Friday, September 30, 2016

အခေါက်ရွှေတစ်ကျပ်သား ကိုးသိန်းနီးပါးခန့်ထိ စံချိန်တင်မြင့်တက် ၊ တက်ဈေးနဲ့ပဲ ၀ယ်ယူသူများပြား

 


ငွေကြေးဈေးကွက်မှာ ဒေါ်လာငွေလဲနှုန်းမြင့်တက်နေတဲ့အတွက်အခုတစ်ပတ် အတွင်းရွှေဈေးဟာ အခေါက်ရွှေတစ်ကျပ်သားကို ကိုးသိန်းနီးပါးခန့် စံချိန်တင်မြင့်တက်ခဲ့တယ်လို့ ရွှေလုပ်ငန်းရှင်တွေကသုံးသပ်ပြောဆိုကြပါ တယ်။

 ဈေးတက်နေပေမယ့် ဈေးကွက်အတွင်းရွှေကို တက်ဈေး နဲ့ပဲဝယ်ယူသူများနေတယ်လို့ ရန်ကုန်အောင်သမာဓိရွှေဆိုင်ရဲ့ အရောင်း တာဝန်ခံကိုမျိုးမျိုးအောင်ကပြောပါတယ်။

 ဒါ့အပြင် ပြည်တွင်းဘဏ်တွေမှာ အတိုးနှုန်းနဲ့ပတ်သက်တဲ့ မူဝါဒအပြောင်းအလဲသတင်းတွေဖြစ်ပေါ်နေတဲ့ အတွက်လည်း ရွှေဝယ်ယူမှုပိုများလာတယ်လို့ သူကသုံးသပ်ပြောဆိုပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းဟာ ကမ္ဘာ့ရွှေဈေးနဲ့ အမေရိကန်ဒေါ်လာဈေး အတက်အကျတို့အပေါ်မူတည်ပြီး ဈေးနှုန်းအတက်အကျဖြစ်ပေါ်တာဖြစ်ပါတယ်။

လက်ရှိမှာကမ္ဘာရွှေဈေးနှုန်းငြိမ်နေပေမယ့်လည်း ပြည်တွင်းမှာဒေါ်လာငွေ လဲနှုန်းမြင့်တက်နေတဲ့အတွက် ပြည်တွင်းရွှေဈေးဟာ ဈေးနှုန်းအတက်ပိုင်းကို ဦးတည်နေတယ်လို့သိရပါတယ်။

5 Plus News

No comments: