မိတ်ပျက်ဆေး
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
ကြီးပွားချမ်းသာလိုသူမှန်သမျှ
ပြည့်စုံရမည့် သမ္ပဒါလေးပါးတွင်
ကလျာဏသမ္ပဒါ
*မိတ်ဆွေကောင်းရှိရမည်* ဟူသော အချက်တစ်ချက်ပါရှိခဲ့သည်။
မိတ်ဆွေကောင်းရှိရုံနှင့် မလုံလောက်သေး။ထိုမိတ်ဆွေကောင်းနှင့်
စွဲစွဲမြဲမြဲပေါင်းသင်းနေဖို့လည်း လိုအပ်
ပါသေးသည်။
မိတ်ဆွေကောင်းနှင့် စွဲမြဲစေရန်
မိတ်ပျက်ဆေးလေးခုကို ရှောင်နိုင်ရမည်။
ထိုလေးခုကား
၁။ အမြဲတစေ တွေ့ဆုံနေခြင်း
၂။ လုံးလုံးမတွေ့ဆုံဘဲ ပြတ်စဲနေခြင်း
၃။ သူအလွန်နှစ်သက်သော ဥစ္စာပစ္စည်း
ကို မရမက တောင်းဆိုခြင်း
၎။အကြောက်အကန်ငြင်းခုန်ခြင်း
တို့ဖြစ်ကြသည်။
အမြဲတမ်း တွေ့ဆုံနေလျှင် ရိုးသွားပြီး
တန်ဖိုးမထားဖြစ်သွားတတ်သောကြောင့်
မိတ်ဆွေပျက်မှုအကြောင်းထဲတွင်
ထည့်ထားရခြင်းဖြစ်သည်။
မိတ်ဆွေဆယ်ယောက်ပျက်သည်ဆိုလျှင်
ကိုးယောက်လောက်မှာ ငြင်းခုန်မှုကြောင့်
ပျက်ရသည်။
ထို့ကြောင့်မိတ်ဆွေမပျက်လိုသူများသည်
ငြင်းခုန်မှုကို အဓိကထား၍ ရှောင်ကြ
ရမည် ဖြစ်ပေသည်။
မေတ္တာရှင်(ရွှေပြည်သာ)
##Credit Fb
Photo credit
No comments:
Post a Comment