နိုင်ငံတော်သမ္မတရုံးကို ဆက်သွယ်ပြီး အွန်လိုင်းကနေ စာပေးပို့တဲ့နေရာမှာ လိုအပ်တဲ့အချက်အလက်တွေကို လိုက်နာပေးရမယ်လို့ သိရပါတယ်။ အဆင့် ၁ မှာတော့ www.president-office.gov.mmကို ဖုန်းဖြင့်ဖြစ်စေ၊ ကွန်ပျူတာဖြင့်ဖြစ်စေ ဝင်ရောက်ပေးရမှာဖြစ်ပါတယ်။ အဆင့် ၂ မှာတော့ နိုင်ငံတော်သမ္မတထံပေးစာ ဆိုတာကို နှိပ်ရမှာပါ။ အဆင့် ၃ မှာတော့ ပေးစာကဏ္ဍမှာ ဖြည့် သွင်းရမယ့် အချက်အလက်တွေကို ဖြည့်သွင်းရမှာပါ။ ဒီအဆင့်မှာ ဖုန်းနံပါတ်ကို ဖြည့်သွင်းပေးရပါလိမ့်မယ်။ MPT နဲ့ Ooredoo ဆိုရင် 09 ကနေ စတင်ဖြည့်သွင်းရမှာပါ။ Telenor ဆိုရင်တော့ 9 ကနေ စတင်ဖြည့်သွင်းရမှာပါ။ မိုဘိုင်းဖုန်းနံပါတ် ပြည့်စုံစွာဖြည့်သွင်းမှ Code နံပါတ်တစ်ခုကို လက်ခံရရှိမှာပါ။ အဆင့် ၄ မှာတော့ Verification Code တစ်ခု SMS လက်ခံရရှိမှာဖြစ်ပါတယ်။ အဆင့် ၅ မှာတော့ Code နံပါတ်ကို ပြည်လည်ဖြည့်သွင်းပေးပို့ရမှာပါ။ အဆင့် ၆ မှာတော့ လုပ်ဆောင်ချက်တွေ မှန်ကန်ခဲ့ရင် နိုင်ငံတော်သမ္မတရုံးက ဆက်လက်ဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာဖြစ် တယ်လို့ သိရပါတယ်။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, September 29, 2016
နိုင်ငံတော်သမ္မတရုံးကို အွန်လိုင်းကတစ်ဆင့် တရားဝင် အကြံပြု တိုင်ကြားနိုင်ပြီ
clock September 28th, 2016
price-tag နိုင်ငံရေး
ပြည်သူတွေအနေနဲ့ မကျေနပ်တာ၊ တိုင်ကြားချင်တာ၊ အကြံပြုချင်တာ ရှိရင် နိုင်ငံတော်သမ္မတရုံးကို အချိန်မကြန့်ကြာဘဲ အွန်လိုင်းကနေတစ်ဆင့် စာပို့နိုင်ပြီလို့ နိုင်ငံတော်သမ္မတရုံးက စက်တင်ဘာလ ၂၈ ရက် ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အဲဒီလို အွန်လိုင်းကနေ တိုင်ကြားစာ၊ အကြံပြုစာ ပေးပို့ရမှာ မိမိဖုန်းနံပါတ်အမှန်ကို ထည့်သွင်းဖော်ပြပေးရမှာ ဖြစ်ပါတယ်။ တိုင်ကြားသူတွေအနေနဲ့ သမ္မတရုံးဝက်ဘ်ဆိုက် www.president-office.gov.mm ကို ဝင်ရောက်ပြီး “နိုင်ငံတော်သမ္မတထံ ပေးစာ”ဆိုတဲ့ ခေါင်းစဉ်နဲ့ စာအိတ်ပုံကို နှိပ်ပြီး မှတ်ပုံတင်နဲ့ အမှန်တကယ်ကိုင်ဆောင်တဲ့ ဖုန်းနံပါတ် အပါအဝင် လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်ပေးပြီး အကြံပြုချက်ကိုပါ တစ်ပါတည်းရေးသားရမှာ ဖြစ်ပါတယ်။
သမ္မတရုံးက မိမိတို့ဖြည့်ထားတဲ့ မိုဘိုင်းဖုန်းနံပါတ်အတိုင်း Verification Code (အတည်ပြုကုတ်) ဂဏန်းကို SMS ကနေတစ်ဆင့် မက်ဆေ့ခ်ျ ပြန်လည်ပေးပို့မှာဖြစ်ပြီး အဲဒီကုတ်နံပါတ်ဂဏန်းကို ပေးထားတဲ့ အကွက်မှာ ၁၀ မိနစ်အတွင်း ရိုက်ထည့်ပေးမှသာ သမ္မတရုံးကို အကြံပြု တိုင်ကြားချက် ရောက်ရှိမှာ ဖြစ်တယ်။
Share this:

Saturday, September 24, 2016
တီထွင်ကြံဆမှုနဲ့ ဇွဲ လုံ့လ ဝီရိယရှိရင် မျိုးဆက်တစ်ခု တိုးတက်တယ်လို့ နိုင်ငံတော်သမ္မတ ပြောကြား
မျိုးဆက်တစ်ခု တိုးတက်ဖို့အတွက် တီထွင်ကြံဆမှုနဲ့ ဇွဲ လုံ့လ ဝီရိယ စိုက်ထုတ်ဖို့ လိုတယ်လို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ပြောကြားလိုက်ပါတယ်။
စက်တင်ဘာလ ၂၃ ရက်နေ့က ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ရှိ မိုးကောင်းကျေးရွာမှာ SRI စနစ်နဲ့ စိုက်ပျိုးထားတဲ့ မိုးစပါးစိက်ခင်းတွေကို သွားရောက်လေ့လာ ကြည့်ရှု့စဉ် နိုင်ငံတော်သမ္မတက ဒေသခံတောင်သူတွေကို အဲ့ဒီလိုပြောကြားလိုက်တာပါ။
ဒါ့အပြင် နိုင်ငံတော် သမ္မတက ဖွံ့ဖြိုးတိုးတက်လာသော နည်းပညာတွေကို ထိုးထွင်းဥာဏ်နဲ့ တီထွင်ကြံဆမှုကို အခြေခံဆောင်ရွက်ပါက အောင်မြင်မှုရရှိနိုင်မှာ ဖြစ်သလို စက်မှုလယ်ယာစနစ်ကို ကူးပြောင်းရာမှာလည်း ရေရှည်တွက်ချက်ကာ ဝန်ဆောင်မှုပေးပြီး ထိန်းသိမ်းမှုအပိုင်းတွေကိုလည်း တာဝန်ယူကြဖို့ လိုအပ်တယ်လို့လည်း တိုက်တွန်း ပြောကြားခဲ့တာဖြစ်ပါတယ်။
Share this:
Mcn
Friday, September 23, 2016
facebook မှာ နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာညှိုးနွမ်းအောင် ရေသား ဖော်ပြသူ ထောင်ဒဏ်ချမှတ်ခံရ
ကရင်ပြည်နယ် မြ၀တီမြို့ နယ် တရားရုံးမှ facebook လူမှုကွန်ယက် စာမျက်နှာတွင် နိုင်ငံတော် သမ္မတဦးထင်ကျော်အား ဂုဏ်သိက္ခာညှိုးနွမ်းစေအောင် ရေးသား ဖော်ပြခဲ့သူ ဦးအောင်ဝင်းလှိုင်(ခ) အညာသားအား အလုပ်နှင့် ထောင်ဒဏ် (၉) လ ကျခံစေရန် ယနေ့ စက်တင်ဘာလ(၂၃)ရက်နေ့ မှာ အမိန့်ချလိုက်ကြောင်း သိရှိရပါသည်။
FB လူမှုကွန်ယက်စာမျက်နှာတွင် ဦးအောင်ဝင်းလှိုင်(ခ)အညာသား ၏ ရေးသားချက်အပေါ် နိုင်ငံတော် သမ္မတကြီးအား ဂုဏ်သိက္ခာညှိုးနွမ်းစေသည်ဟုဆိုကာ မြဝတီမြို့နယ် NLD ပါတီမှ မြို့နယ်အလုပ်မှုဆောင်ကော်မတီဝင် ဒေါ်မိုးသူ မှ တရားလိုပြုလုပ်၍ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
ဦးအောင်ဝင်းလှိုင်(ခ) အညာသားအား မနက်ဖြန် 24 - 9 -2016 စက်တင်ဘာလ (၂၄) ရက်နေ့တွင် တောင်ကလေး အကျဉ်းထောင်သို့ ပို့ဆောင်မည်ဟု သိရှိပါသည်။
နေနော် (မြဝတီ)