Thursday, September 29, 2016

မြန်မာလုပ်သားနှစ်ဦးအပေါ် ချမှတ်ထားသော ပြစ်ဒဏ်များ ခိုင်မာဟု ထိုင်းအစိုးရရှေ့နေများ အယူခံတင်

လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျခံနေရသော မြန်မာလူငယ်လုပ်သားနှစ်ဦး(RUNGROJ YONGRIT/EPA)

လိပ်ကျွန်းလူသတ်မှု တွင် သေဒဏ်အပြစ်ပေးခံထားရ သည့် မြန်မာလုပ်သားနှစ်ဦးအ ပေါ် ချမှတ်ထားသော ပြစ်ဒဏ် များသည် ခိုင်မာမှုရှိသည့် ပြစ်ဒဏ်များဖြစ်သည်ဟု တရားလို ထိုင်းအ  စိုးရရှေ့နေအဖွဲ့က အယူခံတရား ရုံးတွင် တင်ပြလိုက်ကြောင်း သ တင်းရရှိသည်။

လိပ်ကျွန်းလူသတ်မှုကြောင့် သေဒဏ်အပြစ်ပေးခံရသော မြန် မာလုပ်သားနှစ်ဦးအား အပြစ်လျှော့ပေါ့ပေးရန် မြန်မာလုပ်သား နှစ်ဦးအတွက် ဆောင်ရွက်ပေးနေ သည့် အဖွဲ့အစည်းများက မေလ ၂၃ ရက်တွင် အယူခံတင်သွင်းခဲ့ သည်။

အယူခံတင်သွင်းထားမှုကို ပြန်လည်ချေပသည့် အနေဖြင့် မြန်မာလုပ်သားနှစ်ဦးအပေါ် ချ မှတ်ထားသည့် ပြစ်ဒဏ်များသည်  ခိုင်မာမှုရှိသည့် ပြစ်ဒဏ်သက်သေ ပြချက်များကို တရားလို ထိုင်းအ စိုးရရှေ့နေအဖွဲ့က အယူခံတရား ရုံးတွင် စက်တင်ဘာ ၂၇ ရက်၌ တင်ပြခဲ့ခြင်းဖြစ်သည်။

‘‘ဆွဲချအဖွဲ့ပေါ့။ ထိုင်းအစိုးရ ရှေ့နေအဖွဲ့ကနေ တင်တာပေါ့။  သူတို့က ပြစ်ဒဏ်ခိုင်မာအောင် လုပ်တာပေါ့။ ကျွန်တော်တို့က လည်း ပြစ်ဒဏ်လွတ်အောင် လုပ် တာပေါ့။ ကျွန်တော်တို့ကလည်း အယူခံတင်ထားပါတယ်။ နှစ်ဖက်တင်တဲ့ဟာတွေကို အယူခံတရား ရုံးက စစ်ဆေးပေးမှာပေါ့’’ဟု ထိုင်းနိုင်ငံဆိုင်ရာ  မြန်မာသံအ မတ်ကြီး ဦးဝင်းမောင်က ပြော သည်။

လိပ်ကျွန်းလူသတ်မှုကြောင့် သေဒဏ်အပြစ်ပေးခံရသောမြန် မာလုပ်သားနှစ်ဦးအား အပြစ်လျှော့ပေါ့ပေးရန် တင်သွင်းသည့် အယူခံတွင် DNA နှင့်ပတ်သက် သည့် အကြောင်းအရာများ အများဆုံး ရေးသားထားပြီး စာမျက်နှာနှစ်ရာပါရှိကြောင်း မြန်မာသံရုံးအ ထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

‘‘ကျွန်တော်တို့ဘက်က ဒီက လေးတွေဟာ အပြစ်မရှိဘူး။ DNAစစ်ဆေးတာမှာလည်း လွဲမှားနေ တယ်။ တခြားအကြောင်းအရာ တွေမှာလည်း လွဲမှားနေတယ်ဆို တဲ့အကြောင်းတွေကို အယူခံတင် ထားတာပါ။ ကျွန်တော်တို့က အဲဒါတွေ တင်ထားလို့မို့ အယူခံ တရားရုံးက ဒီလိုတင်ထားတယ် ဟုတ်လား ဖြေရှင်းချက်ပေးဆိုတဲ့ ဟာ တရားလို ရှေ့နေထံ တောင်း ထားတာ။ အဲဒါတင်တာပါ’’ဟု မြန်မာသံရုံးအထူးအဖွဲ့မှ ဦးကျော်သောင်းက ပြောသည်။

အယူခံဝင်မည့် တရားရုံး သည် အောက်ခြေတရားရုံးဖြစ်ပြီး ယခု တရားရုံး၌ အဆင်မပြေပါက အထက်တရားရုံးများသို့ ထပ်မံ အယူခံတင်သွင်းမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအ မတ်ကြီး  ဦးဝင်းမောင်က  ပြော သည်။

မြန်မာလုပ်သားနှစ်ဦးကို ပြစ်မှုထင်ရှားသည်ဆိုကာ လူသတ်မှု နှင့် သတင်းထိမ်ချန်မှုအတွက် သေဒဏ်၊ ဟန်နာဝစ်သာရစ်ခ်ျအား အဓမ္မပြုကျင့်မှုအတွက် ထောင်ဒဏ် နှစ် ၂၀၊ ပစ္စည်းခိုးမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ ညအချိန်မတော်နေထိုင်မှုအတွက် ထောင်ဒဏ်တစ်နှစ်ခွဲ၊ ထိုင်းနိုင်ငံအတွင်း ခိုးဝင်မှုအတွက် ထောင်ဒဏ် ခြောက်လနှင့် တရားမဝင် နေထိုင်မှုအတွက် ထောင်ဒဏ်ခြောက်လ စသည့် ပြစ်ဒဏ်များကို ကော့စမွီတရားရုံးက ၂၀၁၅ ဒီဇင်ဘာ ၂၄ ရက်တွင် ချမှတ်ခဲ့ခြင်းဖြစ် သည်။

No comments: