Saturday, November 18, 2017

OIC မှ ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တင်သွင်းသည့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးမူကြမ်းကို မြန်မာနိုင်ငံမှ မည်သို့မျှ လက်မခံဟု တုံ့ပြန်ပြောဆို


------ အောင်သူရိန် ------

(OIC) ရခိုင်ပြည်နယ်အရေးနှင့် စပ်လျဉ်းသည့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ မူကြမ်းကို ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် တင်သွင်းခဲ့မှုနှင့် ပတ်သက်ပြီး နိုင်ငံရေးအရ ဖိအားပေးခြင်းကို မြန်မာနိုင်ငံမှ မည်သို့မျှ လက်မခံကြောင်း တုံ့ပြန်ပြောဆိုခဲ့ကြောင်း သတင်းအချက်အလက် ထုတ်ပြန်ရေး ကော်မတီမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်က နယူးယောက်မြို့တွင် ကျင်းပပြုလုပ်နေသည့် ၇၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယ ကော်မတီတွင် Organization of Islamic Cooperation (OIC) မှ တင်သွင်းခဲ့မှုသည့် မူကြမ်းအပေါ် ယခုကဲ့သို့ မြန်မာနိုင်ငံမှ ကန့်ကွက်ခဲ့ကြောင်း သိရသည်။

No comments: