Thursday, September 29, 2016

မိုးညှင်းမြို့နယ်အတွင်းမူးယစ်ဆေးဝါးများဖမ်းဆီးရမိ


မိုးကောင်း ၊ စက်တင်ဘာ - ၂၈

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှမှုခင်းကျဆင်းရေးနှင့်မူးယစ်ဆေးဝါးပပျောက်ရေးအားဆောင်ရွက်လျက်ရှိရာ
ယနေ့မွန်းလွဲ(၂)နာရီအချိန်တွင်
ကချင်ပြည်နယ်၊မိုးညှင်းမြို့မရဲစခန်းမှ
ှရဲအုပ်စောအောင်ဝင်းဝင်းနှင့်အဖွဲ့သည်
မူးယစ်ဆေးဝါးသတင်းအရသက်သေများနှင့်အတူ
မိုးညှင်းမြို့၊သိမ်အင်းရပ်၊အမှတ်(၂၅)နေ
ရဲလင်းအောင်(ခ)ရဲကြီး(၂၇)နှစ်(ဘ)ဦးစိုးဝင်း
၁/မညန(နိုင်)၁၃၄၉၄၁၊၏နေအိမ်အားဝင်ရောက်ရှာဖွေရာ
(၁)အချင်း(၀.၅)လက်မ၊အမြင့်(၁.၅)လက်မအဖြူရောင်ကော်ဗူးအတွင်းဘိန်းဖြူဟုယူဆရသောဖြူ/ဝါရောင်အမှုန့်(၁)ဗူးလျင်
အလေးချိန်(၀.၃)ဂရမ်ခန့်ပါ(၆)ဗူး။
(၂)88/1စာတမ်းပါစိတ်ကြွဆေးပြား(၁၀၀)
ပါ(၁)ထုပ်။
အားသိမ်းဆည်းရမိခဲ့၍
မိုးညှင်းမြို့မရဲစခန်းတွင်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာပုဒ်မ
မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရအရေးယူဆောင်ရွက်နိုင်ရန်စီစဉ်ထားကြောင်းသတင်းရရှိပါသည်။

မိုးကောင်း သတင်းမီဒီယာ

No comments: