Showing posts with label သံအမတ်. Show all posts
Showing posts with label သံအမတ်. Show all posts

Wednesday, September 28, 2016

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အပြီး ကန်သံအမတ် ကချင်ပြည်နယ်သို့ ရောက်ရှိနေ

 ဒေါ်အောင်ဆန်းစုကြည် ၏အမေရိကန်ခရီးစဉ်ပြီးဆုံးပြီး နောက်တစ်နေ့တွင် မြန်မာတပ်မ တော်နှင့် ကေအိုင်အေကိုတိုက်ပွဲဖြစ်ပွားနေသော ကချင်ပြည်နယ်သို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် သုံးရက်ကြာ လာ ရောက်လျက်ရှိကြောင်း သတင်း  ရရှိသည်။

ဒေါ်အောင်ဆန်းစုကြည် သည် အမေရိကန်နှင့် ဗြိတိန်ခရီး စဉ်မှ စက်တင်ဘာ ၂၅ ရက်ည တွင် ပြန်လည်ရောက်ရှိခဲ့ပြီး မြန် မာနိုင်ငံဆိုင်ရာ အမေရိကန်သံအ မတ် စကော့မာစီရယ်က စက်တင် ဘာ ၂၆ ရက် နံနက်၌ ဝိုင်းမော်နှင့် မြစ်ကြီးနားမြို့သို့ လာရောက်ခဲ့ ကြောင်း ကချင်ပြည်နယ်အစိုးရ အဖွဲ့မှ ဝန်ကြီးတစ်ဦးက ပြော ကြားသည်။

ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက အမေရိကန် သံအမတ်သည် စက်တင်ဘာ ၂၆ ရက်မှ စက်တင်ဘာ ၂၈ ရက်အထိသုံးရက်ကြာ လာရောက်ခြင်းဖြစ် ကြောင်း ပြောသည်။ အမေရိကန် သံအမတ်သည် ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ပြီး ကေ အိုင်အေ ခေါင်းဆောင်ပိုင်းနှင့် လည်း တွေ့ဆုံခဲ့ကြောင်း ကချင် ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီး တစ်ဦးက ပြောသည်။

ဆွေးနွေမှု အသေးစိတ်ကို မသိရသေးဘဲ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ် ပြီးလျှင်ပြီးချင်း ကချင်ပြည်နယ်သို့ အမေရိကန်သံအမတ် လာရောက်မှုမှာ ထူးခြားကြောင်း ၎င်းက ပြော သည်။

ကချင်နှစ်ချင်း ခရစ်ယာန် အဖွဲ့ချုပ်(KBC)တာဝန်ရှိသူများ နှင့် တွေ့ဆုံခဲ့ပြီး စစ်ဘေးဒုက္ခသည်စခန်းသို့လည်း လာရောက်ခဲ့ကြောင်း KBC မှ သတင်းရရှိသည်။

မြန်မာတပ်မတော်နှင့် ကေ အိုင်အေသည် ဝိုင်းမော်မြို့နယ် နေရာအချို့တွင် စက်တင်ဘာ ၁၃ ရက်က စတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၂၇ ရက်အထိ ဖြစ်ပွားနေဆဲဖြစ်ကြောင်း သ တင်းရရှိသည်။ တိုက်ပွဲကြောင့် နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိခဲ့ သည်။