Showing posts with label ကလေးလုပ်သား. Show all posts
Showing posts with label ကလေးလုပ်သား. Show all posts

Thursday, October 13, 2016

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်မိသားစုအမှု စတင်စစ်ဆေး




အိမ်အကူအမျိုးသမီးငယ်(၂)ဦးကို ညှဉ်းပန်းနှိပ်စက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ အင်းဝ အပ်ချုပ်ဆိုင်ပိုင်ရှင်မိသားစုအမှုနဲ့ပတ်သက်ပြီး တရားလိုကို အောက်တိုဘာ (၁၃) ရက်က ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှာ စတင်စစ်ဆေးခဲ့ပါတယ်။

မသီရီလတ်အပါအဝင် မိသားစုဝင်(၆)ဦးစလုံးကို တတိယအကြိမ်ရုံးထုတ်ခဲ့စဉ်က တရားခံ ရှေ့နေတွေ မစုံလင်ခဲ့တဲ့အတွက် စစ်ဆေးခြင်းမပြုလုပ်ခဲ့ဘဲ စတုတ္ထအကြိမ်ဖြစ်တဲ့ အောက်တိုဘာ(၁၃)ရက်ရုံးချိန်းမှာတော့ ရှေ့နေတွေစုံလင်ခဲ့တဲ့အတွက် အမှတ်(၆)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(ရန်ကုန်)မှ တရားလို ရဲမှူး မျိုးသိန်းကို စတင်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

အိမ်အကူမိန်းကလေးငယ်(၂)ဦးအပေါ် လုပ်ခလစာအပြည့်အ၀မပေးမှု၊ ကျေးကျွန်ကဲ့သို့ ညှဉ်းပန်းနှိပ်စက်မှု၊ ကလေးငယ်တွေရဲ့လုပ်ခလစာအပေါ် ခေါင်းပုံဖြတ်မှုတွေကြောင့် အင်းဝအပ်ချုပ်ဆိုင် မိသားစုတွေကို ကျောက်တံတားမြို့မရဲစခန်းမှာ (ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ (၂၉/၂၄/၃၂)၊ (ပ)၂၀၁/၂၀၁၆ နဲ့ အမှုဖွင့် တိုင်ကြားခဲ့တာဖြစ်တယ်လို့ ရဲမှူးမျိုးသိန်းက ပြောပါတယ်။

ဒီအမှုကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားသူကြီး ဒေါ်ဆွေဆွေက ကိုင်တွယ်ကြားနာနေ တာဖြစ်ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကလေးသူငယ်ဥပဒေပုဒ်မ-၆၆(ဃ)နဲ့ တရားစွဲဆိုထားတဲ့အမှုအတွက် တရားခံအဖြစ်တရားစွဲဆိုခံထားရတဲ့ဒေါ်တင်သူဇာ၊ မစုမွန်လတ်နဲ့ ဦးတင်မင်းလတ်တို့ (၃)ဦးကတော့ အောက်တိုဘာ (၁၄)ရက် မနက်ပိုင်းမှာ ကျောက်တံတားမြို့နယ်တရားရုံးမှာ ဆက်လက်တရားရင်ဆိုင်ရမှာ ဖြစ်တယ်လို့ သိရပါ တယ်။

 တရားလိုကို အောက်တိုဘာ(၁၃)ရက်မှာ စတင်စစ်ဆေးခဲ့ပြီး လာမယ့်အောက်တိုဘာ (၂၀)ရက်ရုံးချိန်းမှာ တရားလိုဘက်က လိုပြသက်သေ(၁၀)ဦးကို ဆက်လက် စစ်ဆေး သွားမှာဖြစ်တယ်လို့ ဒေါ်သီရိလတ်ရဲ့ အကျိုးတော်ဆောင် အထက်တန်းရှေ့နေ ဒေါ်နှင်းစုအောင်ရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဒီသတင်းကို Central News Bureau က ကျော်နိုင်ထွန်း ပေးပို့တာဖြစ်ပါတယ်။

Central News Bureau

Friday, October 7, 2016

မစန်းကေခိုင်၏ လက်ချောင်းလေးများကို စတင်ခွဲစိတ်ကုသ၊ နဂိုအတိုင်း ပြန်ကောင်းနိုင်ခြေရှိဟုဆို



အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်မိသားစု၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် လက်ဆယ်ချောင်းလုံးကျိုးခဲ့ရပြီး မကွေးနိုင်၊ မဆန့်နိုင်ဖြစ်နေသည့် မစန်းကေခိုင်၏ ယာဘက် လက်ချောင်းလေးများကို အောက်တိုဘာ ၅ ရက်က ရန်ကုန် ဆေးရုံကြီး လက်ပိုင်းဆိုင်ရာကုသရေးအဆောင်တွင် စတင်ခွဲစိတ်ကုသပေးပြီဖြစ်ကြောင်း သတင်းရရှိသည်။

 ထိုသို့ခွဲစိတ်ကုသရာတွင် လက်ပိုင်းဆိုင်ရာကုသရေးဌာနမှ ဌာနမှူးပါမောက္ခ ဒေါက်တာဦးခင်မောင်မြင့်၊ တွဲဖက်ပါမောက္ခဒေါက်တာမျိုးမင်းဦးတို့၏ ဦးဆောင်မှုဖြင့် ကုသပေးခြင်းဖြစ်ပြီး ပထမဆုံးခွဲစိတ်မှုကို နှစ်နာရီနီးပါး ခွဲစိတ်ကုသပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပထမနေ့ ခွဲစိတ်ကုသမှုအပြီးတွင် မစန်းကေခိုင်၏ လက်ချောင်းလေးများ နဂိုအတိုင်း ပြန်လည်ကောင်းမွန်လာနိုင်ရန် ပြုလုပ်ရမည့် ခွဲစိတ်ကုသမှုအဆင့်အားလုံး၏ ၅၀ ရာခိုင်နှုန်းကျော်ပြီးစီးခဲ့သည်ဟု ဆိုသည်။

''မကွေးနိုင်မဆန့်ဖြစ်နေတဲ့လက်ချောင်းလေးတွေကို ကွေးနိုင်ဆန့်နိုင်အောင်လို့ ကျွန်တော်တို့က ကပ်နေတဲ့ ကြွက်သားတွေ၊ အရွတ်တွေကို ပြန်ပြီးပြုပြင်တာပေါ့။ ဘယ်လောက်ရာခိုင်နှုန်း ပြန်ကောင်းနိုင်မလဲဆိုတာ ကတော့ လောလောဆယ် ပြီးပြီးချင်းအခြေအနေကတော့ ၈၀၊ ၉၀ ရာခိုင်နှုန်းလောက် ပြန်လှုပ်နိုင်မယ်။ အချိန်ပေးရင်တော့ နဂိုအတိုင်းပြန် ဖြစ်သွားနိုင်တယ်''ဟု တွဲဖက်ပါမောက္ခဒေါက်တာမျိုးမင်းဦးက ပြောကြား သည်။

ယနေ့ခွဲစိတ်ကုသမှုတွင် မစန်းကေခိုင်၏ ယာဘက်လက်ချောင်းငါးချောင်းကိုသာ စတင်ခွဲစိတ်ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ၀ဲဘက်လက်ချောင်းများနှင့် တံတောင်ဆစ် ကွေးနိုင်ဆန့်နိုင်အောင် ဆက်လက်ခွဲစိတ်ကုသရန် ကျန်ရှိသေးသည့်အပြင် ယာဘက်လက်ချောင်းလေးများမှာလည်း နောက်ဆက်တွဲ ခွဲစိတ်ကုသမှုများပြုလုပ်ရန် ကျန်ရှိသေးကြောင်း၊ မစန်းကေခိုင်အား ခွဲစိတ်ကုသမှု အလုံးစုံပြီးဆုံးသည်အထိ ရန်ကုန်ဆေးရုံကြီး၌ပင် ပြုစု စောင့်ရှောက်ပေးထားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

''ဒီဟာရဲ့ result ကို ကြည့်ရဦးမယ်။ ဒီ function ကိုကြည့်ပြီးမှ နောက်တဆင့်ကို ဆုံးဖြတ်ပါမယ်။ တိုးတက်မှု ကို ကျွန်တော်တို့ပါမောက္ခဦးဆောင်တဲ့ လက်ပိုင်းဆိုင်ရာဌာနက ပြန်လည်သုံးသပ်ပြီးတော့မှ နောက်ထပ် ခွဲစိတ်မှု ဆက်လုပ်မယ်''ဟု တွဲဖက်ပါမောက္ခဒေါက်တာမျိုးမင်းဦးက ပြောကြားသည်။

မစန်းကေခိုင်နှင့် မသဇင်တို့နှစ်ဦးသည် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်မိသားစုထံတွင် ငါးနှစ်ကြာ အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ရာ လူမဆန်စွာညှဉ်းပန်းနှိပ်စက်ခံရခြင်းကြောင့် မစန်းကေခိုင်မှာ လက်ချောင်းဆယ်ချောင်းလုံးကျိုး ခဲ့ရပြီး ခန္ဓာကိုယ်အနှံ့တွင်လည်း ဒဏ်ရာများရရှိခဲ့သည်။ မသဇင်၏ဒဏ်ရာများမှာမူ များစွာစိုးရိမ်ဖွယ်ရာ မရှိကြောင်း သိရသည်။

၎င်းတို့နှစ်ဦးစလုံးကို စက်တင်ဘာ ၂၁ ရက်မှစ၍ ရန်ကုန်ဆေးရုံကြီး လက်ပိုင်းဆိုင်ရာကုသရေးအဆောင်တွင် ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

အော်စကာ/ မင်းဇာနည်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Thursday, October 6, 2016

အင်းဝ အုပ်ချုပ်ဆိုင်အမှုကို ရက်ရွှေ့

အိမ်အကူမိန်းကလေးနှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ၆ ဦးကို အောက်တိုဘာလ ၆ ရက်နေ့ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်စဉ်

အိမ်အကူမိန်းကလေးနှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ၆ ဦးကို ဒီကနေ့ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပေမယ့် အင်းဝ အုပ်ချုပ်ဆိုင်ဖက်က ရှေ့နေမစုံတာကြောင့် အမှုကို မစစ်ဆေးဘဲ လာမယ့် အောက်တိုဘာလ ၁၃ ရက်နေ့ကို ချိန်းဆိုလိုက်ပါတယ်။

အနောက်ပိုင်းခရိုင် တရားသူကြီး ဒေါ်ဆွေဆွေလှိုင် က လာမယ့် အောက်တိုဘာ ၁၃ ရက်နေ့ ရုံးချိန်းမှာ ရှေ့နေ မစုံရင်လည်း အမှုကို စတင်စစ်ဆေးတော့မယ်လို့ တရားခွင်မှာ ပြောကြားလိုက်ပါတယ်။

ကျူးလွန်ခဲ့သူ ၆ ဦးစလုံးကို တရားစွဲဆိုထားတဲ့ ပုဒ်မတွေထဲမှာ လူကုန်ကူးမှု ပုဒ်မ ၂၉ ပါနေတာကြောင့် စွပ်စွဲခံရသူတွေဘက်က ရှေ့နေမစုံရင် အမှုကို စစ်ဆေးလို့မရကြောင်း ဒေါ်ဆွေဆွေလှိုင် က ပြောပါတယ်။

အင်းဝအပ်ချုပ်ဆိုင်က ဒေါ်တင်သူဇာ၊ ဦးကိုလတ်၊ မစုမွန်လတ်၊ ကိုတင်မင်းလတ်၊ ကိုရာဇာထွန်းနဲ့ မသီရိလတ် တို့ကို ကျောက်တံတားမြို့နယ် ရဲစခန်းမှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ၊ ကလေးသူငယ် ဥပဒေပုဒ်မ - ၆၆(ဃ)တို့နဲ့ ရဲတပ်ဖွဲ့က တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဒီကနေ့ တရားရုံးမှာ ၃ ဦးအတွက် ရှေ့နေ ၂ ဦးသာ ရောက်ရှိခဲ့ပြီး ကျန် ၃ ဦးအတွက် ရှေ့နေတွေ မရောက်ရှိ ခဲ့တာဖြစ်ပါတယ်။

Tuesday, October 4, 2016

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်များကို အရေးယူရန် ပျက်ကွက်၍ ခရိုင်နှင့်မြို့နယ်ရဲမှူးများ အပါအ၀င် သုံးဦးကို အရေးယူမည်

အိမ်အကူ မိန်းကလေး ငယ်နှစ်ဦးကို အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်က ကိုယ်လက်အင်္ဂါ ချို့ ယွင်းသည်အထိ ညှဉ်းပန်းနှိပ်စက် ခဲ့မှုတွင် ပြစ်မှုကျူးလွန်သူများအား အရေးယူဆောင်ရွက်ခြင်းမရှိသည့် ခရိုင်ရဲမှူး၊ မြို့ နယ်မှူး နှင့် နယ်ထိန်းတစ်ဦး အပါအ၀င်သုံးဦးစလုံးကို ရဲစည်းကမ်းအရထိရောက်စွာ အရေးယူမည်ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောကြားသည်။

 

အောက်တိုဘာ ၃ ရက်တွင်  ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်၌ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက လူ့အခွင့်အရေး ချိုး ဖောက်ခံနေရမှုများအပေါ် တိုင်း ဒေသကြီး အစိုးရအဖွဲ့က မည်ကဲ့ သို့ တာဝန်ယူ ဖြေရှင်ပေးမည်ကို  ကြယ်ပွင့်ပြမေးခွန်း မေးမြန်းရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန် ကြီးက ပြန်လည်ဖြေကြားစဉ်  အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

 

‘‘မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က  ဘာလို့အရေးမယူလဲဆိုတဲ့အပိုင်း မှာ ဒီဖြစ်စဉ်ဖြစ်ပြီးတော့မှ စိစစ် လိုက်တဲ့အချိန်မှာ သူကစိစစ် လိုက်တာကိုပဲ ပြန်လိုက်တာဖြစ် ပါတယ်။ ဒီအချိန်မှာ ပြစ်မှုကျူး လွန်ရင် အရေးယူရမယ့်အပိုင်း ဖြစ်ပါတယ်။ အဲဒီလို အရေးမယူ တဲ့အတွက် သက်ဆိုင်ရာမှာရှိတဲ့ ခရိုင်ရဲမှူးရော၊ မြို့နယ်မှူးရော၊  နယ်ထိန်းရော သုံးဦးစလုံးကို စုံခုံ သတ်ချုပ် အရေးယူမှာပါ။ ရဲ စည်းကမ်းအရ ထိထိရောက် ရောက် အရေးယူဆောင်ရွက်မှာ ပါ’’ ဟု လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင် ထွန်းက ပြောကြားသည်။

 

လူ့အခွင့်အရေးချိုးဖောက် ခံနေရမှုသည် အကြောက်တရား ရှိခြင်းနှင့် တိုင်ကြားရမည့်နေရာ မသိခြင်းကြောင့် ဖြစ်ပွားနေ ခြင်းဖြစ်ပြီး ယင်းကဲ့သို့ချိုးဖောက်ခံ နေရပါက 199 Χαλλ Χεντερ သို့ နေ့ညမရွေး တိုင်ကြားနိုင်ကြောင်း နှင့် အလားတူကိစ္စမျိုး ထပ်မံမ ပေါ်ပေါက်စေရေး၊ကလေးသူငယ် အခွင့်အရေးများအတွက် လူမှုဝန် ထမ်းနှင့် ပူးပေါင်း၍ အရှိန်အဟုန် မြှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း

 

ဝန်ကြီးက ဆက်လက်ပြောကြားသည်။

 

‘‘ရန်ကုန်တိုင်း ဒေသကြီး ကလေးသူငယ် လူ့အခွင့်အရေး  ကာကွယ်စောင့်ရှောက်မှုပိုင်းနဲ့  ပတ်သက်ပြီး အမှတ် (၂)  ကလေးသူငယ် ကာကွယ်စောင့် ရှောက်ရေး အဖွဲ့ဆိုပြီး ကာကွယ် စောင့်ရှောက်သွားမယ်။ ၂၀၁၅ မှာ အရေးယူခဲ့တာ ၁၇ မှုရှိတယ်။  ၂၀၁၆ ခုနှစ် စက်တင်ဘာအထိ ၁၆ မှုရှိတယ်။ တရားခံဖမ်းဆီးရမိ တာ ၂၉ ဦးဖြစ်တယ်။တရားခံပြေး က ၂၄ ဦးဖြစ်ပြီး လူကုန်ကူးခံရသူ ၃၃ ဦးရှိတယ်’’ဟု ဗိုလ်မှူးကြီး  တင်အောင်ထွန်းက ရှင်းပြသည်။

 

အထက်ပါ ကြယ်ပွင့်ပြ မေး ခွန်းနှစ်ခုကို ကျောက်တံတား မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)လွှတ်တော် ကိုယ်စားလှယ် ဒေါ် ကြည်ပြာနှင့် ကော့မှူးမြို့နယ် မဲ ဆန္ဒနယ်အမှတ်(၂)လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းအောင် တို့ကလွှတ်တော်သို့ တင်သွင်းမေး မြန်းခြင်းဖြစ်သည်။

 

‘‘တာဝန်သိ သတင်းထောက်  ဦးဆွေဝင်းရဲ့ တိုင်ကြားချက်နဲ့  အချက်အစုံအလင်နဲ့ ရဲစခန်းကို တိုင်ကြားခဲ့တယ်။ နှစ်ပတ်လောက် ကြာတဲ့အထိ ရဲစခန်းက ထူးထူး ခြားခြား အကြောင်းမပြန်တာ ကြောင့် လူ့အခွင့်အရေး ကော်မ ရှင်ကို ဆက်ပြီးတိုင်ကြားခဲ့။ အဲဒီ အခါမှာ ကော်မရှင်က ပြစ်မှု မြောက်နေတဲ့ ရာဇဝတ်မှုကို ငွေ ကြေးနဲ့ ဖြေရှင်းပေးခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့။ သတင်းမီဒီယာ၊ ပြည် သူတွေကြားမှာ အတော်လေးပြန့်  ပွားပြီးတော့ စက်တင်ဘာ ၂၆ ရက် ပြည်သူ့လွှတ်တော်မှာအရေး ကြီး အဆိုတင်သွင်းခဲ့ပါတယ်။ ကော်မရှင်ကို ထိရောက်စွာ အ ရေးယူပေးဖို့အဆိုဟာ ပြည်သူ့ လွှတ်တော်မှာ အတည်ပြုခဲ့တယ်∀ ဟု ဒေါ်ကြည်ပြာက မေးခွန်းမေး မြန်းရာတွင် ထည့်သွင်းပြောကြား သည်။

Monday, October 3, 2016

အင်းဝအပ်ချုပ်ဆိုင်အမှုတွင် တာဝန်ပေါ့လျှော့သည့် ရဲဝန်ထမ်းများကို အရေးယူသွားမည်


 


ရန်ကုန်၊ အောက်တိုဘာ ၃

အင်းဝအပ်ချုပ်ဆိုင်အမှုအရေးမယူခဲ့ဘဲ တာဝန်ပေါ့လျှော့ခဲ့သည့်သက်ဆိုင်ရာ ခရိုင်ရဲမှူး မြို့နယ်ရဲမှူး နယ်ထိန်းတို့ကို ရဲစည်းကမ်းအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်လုံဝန်ကြီးဗိုလ်မှူးကြီးတင်အောင်ထွန်းကပြောသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယနေ့ အစည်းအဝေး(ဒုတိယနေ့)တွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှစ်ဦး မှ အင်းဝအပ်ချုပ်ဆိုင်အမှုနှင့်စပ်လျဉ်း ၍ မေးမြန်းမှု အပေါ်၎င်းကအထက်ပါအတိုင်းထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

အင်းဝအပ်ချုပ်ဆိုင်အမှုကို စစ်ဆေးရန် Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းက ကျောက်တံတားရဲစခန်းသို့တိုင်တန်းခဲ့သော်လည်းသက်ဆိုင်ရာရဲဌာကအရေးယူခြင်းမရှိခဲ့ဘဲ လူ့အခွင့်အရေးကော်မရှင်မှ သိန်း ၅၀ လျော်ကြေးဖြင့် ကြားဝင်ညှိုနှိုင်းပေးခဲ့သည်။

အင်းဝအပ်ချုပ်ဆိုင်အမှုတွင် ဖမ်းဆီးခံထားရသူ လူခြောက်ဦးကို လူကုန်တားဥပဒေပုဒ်မ ၂၄/၂၉/၃၂ ။ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆။၃၂၅။၃၄၄။၁၁၄။ ကလေးသူငယ်ဥပဒေပုဒ်မ ၆၆(ဃ)စသည့် ပုဒ်မများဖြင့်အရေးအမှုဖွင့်ထားကြောင်းသိရသည်။

Written by ဆုမင်းကို
Hinthar Media Corporation

Friday, September 30, 2016

အင်းဝအပ်ချုပ်ဆိုင်မိသားစုကို စွဲချက်တင်


နှိပ်စက်ခံရတဲ့ အမျိုးသမီးငယ်တဦးအင်းဝ အပ်ချုပ်ဆိုင်က ကလေးသူငယ်တွေ နှိပ်စက်ခံရတဲ့အမှုကို လူကုန်ကူးမှုတားဆီး ကာကွယ်ရေးရဲတပ်ဖွဲ့က နာကျင်စေမှု၊ လူကုန်ကူးမှုတွေနဲ့ စွဲချက်တင်လိုက်တယ်လို့ ကျောက်တံတားမြို့မ ရဲစခန်းက စခန်းမှူးဖြစ်တဲ့ ဒုရဲမှူး ဦးတိုးမြို့က ဘီဘီစီကို ပြောပါတယ်။

ဒီအမှုမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနကလည်း ကလေးသူငယ်ပုဒ်မနဲ့ တရားစွဲဆိုထားပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက တင်ပြထားတဲ့ ဒီအမှုအတွက် တရားခံခြောက်ယောက်ကို စစ်ဆေးဖို့ရှိပေမယ့် အဲဒီ့ခြောက်ယောက်ထဲက မသီရိလတ်က တရားခံပြေး ဖြစ်နေခဲ့တဲ့အတွက် စစ်ဆေးဖို့ ကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ မသီရိလတ်က ကိုယ်တိုင် လာရောက် အဖမ်းခံခဲ့တဲ့အတွက် ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် တရားရုံးက ဒီအမှုကို ပထမဆုံး လက်ခံစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး အောက်တိုဘာလ ၆ ရက်နေ့မှာ တရားလိုရဲတပ်ဖွဲ့ကို စတင်စစ်ဆေးဖို့အတွက် တရားရုံးက ရုံးချိန်းပေးလိုက်ပါတယ်။

အမှုကို ဥပဒေလမ်းကြောင်းပေါ်ကို တင်ပေးလိုက်ပြီ ဖြစ်တဲ့အတွက် တရားစီရင်ရေးလမ်းကြောင်းကို စောင့်ကြည့်ပြီး တရားမမှု လမ်းကြောင်းကနေ တရားလို ကလေးငယ်တွေအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ဆက်လက် တောင်းဆိုသွားမယ်လို့ တရားလိုဥပဒေအကျိုးဆောင် ဦးခင်မောင်မြင့်က ဘီဘီစီကို ပြောပါတယ်။

BBC Burmese

Thursday, September 29, 2016

အင်းဝ အပ်ချုပ်ဆိုင်အမှုကို အောက်တိုဘာ ၆ ရက်နေ့မှာ စစစ်ဆေးမယ်

အိမ်အကူ အမျိုးသမီးငယ်နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့အင်းဝ အပ်ချုပ်ဆိုင် မိသားစုဝင်တွေကို စက်တင်ဘာလ ၂၉ ရက် ဒီကနေ့မှာ ရုံးထုတ်ခဲ့ပြီး အမှုကိုတော့ အောက်တိုဘာလ ၆ ရက်နေ့မှာ စတင် စစ်ဆေးကြားနာမှာ ဖြစ်ပါတယ်။

အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင်တွေကို ဒီကနေ့ နံနက် ၁၀ နာရီခွဲက ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့တာ ဖြစ်ပြီး ဒီတစ်ကြိမ်ဟာ ဒုတိယအကြိမ် ရုံးထုတ်တာ ဖြစ်ပါတယ်။

အင်းဝအပ်ချုပ်ဆိုင်မိသားစုဟာ အိမ်အကူမိန်းကလေးနှစ်ယောက်ကို ညှဉ်းပန်းနှိပ်စက်မှု၊ ကျွန်ပြုခိုင်းစေမှုတို့ကြောင့် ရာဇသတ်ကြီးအမှု အမှတ် ၁၁၀/၁၆၊ လူကုန်ကူးမှုဥပဒေ ပုဒ်မ ၁၄/၃၂ တို့ တရားစွဲဆို ခံထားရတာပါ။ ဒီကနေ့ တရားရုံးမှာ အင်းဝအပ်ချုပ်ဆိုင်မိသားစုဝင် ဒေါ်တင်သူဇာ၊ ဦးကိုလတ်၊ တင်မင်းလတ်(ခ)ဖိုက်ဇယ်၊ မစုမွန်လတ်၊ မသီရိလတ်၊ ရာဇာထွန်းတို့ ရုံးထုတ်ခဲ့တာဖြစ်ပြီး လူမှုဝန်ထမ်းဦးစီးဌာနက တရားလိုလုပ်ကာ သူတို့ကို တရားစွဲဆိုထားတာ ဖြစ်ပါတယ်

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်မိသားစုကို ဒုတိယအကြိမ်ရုံးထုတ်


 


အိမ်အကူမိန်းကလေးနှစ်ဦးအား ညှင်းပန်းနှိပ်စက်မှု၊ ကျွန်ပြုမှုကြောင့် ဖမ်းဆီးအရေးယူခံထားရသော အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်မိသားစုဝင် ၆ ဦးကို ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးတွင် ယနေ့ (စက်တင်ဘာ ၂၉) နံနက် ၁၀နာရီ ၃၀ မိနစ်အချိန်ခန့်က ဒုတိယအကြိမ်မြောက် ရုံးထုတ်ခဲ့သည်။

အိမ်အကူမိန်းကလေးနှစ်ဦးအား ညှင်းပန်းနှိပ်စက်မှုဖြင့် အင်းဝအပ်ချုပ်ဆိုင်မသားစုဝင်များဖြစ်သော ဒေါ်တင်သူဇာ၊ ဦးကိုလတ်၊ တင်မင်းလတ်(ခ)ဖိုက်ဇယ်၊ မစုမွန်လတ်၊ မသီရိလတ်၊ ရာဇာထွန်းတို့ ၆ ဦးကို လူမှုဝန်ထမ်းဦးစီးဌာနက တရားလိုပြုလုပ်၍ကလေးသူငယ်ဥပဒေ ပုဒ်မ ၆(ဃ) အရ စက်တင်ဘာ ၂၁ ရက်နေ့က တရားစွဲဆိုထားခြင်းဖြစ်သည်။


ယနေ့ တရားခွင်တွင် တရားသူကြီးက ၎င်းတို့အား ဆွဲဆိုထားသော ရာဇ၀တ်ကြီးမှုအမှတ် ၁၁၀/၁၆၊ လူကုန်ကူးမှုဥပဒေပုဒ်မ ၂၄/၃၂ တို့ကို ဖတ်ကြားခဲ့ပြီး အင်းဝအပ်ချုပ်ဆိုင်မိသားစုဝင်များမှ တမိသားစုလုံး ဖမ်းဆီးခံထားရသဖြင့် ၎င်းတို့ထံ ထမင်းဟင်းပို့မည့်သူမရှိကြောင်း၊ ရှေ့နေရှေ့ရပ် ငှားရမ်းရန် အခက်အခဲတို့အား တင်ပြခဲ့ကြပြီး စက်တင်ဘာ ၂၈ ရက်နေ့ ညပိုင်းက လာရောက်ဖမ်းဆီးခံခဲ့သူ သီရိလတ်ကလည်း ၎င်း၏သမီးနှစ်ယောက် အုပ်ထိန်းသူမဲ့ဖြစ်နေသည့်အခြေအနေများကို အသီးသီး တင်ပြခဲ့ကြကြောင်း သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အင်းဝအပ်ချုပ်ဆိုင်ကိစ္စ ကော်မရှင်က သမ္မတရုံးသို့ တင်ပြခြင်းမရှိသေး

အရပ်ဘက်အဖွဲ့အစည်း ၁၄၀ကျော်နှင့် ပြည်သူ ၃,၀၀၀ကျော်က လူ့အခွင့်အရေးကော်မရှင်အ ဖွဲ့ဝင်အချို့ နုတ်ထွက်ပေးရန်တောင်းဆို

 အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူမိန်းကလေးငယ်နှစ်ဦး နှိပ်စက်ခံရမှုနှင့်ပတ်သက်၍ နိုင်ငံ တော်သမ္မတရုံးက လူ့အခွင့်အ ရေးကော်မရှင်ထံသို့ ဆောလျင် စွာဖြေရှင်းတင်ပြရန် ညွှန်ကြား ထားသော်လည်း ယမန်နေ့(စက် တင်ဘာ ၂၈ ရက်)အထိ တင်ပြ ခြင်းမရှိသေးကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

နေပြည်တော်မှ စက်တင် ဘာ ၂၂ရက် စာအမှတ်ဖြင့် မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးသို့ စာထုတ်ထား ကြောင်း ဦးဇော်ဌေးကပြောကြား သည်။ သမ္မတရုံးဝက်ဘ်ဆိုက်တွင် လည်း စက်တင်ဘာ ၂၂ ရက်က ပြည်သူများထံသို့ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက် တွင် လူ့အခွင့်အရေးကော်မရှင်၏ ဆောင်ရွက်ချက်များကို လေ့လာ လျက်ရှိသည့်အပြင် ဖြစ်ပေါ်တိုး တက်မှုများကို အလေးထားစောင့် ကြည့်လျက်ရှိကြောင်းဖော်ပြထား သည်။

‘‘လူ့အခွင့်အရေးကော်မရှင် ကိုလည်း အဲဒါနဲ့ပတ်သက်လို့ ချက်ချင်းတင်ပြဖို့ပြောထားတယ်။ စာထွက်ထားတယ်။ အဲဒီအထဲမှာ ဘာပါလဲဆိုတော့ဆောလျင်စွာတင်ပြဖို့ပြောထားတယ်။ ဆောလျင်စွာဆိုတာက တတ်နိုင်သမျှ အမြန်ဆုံးပြန်လည်တင်ပြဖို့၊ အတတ်နိုင်ဆုံးမြန်မြန်ဆန်ဆန် တင်ပြဖို့ဖြစ်တယ်’’ဟု ဦးဇော်ဌေးက ရှင်းပြသည်။

တစ်ပြိုင်နက်တည်းတွင် လူ့ အခွင့်အရေးကော်မရှင်အချို့ကို တာဝန်မှ နုတ်ထွက်ရန်၊ ကော်မ ရှင်ကို အမှန်တကယ်လူ့အခွင့်အ ရေးလှုပ်ရှားသူများနှင့် ပြန်လည် ဖွဲ့စည်းပေးရန် တောင်းဆိုလွှာကို ပြည်သူ့လှုပ်ရှားမှုအဖွဲ့နှင့် အရပ် ဘက်အဖွဲ့အစည်း ၁၄၂ဖွဲ့က  ပြည်သူလက်မှတ် ၃,၀၀၀ကျော် နှင့်အတူ လူ့အခွင့်အရေးကော်မ ရှင်ရုံး၊ ပြည်သူ့လွှတ်တော်၊ နိုင်ငံ တော်သမ္မတရုံးသို့ လိပ်မူကာ ယမန်နေ့(စက်တင်ဘာ ၂၈ရက်) က ပေးပို့ခဲ့သည်။

 ယင်းတောင်းဆိုလွှာတွင် ပြည်သူလက်မှတ်ကောက်ခံသည့် ပြည်သူ့လှုပ်ရှားသူများအဖွဲ့က ကော်မရှင်အဖွဲ့ဝင်များအား အား နည်းချက်များကို ၀န်ချတောင်းပန် ၍ နုတ်ထွက်ပေးရန်တောင်းဆို ထားသည်။

အရပ်ဘက် အဖွဲ့အစည်း များက နိုင်ငံတကာစံညွှန်းများနှင့် အညီ ကော်မရှင်အဖွဲ့ဝင်အသစ် များရွေးချယ်ခန့်အပ်ရန်၊ ကော်မ တီဖြစ်တည်မှုဆိုင်ရာ ဥပဒေကို ပြင်ဆင်၍ ပြန်လည်ဖွဲ့စည်းရန်၊ အမျိုးသမီးနှင့်ကလေးသူငယ်များ အား ကာကွယ်စောင့်ရှောက်မှုပေး မည့်နိုင်ငံတော်အဆင့်လူ့အခွင့်အ ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းရေး ဆွဲ အကောင်အထည်ဖော်ရန်၊ မြန်မာနိုင်ငံက အကောင်အထည် ဖော်ပါမည်ဟု လက်မှတ်ရေးထိုး ထားသော CEDAW နှင့် CRC စာ ချုပ်ပါအချက်များနှင့်အညီ အမျိုး သမီးနှင့်ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေးဥပဒေ တစ်ရပ်ကို အမြန်ဆုံးပြဋ္ဌာန်းရန် နှင့် အသက်ဝင်စေရန်နှင့် တာဝန် ရှိသူများ၊ အာဏာပိုင်များက ထိ ရောက်စွာအကောင်အထည်ဖော် ရန်စသည်တို့ပါဝင်သည်။

နိုင်ငံတော်  အဆင့်လုပ် ဆောင်ချက်များ အကောင်အ ထည်ဖော်ဆောင်ရွက်ရာတွင် ၎င်း တို့အနေဖြင့် ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်အသင့်ရှိကြောင်း လည်း အဆိုပြုထားသည်။

လက်ရှိတွင် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးပြုံးချို၏ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အ ရေးကော်မရှင်အဖွဲ့ဝင်အချို့ကို ထိရောက်စွာအရေးယူပေးရန်အ ရေးကြီးအဆိုကို ယခုလ ၂၆ရက် က ပြည်သူ့လွှတ်တော်၌ အတည် ပြုထားသည်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေအရ ကော်မရှင်ကတာဝန်များကို သဘောရိုးဖြင့် ပျက်ကွက်ခြင်းဖြစ်ပါက ကော်မရှင် အဖွဲ့ဝင်များကို တရားစွဲဆိုခြင်းမပြုနိုင်ပေ။ သို့သော် ကော်မရှင်က ချမှတ်ထားသော စည်းကမ်းကို လိုက်နာရန် ပျက်ကွက်ပါက နိုင်ငံတော်သမ္မတသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် ညှိနှိုင်းပြီး တာဝန်မှရပ်စဲနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ကျောက်တံတား မြို့နယ် လမ်း (၄၀)ရှိ အင်းဝအပ်ချုပ်ဆိုင် တွင် ဆယ်ကျော်သက်အရွယ်အိမ် အကူမိန်းကလေးငယ်နှစ်ဦးအား ကိုယ်လက်အင်္ဂါချို့ယွင်းသည်အ ထိ နှိပ်စက်မှုကို လူ့အခွင့်အရေး ကော်မရှင်က နစ်နာကြေးပေး သည့်နည်းဖြင့် ဖြေရှင်းပေးခြင်း ကြောင့် ယင်းကဲ့သို့ရင်ဆိုင်နေရ ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံ လင်းကလည်း စက်တင်ဘာ ၂၆ ရက်တွင် နှိပ်စက်ခံရသည့် မိန်းကလေးငယ်များအား သွားရောက်တွေ့ဆုံအားပေးခဲ့သည်။

‘‘တစ်လလောက်ဆေးရုံမှာ နေရတယ်လို့ပြောတယ်။ လက် ကလေးတွေကို ခွဲရမယ်။ စိတ်ပိုင်း ဆိုင်ရာ သက်သာလာပေမယ့် လက်ကလေးတွေ ကျိုးတာတွေ က ကျီးပေါင်းတက်နေတယ်။ လူ ကယ်ပြန် ၀န်ကြီးကိုယ်တိုင်က အကုန် တာဝန်ယူ ဆောင်ရွက်ပေးထားတယ်။ ကျွန်တော်က အားပေးခဲ့တာပါ’’ ဟု ဦးနိုင်ငံလင်းက မိန်း ကလေးနှစ်ဦး၏ အခြေအနေကို ပြောသည်။

သိန်း ၅၀ တန် ညှင်းပန်းနှိပ်စက်မှုမှ မသီရိလတ် လာရောက် အဖမ်းခံ

 

ရန်ကုန်၊ စက်တင်ဘာ ၂၈

ကျောက်တံတားမြို့နယ်တွင် အိမ်အကူမိန်းကလေးငယ်များအား ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာ များမပေးခဲ့သည့်ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်ပြီး တိမ်းရှောင်နေသူတစ်ဦး လာရောက်အဖမ်းခံ စက်တင်ဘာလ (၂၈)ရက်နေ့ က လာရောက် အဖမ်းခံခဲ့ကြောင်း သိရပါသည်။

ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတားမြို့နယ်တွင် အိမ်အကူ မိန်းကလေးငယ်များအား ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာများ မပေးခဲ့သဖြင့် ကျောက်တံတားမြို့မ ရဲစခန်း(ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၉/၂၄/ ၃၂၊ (ပ)၂၀၁/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၂၆/၃၂၅/၃၄၄/၁၁၄ နှင့် ရဲအရေးမပိုင်မှု အမှတ်စဉ်(၄၀/၂၀၁၆)၊ ကလေးသူငယ်ဥပဒေ ပုဒ်မ-၆၆(ဃ) တို့ဖြင့် အရေးယူဆောင်ရွက်လျက်ရှိသော အမှုများမှ တိမ်းရှောင်နေသူ မသီရိလတ်၊ (၃၄)နှစ်မှာ ၂၈.၉.၂၀၁၆ ရက်နေ့ ၂၁၀၀ အချိန်တွင် ကျောက်တံတားမြို့မရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့သဖြင့် အရေးယူဆောင်ရွက်ရန် ဆက်လက် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

Saturday, September 24, 2016

မြောက်ဒဂုံမှာ သံကြိုး၊ သံယောက်မ၊ ပလာယာ၊ ရေနွေးပူ သုံးပြီး ကျွန်ပြု ညှဉ်းပန်းနှိပ်စက်မှု ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်

 


မိန်းကလေးငယ်တစ်ဦးအား မွေးစားမည်ဟုပြောဆိုကာ အိမ်အကူအဖြစ် ခိုင်းစေပြီး လုပ်ခလစာမပေးဘဲ ညှင်းပမ်းနှိပ်စက်သူ မိသားစုများအား လူကုန်းကူးမှု တားဆီးကာကွယ်ရေး ဥပဒေဖြင့် ထပ်မံအရေးယူ

ရန်ကုန်၊ စက်တင်ဘာ ၂၄

၂၂.၉.၂၀၁၆ ရက်နေ့ လူမှုကွန်ရက်စာမျက်နှာများတွင် ၂၀၁၅ ခုနှစ်အတွင်းက ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဦးဝိစာရလမ်းရှိ နေအိမ်တစ်အိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသည့် အသက် ၁၅ နှစ်အရွယ် အိမ်အကူ မိန်းကလေးတစ်ဦးကို ဆိုးရွားစွာရိုက်နှက်ခဲ့ပြီး လုပ်ခလစာများလည်း ပေးချေခြင်း မရှိကြောင်းနှင့် ထိရောက်စွာ အရေးယူပေးစေလိုကြောင်း စသည်ဖြင့် ရေးသားပျံ့နှံ့လျက်ရှိသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ်၊ ဧပြီလတွင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၁)တိုးချဲ့ရပ်ကွက်နေ ဒေါ်အေးအေးဝင်းသည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ လေးထောင့်ကန်ကျေးရွာနေ မသန်းသန်းအိ၊ (၁၆)နှစ်အား မွေးစားမည်၊ သီလရှင်ဝတ်ပေးမည်ဟု ၎င်း၏ဖခင်ဖြစ်သူထံ ယုံကြည်အောင်ပြောဆို၍ ခေါ်ဆောင်သွားခဲ့ကြောင်း၊ မသန်းသန်းအိမှာ အဆိုပါနေအိမ်သို့ ရောက်ရှိချိန်မှစ၍ အိမ်သားများ၏ ဝေယျာဝစ္စများ၊ အိမ်အလုပ်များကို အိမ်အကူကဲ့သို့ လုပ်ကိုင်ပေးခဲ့ရကြောင်း၊ အလုပ်စေခိုင်းရာတွင် အဆင်မပြေသည့်အခါတိုင်း ဒေါ်အေးအေးဝင်းမှ သံကြိုး၊ သံယောက်မတို့ဖြင့် ရိုက်နှက်ခြင်း၊ ယာလက်သန်းအား ပလာယာဖြင့်ဆွဲထုတ်ခြင်း၊ ရေနွေးပူဖြင့် လောင်းခြင်းများ ပြုလုပ်ခဲ့ပြီး ၎င်းမှ မသန်းသန်းအိအား ညဉ်းပမ်းနှိပ်စက်သည့်အချိန်တိုင်း သားမက်ဖြစ်သူ ငစား(ခ)မျိုးဇော်ထက်နှင့် သမီးဖြစ်သူ ဟယ်လင်(ခ)ခင်သန္တာဦးတို့က ချုပ်နှောင်ပေးခြင်း၊ သားဖြစ်သူ အေးကျော်ဝင်းမှ လက်သီးဖြင့် မျက်နှာအားထိုးခြင်းများ ပြုလုပ်ခဲ့သဖြင့် မသန်းသန်းအိမှာ ၎င်းနေအိမ်မှ ထွက်ပြေးလာစဉ် (၄၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ ထိန်းသိမ်းပြီး ရဲစခန်းသို့ပို့အပ်ပေးခဲ့ရာ မသန်းသန်းအိ၏ အဒေါ်ဖြစ်သူ ဒေါ်ခင်မြင့်မှ ဒေါ်အေးအေးဝင်းပါ(၄)ဦးတို့အား အရေးယူပေးရန် တိုင်တန်းချက်အရ ၁၇.၇.၂၀၁၅ ရက်နေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း(ပ)၃၆၅/၂၀၁၅၊ ပုဒ်မ-၃၂၅/၃၅၄/၂၉၄/ ၅၀၆ ဖြင့် အမှုဖွင့်လှစ်၍စစ်ဆေးဆောင်ရွက်ခဲ့ပြီ မြို့နယ်ဥပဒေရုံးသို့ ဥပဒေအကြံပြုချက်တောင်းခံခဲ့ရာ ၃.၉.၂၀၁၅ ရက်နေ့တွင် ဒေါ်အေးအေးဝင်းအား ပုဒ်မ-၃၀၇ ဖြင့်လည်းကောင်း၊ ကျန်(၃)ဦးအား ပုဒ်မ-၃၂၅ ဖြင့်လည်းကောင်း တရားစွဲဆိုရန်အကြံပြုခဲ့သဖြင့် ဥပဒေအကြံပြုချက်အတိုင်း ဆက်လက်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုမှ ပြစ်မှုကျူးလွန်ခံရသူ မသန်းသန်းအိသည် ဒေါ်အေးအေးဝင်း၏နေအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်ပေးခဲ့ရသော်လည်း လုပ်ခလစာအကျိုးခံစားခွင့် လုံးဝမရှိကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ခဲ့သဖြင့်မသန်းသန်းအိအား သမီးအဖြစ်မွေးစားပြီး သီလရှင်ဝတ်ပေးမည်ဟု မိဘအုပ်ထိန်းသူများထံ ယုံကြည်အောင် ပြောဆိုခေါ်ယူ၍ နေအိမ်သို့ရောက်ရှိချိန်တွင် အိမ်ဖော်အဖြစ် ရိုက်နှက်ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာမပေးဘဲ အတင်းအဓမ္မခိုင်းစေခဲ့သူ ဒေါ်အေးအေးဝင်းပါ(၄)ဦးတို့အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း (ပ)၁၅၂၁/၂၀၁၆၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် ထပ်မံအမှုဖွင့်ကာ စစ်ဆေး အရေးယူဆောင်ရွက်လျက်ရှိကြောင်း အသိပေးဖော်ပြအပ်ပါသည်။

Yangon Police