ပြည်သူ့စစ် ခေါင်းဆောင် ကိုမျိုးမင်းထွန်းအား အသင့်ပါလာသော သေနတ်ဖြင့်ပစ်၍ ထွက်ပြေးသွားခဲ့သည်။

ကိုမျိုးမင်းထွန်းမှာ ညာလက်ကောက်ဝတ်သေနတ်ထိမှန်နှင့် ဝမ်းဗိုက်ရှပ်မှန် ဒါဏ်ရာများရရှိပြီး အသက်အန္ဓာရာယ် စိုးရိမ်စရာ မရှိကြောင်း ဒေသခံများပြောပြ၍ သိရသည်။

KIA တွေဒုတိယအကြိမ် နန့်ယားကျေးရွာ ပြည်သူ့စစ်များကို သွေးထိုးလာစမ်းနေပြီ ဖြစ်ကြောင်း ဒီအတိုင်းဆိုရင် ကျေးရွာမအေးချမ်းနိုင်ကြောင်း ဒီကိစ္စကို ပြည်သူ့စစ်များနှင့် ရှမ်းမျိုးနွယ်စုများ ငြိမ်းခံနေမည် မဟုတ်ပဲ လက်တုန့်ပြန်နိုင်ကြောင်း ဌာနေပြည်သူ့စစ်ခေါင်းဆောင် သေနတ်ပစ်ခံရခြင်းနှင့် ပတ်သက်၍ ဒေသခံရွာသားများံမှ ပြောဆိုနေကြသည်။