Thursday, September 29, 2016

နိုင်ငံတော်သမ္မတရုံးကို အွန်လိုင်းကတစ်ဆင့် တရားဝင် အကြံပြု တိုင်ကြားနိုင်ပြီ

clock September 28th, 2016

 price-tag နိုင်ငံရေး

ပြည်သူတွေအနေနဲ့ မကျေနပ်တာ၊ တိုင်ကြားချင်တာ၊ အကြံပြုချင်တာ ရှိရင် နိုင်ငံတော်သမ္မတရုံးကို အချိန်မကြန့်ကြာဘဲ အွန်လိုင်းကနေတစ်ဆင့် စာပို့နိုင်ပြီလို့ နိုင်ငံတော်သမ္မတရုံးက စက်တင်ဘာလ ၂၈ ရက် ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီလို အွန်လိုင်းကနေ တိုင်ကြားစာ၊ အကြံပြုစာ ပေးပို့ရမှာ မိမိဖုန်းနံပါတ်အမှန်ကို ထည့်သွင်းဖော်ပြပေးရမှာ ဖြစ်ပါတယ်။ တိုင်ကြားသူတွေအနေနဲ့ သမ္မတရုံးဝက်ဘ်ဆိုက် www.president-office.gov.mm ကို ဝင်ရောက်ပြီး “နိုင်ငံတော်သမ္မတထံ ပေးစာ”ဆိုတဲ့ ခေါင်းစဉ်နဲ့ စာအိတ်ပုံကို နှိပ်ပြီး မှတ်ပုံတင်နဲ့ အမှန်တကယ်ကိုင်ဆောင်တဲ့ ဖုန်းနံပါတ် အပါအဝင် လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်ပေးပြီး အကြံပြုချက်ကိုပါ တစ်ပါတည်းရေးသားရမှာ ဖြစ်ပါတယ်။

သမ္မတရုံးက မိမိတို့ဖြည့်ထားတဲ့ မိုဘိုင်းဖုန်းနံပါတ်အတိုင်း Verification Code (အတည်ပြုကုတ်) ဂဏန်းကို SMS ကနေတစ်ဆင့် မက်ဆေ့ခ်ျ ပြန်လည်ပေးပို့မှာဖြစ်ပြီး အဲဒီကုတ်နံပါတ်ဂဏန်းကို ပေးထားတဲ့ အကွက်မှာ ၁၀ မိနစ်အတွင်း ရိုက်ထည့်ပေးမှသာ သမ္မတရုံးကို အကြံပြု တိုင်ကြားချက် ရောက်ရှိမှာ ဖြစ်တယ်။

Share this:

No comments: