“ကျွန်တော့်ကိုဖမ်းကြပါ…
ကျွန်တော့်ကို မြန်မြန်ဖမ်းပေးကြပါ အီး အဟီးဟီး😭…”
လူပျိုကြီးဦးတိုး
ရဲစခန်းထဲကို ငိုကြီးချက်မနဲ့ ပြေးဝင်သွားတယ်။
တာဝန်ကျရဲအရာရှိက- “ကဲ ထိုင်ပါ…
တစ်ကိုယ်လုံးလည်း ဒဏ်ရာတွေနဲ့
မြင်မကောင်းပါလား?… ဘယ်လိုဖြစ် လာတာလဲ?…
ဘာကိစ္စကြောင့်ဖမ်းရမှာလဲဆိုတာပြောပါဦး
”“ဒီလိုပါ ဦးရဲကြီးရယ်…
ကျွန်တော်နဲ့ အွန်လိုင်းမှာချစ်ကြိုက်နေတဲ့ကောင်မလေးကို
အခုတည်းခိုခန်းမှာချိန်းတွေ့ပြီးမှ
ဒီအတိုင်းထားပစ်ခဲ့ပါတယ်…
ကျွန်တော့်မှာအပြစ်ရှိပါတယ်…
ကျွန်တော့်ကိုဖမ်းပါဗျာ
”“ဟာကွာ ခင်ဗျားမို့လို့
နှမချင်းမစာမနာလုပ်ရက်တယ်…
ကောင်းပြီလေ ဒါဆိုရင်တော့ပြစ်မှုမြောက်သွားပြီ…
ဖမ်းရမှာပေါ့။ ကဲ… ဖြစ်စဉ်ကို
အစကနေသေချာပြောပြစမ်းပါအုန်း
” ရဲအရာရှိက
စာအုပ်နဲ့ဘောလ်ပင်ယူပြီး လိုက်မှတ်ဖို့ပြင်တယ်
။“ဒီလိုပါဦးရဲကြီးရယ်…
အဲဒီအွန်လိုင်းကချစ်သူကို ခိုးပြေးဖို့
ကျွန်တော် တည်းခိုးခန်းတစ်ခုကို ချိန်းလိုက်ပါတယ်…
ကျွန်တော် တည်းခိုခန်းကို ရောက်သွားတော့
သူကအရင်ရောက်နှင့်နေပါပြီ
”“ဟုတ်ပြီ ဆက်ပြော”
“ကျွန်တော် အခန်းထဲဝင်သွားတော့
သူဘာလုပ်နေတယ်ထင်လဲ” “ဘာလုပ်နေလဲ…?”
“ကုတင်ပေါ်ထိုင်ပြီး
နှပ်ချေးထိုင်ကလော်နေတယ်ဗျာ…😣”
“အဲ… ဟုတ်ပါပြီလေ… နောက်တော့ရော?
”“ကျွန်တော်လည်း ရင်တဒိတ်ဒိတ်နဲ့
သူ့ဘေးမှာဝင်ထိုင်လိုက်ပြီး
သူ့လက်ကလေးကို ဖွဖွလေး ငုံ့နမ်းလိုက်တော့…
ဖွီ… အားလာလား သူ့လက်သည်းကြားမှာ
နည်းနည်းနောနော ဂျီး(ချေး)တွေလားဗျာ😥
”“ဪ sexy ကျချက်နော်…
အင်း ဆက်ပြောပါဦး”
“ဒါနဲ့ ကျွန်တော်က လက်သည်းတွေကို
သန့်သန့်ရှင်းရှင်း ထားပါလားဆိုတော့
သူက ဘာလုပ်တယ်ထင်လဲ?
”“အင်းးး… ဘာလုပ်လဲ?”
“သူ့လက်သည်းတွေကို
လျှာနဲ့ထိုးကလော်နေတယ်လေ😣”
“ထွီ… အဲလေ ယောင် ယောင်သွားလို့
ဆက်ပြော”“ကျွန်တော်လည်း ညားပြီးရင်တော့
ပြုပြင်လို့ရကောင်းပါရဲ့ဆိုပြီး
ပါးလေးကို ရွှတ်ခနဲ ငုံ့နမ်းလိုက်တာပေါ့….
”“ဘာဆက်ဖြစ်လဲ?”
“ကျွန်တော်နမ်းတဲ့နေရာတစ်ခုတည်း
ကွက်ပြီးမည်းသွားတယ်😥”
“ဟင်?… ခင်ဗျားနှာခေါင်းမှာ
အိုးမည်းတွေပေနေလို့များလား?
”“ဘယ်ကလာ…
ဖို့ထားတဲ့ သူ့မိတ်ကပ်တွေပျက်သွားပြီး
သူ့နဂိုအသားရေပေါ်လာတာ😓”
“ဗျာ??….”
“အဲဒါနဲ့ သူ့ပါးကို
ကမန်းကတန်း လက်နဲ့ပွတ်ကြည့်လိုက်တော့မှ
အာပါ့ပါး ဖေ့စ်ဘုတ်ပေါ်ကရုပ်နဲ့ တခြားစီ…
မည်းလိုက် တဲ့အသားဗျာ…
ယင်ကောင်နားရင်တောင် ရှာတွေ့မယ်မထင်ဘူး
”“အဲလောက်တောင် မည်းသလားဗျ?
” “ဒါနဲ့ ကျွန်တော်ပြောလိုက်တယ်…
အချစ်မှာ အသားအရည် မလိုဘူး…
ပိုလျှံနေတာတွေမလိုဘူး…
အခုသွားဖျက်လို့ ပြောလိုက်တော့
ကပျာကယာ ရေချိုးခန်းထဲဝင်သွားတယ်
”“စိတ်ဝင်စားလာပြီ… ဆက်စမ်းပါဦး”
“ခဏအကြာ ရေချိုးခန်းထဲကနေ
သူပြန်ထွက်လာတော့ သူ့လက်ထဲမှာ
ဘယ်ညာတစ်ခုစီ အပိုပြန်ပါလာတယ်
”“ဟင်!!!… ဘာတွေတုံးဗျ?”
“ဖင်တုနဲ့ ရင်တု” “ဂျာ…”
“တကယ်ပါဗျာ ဂစ်တာရှိတ်လို့
ကျွန်တော်ထင်ထားတဲ့ သူ့ပုံစံက
ပိန်ခြောက်မည်းမှောင်နေလိုက်တာများ
ကြေးနန်းကြိုးကို တိပ်အမည်းပတ်ထားသလိုမျိုး😭”
“ခွီးခွီး😅… အဲလေ… အဟမ်း အဟမ်း…
ခင်ဗျားကလည်း
ဒီလောက်နဲ့တော့ အပြစ်ဆိုစရာလားဗျာ?”
“ဒီလောက်အထိတော့
ကျွန်တော် စိတ်ခိုင်ပါသေးတယ်…
ပြောရရင် တဏှာစိတ်မကုန်သေးဘူးဆိုပါတော့
”“ပုထုဇဉ်သဘာဝပေါ့”
“ကုတင်ပေါ် သူပြန်ရောက်လာတော့
ကျွန်တော့်ပုခုံးကို
သူ့ခေါင်းလေးနဲ့ ပေးမှီထားလိုက်တယ်
”“ဟဲဟဲ😁… ကောင်းခန်းရောက်ပြီမလား?”
“အဲဒီအချိန် ကျွန်တော်လည်း
ဘာရယ်ညာရယ်မသိတော့ဘူး
‘မ’ စိတ်စမွှန်တဲ့အချိန်ပေါ့”
“အင်း….☻”
“သူ့ဆံပင်လေးကို အသာအယာပွတ်ပြီး
နှစ်ကိုယ်ကြားလေး ပြောလိုက်တယ်…
ဆံပင်လေးကို
တစ်သက်လုံးပိုင်ဆိုင်ချင်လိုက်တာဆိုတော့”
“အဲဒီတော့… သူက ဘာပြောလဲ?”
“ရော့… ယူချင်ယူလေဆိုပြီး
သူ့ဆံပင်အတုကြီးချွတ်ပေးတယ်”
“ဟိုက်?😲… စောင်ကတုံးမကြီးပေါ့…
အဲလေ ယောင်လို့ အင်း အဟဲ…
ဒီလောက်နဲ့ စိတ်ပျက်စရာလားဗျာ…
အချိန်တန်ရင် ပြန်ပေါက်မှာပေါ့”
“မွေးရာပါ ဆံပင်မပေါက်တဲ့ရောဂါတဲ့ဗျာ😭”
“တိန်… မှတ်ကရော”
“ဒီအထိ သည်းခံနိုင်ပါသေးတယ်ဗျာ”
“အင်း?…”
“သူက လူချင်းခဏခွာလိုက်ပြီး
သူ့ချိုင်းမွှေးတွေကို တဗျင်းဗျင်းဆွဲနုတ်နေသေးတယ်”
“ဟိုက်… အဲလေ… ချိုင်းမွှေးပေါက်တာ သဘာဝပါ”
“ဒီလောက်နဲ့မပြီးသေးဘူး” “ဟင်?!”
“နုတ်ပြီးသား သူ့ချိုင်းမွှေးတွေကို
လက်နဲ့ကိုင်ပြပြီးပြောတယ်…
ကျွန်တော့်မှာ နှုတ်ခမ်းမွှေးမရှိလို့
ဆင်ကော်နဲ့ကပ်ပေးရမလားတဲ့”
“ထွီ…😲”
ရဲအရာရှိက သူ့နှုတ်ခမ်းကို
လက်နဲ့ ကမန်းကတန်းလှမ်းပိတ်တယ်။
“ကျွန်တော်လည်း ကျန်တဲ့နေရာ မကြည့်ရဲ့တော့ဘဲ
သူ့နှုတ်ခမ်းလေးကိုပဲ စိုက်ကြည့်နေလိုက်တယ်…
အမယ်… ရုပ်သာဆိုးတာဗျ…
ပြုံးလိုက်ရင်တော့ လွှတ်လှ😊”
“တော်ပါသေးရဲ့…
ကောင်းတဲ့နေရာလည်းရှိသေးလို့”
“သွားလေးတွေက ပုလဲလုံးလေးတွေလိုပဲနော်လို့
ကျွန်တော်ပြောလိုက်တော့”
“အင်း….” “ဒါတောင် ရေမဆေးရသေးဘူးဆိုပြီး
သူ့အံပုံကြီး ချွတ်ပြတယ်😓”
“ဟိုက်!!! သွားကျိုးမကြီး… ထွီ အေ့ ဝေါ့
” ရဲအရာရှိက ရင်ဘတ်ကလေးဖိပြီး
ကပျာကယာ ရေထသောက်တယ်။
ပြီးမှ ပြန်လာထိုင်တယ်။
“ကျွန်တော်လည်း ဖြစ်ချင်ရာဖြစ်
မျက်စိစုံမှိတ် ချစ်တော့မယ်ဆိုပြီး
သူ့ခါးကို အတင်းဆွဲဖက်လိုက်တယ်”
“အဲဒီတော့???” “သူကပြောတယ်…
ဖြေးဖြေးဖက် ကလေးပျက်ကျမယ်တဲ့”
“ဟေ!! အဟားဟား နွား နွား”😂😂
👉👦👈
“ဟင်?
လက်ညှိုးက ဘာလို့ကျွန်တော့်ကိုထိုးတာလဲ။
😢😢 လှောင်တယ်ပေါ့?”
“အဟီး… ခွိခွိ… ယောင် ယောင်သွားလို့ပါ
မရီတော့ပါဘူး… အဟမ်း… အဟမ်း…
ဆက်ပြောပါဦး”
“ဒါနဲ့ ကျွန်တော်လည်း
မျက်ရည်တွေ ဝဲတက်လာပြီး
တစ်ချိုးတည်း ထွက်ပြေးလာတော့တာပဲ
အဟင့် ဟင့်…😢”
“ဪ အဲလိုလား?
အဟင်း ခစ်ခစ် 😂 ဒါနဲ့ နေစမ်းပါဦး…
ခင်ဗျားဒဏ်ရာတွေကရော ဘယ်လိုရလာခဲ့တာလဲ?”
“ထွက်မပြေးခင်က သူ့ကိုမယူနိုင်ဘူးပြောလို့
သူ့ခြေတုကြီးချွတ်ပြီး
တဖုန်းဖုန်းနဲ့ ရိုက်နှက်တော့တာပါပဲဗျာ…
အီး အဟီး အဟင့်😭”
တိန်...!😂😂
အန့်အောဘ...! 😂😅😁
#Anonymous
Crd
No comments:
Post a Comment